Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ZRA-EC တပ်သား အသက်ရှင်လျက် ကျန်းမာစွာရှိနေ

CNA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ZRA-EC တပ်သား အသက်ရှင်လျက် ကျန်းမာစွာရှိနေ

0
By Editor on May 16, 2024 Khonumthung

(004SS)

ချင်းအမျိုးသားတပ်မတော် CNA က တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သော ZRA-EC တပ်သား ဦးဆွပ်လမ်းခိုင် သည် သေဆုံးခြင်းမရှိဘဲ အသက်ရှင်လျှက် ကျန်းမာစွာရှိနေကြောင်း သိရသည်။

ဦး ဆွပ်လမ်းခိုင်သည် ဧပြီလ ၃ ရက်နေ့က တီးတိန်မြို့နယ် ဒါရ်ခိုင်ကျေးရွာတိုက်ပွဲတွင် CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် CNA က သတ်ဖြတ်၍ သေဆုံးသွားပြီး မေလ ၁၄ ရက်နေ့က အလောင်းမပါပဲ သဂြိုလ်ခဲ့ကြသည်ဟု ဓာတ်ပုံနှင့်တကွ ZRA ကိုအားပေးထောက်ခံသော သတင်းဌာန နှင့် လူမှုကွန်ယက်စာမျက်နှာတချို့က ဖော်ပြခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်ရှင်းလင်းပြောဆိုခဲ့သည့် ရုပ်သံကို Chinland Information Center က ယနေ့ထုတ်ပြန်ခဲ့သည်။

“ကျနော့ကို မေလ ၁၄ ရက်နေ့မှာ သဂြိုလ်လိုက်တယ်ဆိုပြီး ဖော်ပြကြတယ်၊ ဒါပေမဲ့ ကျွန်တော်က မသေပါဘူး။ ဒီမှာ (CNA ) မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ် ဆိုတာ ကျွန်တော့မိဘတွေကို ပြောပြချင်ပါတယ်၊ ဒီကြားထဲ ကျွန်တော်က ဗိုက်နာ၊ ခေါင်းကိုက် ဖြစ်တယ်၊ ဆေးခန်းလည်း ၂ ကြိမ်သူတို့ လိုက်ပို့ပေးတယ် သူတို့ကျွန်တော့ကို ကောင်းကောင်းပြုစု ပေးကြတယ်။ အခုလို တိတိကျကျမသိဘဲနဲ့ မသေသေးတဲ့သူကို သေသွားပြီလို့ မီဒီယာပေါ်မှာ သတင်းလွှင့်ခြင်းခံရတဲ့အပေါ် ကျနော်အားငယ်ရတယ်၊ စိတ်မကောင်းဘူး၊ မိသားစုအတွက် နစ်နာမှုရှိပါတယ်၊ ဒါမျိုးမလုပ်သင့်ဘူးလို့ မှာချင်ပါတယ်” ဟု ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်က ပြောဆိုခဲ့သည်။

ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်နှင့် ZRA-EC တို့အကြားဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ် သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေးအသွင်မုန်းတီးမှုဖြစ်ပွားလာစေရန် ရေးသားဖော်ပြမှု များရှိနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.