Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNDF ဒုတိယစစ်ဦးစီးချုပ် နှင့် ရဲဘော်များ၏ ရုပ်အလောင်းများ ပြန်မရ၊ စစ်ကောင်စီက မီးရှို့ဖျက်ဆီး

CNDF ဒုတိယစစ်ဦးစီးချုပ် နှင့် ရဲဘော်များ၏ ရုပ်အလောင်းများ ပြန်မရ၊ စစ်ကောင်စီက မီးရှို့ဖျက်ဆီး

0
By Editor on February 26, 2024 Khonumthung

(006SV)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စခန်းသိမ်းစစ်ဆင်ရေးအတွင်း ကျဆုံးသွားသော CNDF ဒုတိယစစ်ဦးစီးချုပ်နှင့် ရဲဘော်များ၏ ရုပ်အလောင်းများ ပြန်မရဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

CNO/CNDF ဒုတိယစစ်ဦးစီချုပ် ဆလိုင်းဒေးဗစ်နယူး (ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန် (ခ) Amos တို့ ရုပ်အလောင်းများကို စစ်ကောင်စီအရာရှိအပါအဝင် ရုပ်အလောင်းများဖြင့် အလဲအလှယ်ပြုလုပ်ရန် ဆွေးနွေးခဲ့သော်လည်း အစီအစဉ် မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။

“အလောင်းက မရတော့ဘူး။ မီးရှို့ပစ်လိုက်ကြတယ်။ သိပ်ပြီးတော့လည်း မျှော်လင့်ချက်လည်း မထားတော့ဘူး။ အလောင်းကို လဲဖို့ ၊ ဗိုလ်ကြီးတစ်ယောက်ရဲ့ အလောင်းနဲ့ ကျနော်တို့ သုံးယောက်ရဲ့ အလောင်းနဲ့ လဲဖို့ ရှိခဲ့သေးတယ်။ သူတို့ဘက်က ပြန်ရုတ်သွားတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

CNO/CNDF ဒုတိယစစ်ဦးစီချုပ် နှင့် ရဲဘော်များအတွက် ဇန်နဝါရီလ ၂၄ ရက်က ဆုတောင်းပွဲကို ပြုလုပ်ခဲ့ပြီး ၎င်းအတွက် အထိန်းအမှတ် ကျောက်တိုင်ကိုလည်း ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်က ကလေးမြို့နယ်အတွင်းက တပ်ရင်းတစ်ခုမှ ရဲဘော်များနှင့် တွေ့ဆုံအပြီးတွင် ဖေဖော်ဝါရီလ ၂၃ ရက်က သတင်းပေါက်ကြားပြီး အောင်သာယာကျေးရွာအနီးမှာ စစ်ကောင်စီနှင့် ပျူစောထီးများက စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်တစ်စီးဖြင့် ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်တို့ ပြန်အလာတွင် စောင့်ကြိုတိုက်ခိုက်ခံရမှု ဖြစ်ပွားရာ ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော် တစ်ဦးမှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး ရဲဘော် အမျိုးသမီးမှာ ခြေထောက်ဒဏ်ရာဖြင့် အဖမ်းခံရပြီးနာက် သတ်ဖြတ်ခံလိုက်ရ ကြောင်း သိရသည်။

ဒုတိယစစ်ဦးစီချုပ် တာဝန်ယူထားသူ ဆလိုင်းဒေးဗစ်နယူး (ခ) Joshua သည် စစ်အာဏာသိမ်းပြီးနောက် ဖလမ်းမြို့ လူထုဆန္ဒ ပြပွဲများတွင် ပါဝင်လာခဲ့ပြီး ချင်းလက်နက်ကိုင်တော်လှန်ရေး စတင်ချိန်တွင် ချင်းအမျိုးသားတပ်ဦး CNA/ CNF တွင် စစ်သင်တန်း တက်ရောက်ခဲ့သည်၊၊

ထို့နောက် ဖလမ်းမြို့နယ်အခြေစိုက် CNO/ CNDF ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တည်ထောင်ရာတွင် ဦးဆောင်သူများထဲ ပါဝင်ခဲ့ပြီး လက်နက်တပ်ဆင်နိုင်ရေးကိစ္စများအပါအဝင် CNDF ၏ စစ်သင်တန်း အပတ်စဉ်များကို ဦးဆောင်၍ တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“ဒီသူ့ရဲ့ ခေါင်းဆောင်ပီသစွာ ရဲရဲဝင့်ဝင့် အသက်ပေးသွားတဲ့အတွက်ကြောင့် ကျနော်တို့ဟာ နောက်ဆုတ်တဲ့ စိတ်ဓါတ်ကျတဲ့ အပိုင်းထက် ပိုပြီးမှ VCS နဲ့ အပေါင်းအပါအတွက် ပိုပြီးမှ ပြင်ဆင်မှု ကောင်းစွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့ အကောင်းဆုံးနဲ့ ပြန်လာခဲ့ပါမယ်လို့ ပြောချင်ပါတယ်” ဟု CNO/ CNDF မှ အထွေအထွေအတွင်းရေးမှူး Salai William Chin က ပြောသည်။

ကလေးမြို့နယ်၊ စက္ကန့်ရွာကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်ကလည်း မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် CNO/CNDF မှ ရဲဘော် ဆလိုင်းမန်ပူလည်း ကျဆုံးခဲ့ရသည်။

ကလေးခရိုင်အတွင်းက စစ်ကောင်စီအခြေစိုက်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီမှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် – ၁စစ်ဒေသက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကလေးမြို့နယ်ထဲက စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာကျေးရွာတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီး ကလေးမြို့နှင့် ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံလျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.