Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»MDF နှင့် CDF – Lautu တို့ နယ်မြေအငြင်းပွားပြီး တိုက်ပွဲများဖြစ်နေ

MDF နှင့် CDF – Lautu တို့ နယ်မြေအငြင်းပွားပြီး တိုက်ပွဲများဖြစ်နေ

0
By Editor on February 7, 2025 Khonumthung

နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေရာ CDF– Lautu ရဲဘော် ၄ ဦးထက်မနည်း ထိခိုက်ကျဆုံး

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းသည် နယ်မြေအငြင်းပွားမှုဖြစ်ပွားရာမှ တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး CDF – Lautu တပ်ဖွဲ့မှ ရဲဘော် ၄ ဦးထက်မနည်း ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း သိရသည်။

မတူပီမြို့နယ်ထဲတွင် ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF- Lautu နှင့် ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ – MDF တို့ကြား ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲများ စတင်လာခြင်းဖြစ်သည်ဟု သိရသည်။

“တိုက်ပွဲတွေကြားထဲမှာ အပြင်းထန်ဆုံးလို့ ပြောလို့ ရတဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ဖြစ်သွားကြတဲ့ ဟာဆိုရင် CDF – Lautu က ၄ ဦးလောက်အထိ ကျဆုံးတယ်။ ဒဏ်ရာရတာတွေလည်း ရှိကြတယ်။ MDF ဘက်က ထိခိုက်ကျဆုံးမှုလည်း ရှိတယ်။ အတိအကျ မသိရပါဘူး။ တိုက်ပွဲကြားထဲမှာဆိုတော့ မြေပြင်ရဲ့ အခြေအနေတွေကို ကွင်းဆင်းနိုင်တာလည်း မရှိတဲ့အတွက် ကြောင့်ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

ချင်းအင်အားစု နှစ်ခုကြားက တိုက်ပွဲနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၆ ရက်တွင် အွန်လိုင်းက ပြုလုပ်သည့် ချင်းပြည်ကောင်စီ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်ကောင်စီ အတွင်းရေးမှူးက ဖြေကြားခြင်းဖြစ်သည်။

CDF – Lautu နှင့် MDF တို့ကြားက တိုက်ပွဲများသည် ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင် ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားသော ပဋိပက္ခအဖြစ် သတ်မှတ်၍ မရကြောင်း၊ ပဋိပက္ခပြေလည်နိုင်ရေး နှစ်ဖက်စလုံးတွင် တာဝန်ရှိသည်ဟု ဆလိုင်း ပေါလ်က ပြောသည်။

နယ်မြေအငြင်းပွားမှုကြောင့် MDF တပ်ဖွဲ့သည် CDF – Lautu ထိန်းချုပ်နယ်မြေထဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်းပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဇန်နဝါရီလထဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား တိုက်ပွဲများတွင် ဒရုန်းများ အသုံးပြုကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင် ကျေးရွာတချို့က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

မရာချင်းလူမျိုးများသည် မတူပီ၊ ထန်တလန်၊ ပလက်ဝမြို့နယ်တို့တွင် နေထိုင်ကြပြီး လောက်တူချင်းလူမျိုးသည် ထန်တလန်နှင့် မတူပီမြို့နယ်တွင် နေထိုင်ကြသောကြောင့် နယ်နိမိတ်ခြင်း ထိစပ်နေသော လူမျိုးစုများ ဖြစ်သည်ဟု သိရသည်။

တချို့ကျေးရွာများတွင် အတူယှဉ်တွဲနေထိုင်မှု ရှိနေကြသည့် ချင်းမျိုးနွယ်စုဝင်များ ဖြစ်ပြီး စစ်ကောင်စီကို တော်လှန်တိုက် ခိုက်ပြီးနောက် ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရန် ကြိုးပမ်းစဉ် နယ်မြေပဋိပက္ခများ ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

“လက်ရှိ နွေဦးတော်လှန်ရေး ရောက်လာတော့ ဒီနယ်မြေတွေက သူတို့မျိုးနွယ်စုတွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေ ဖော်ဆောင်ဖို့ ကြိုးစားတဲ့အခါမှာ နယ်မြေပဋိပက္ခတွေက ဖြစ်လာကြတယ်။ ဒီလိုအုပ်ချုပ်ရေး ယန္တရားတွေ အကောင်အထည်ဖော်ဖို့ ပြင်ကြ‌ တော့ သူတို့ ကြားထဲမှာ ၂၀၂၂ ကတည်းက စပြီးတော့ သူတို့ နယ်မြေပဋိပက္ခတွေ ဖြစ်လာကြတယ်။ နောက်ပိုင်းမှာ တင်းမာမှုတွေက ဖြေလျော့မှုတွေက မရှိကြဘူး။ တဖြည်းဖြည်းချင်းနဲ့ နယ်မြေကျူးလွန်းတဲ့ အပိုင်းတွေမှာ ရောက်လာ တဲ့အခါကြတော့ တိုက်ပွဲတွေ ဖြစ်လာတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်က ချင်းပြည်ကောင်စီဥက္ကဌ ပူးဇင်ကျုံးက မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)ထံသို့ ချင်းအမျိုး သားစည်းလုံးညီညွတ်ရေးအတွက် ပေါင်းစည်ညှိနှိုင်းရေးအဖွဲ့များ၏ ကြားဝင်ဖြေရှင်မှုများ ဆောင်ရွက်နေချိန်မှာ ချင်းလူမျိုးအချင်းချင်းကြား မလိုလားအပ်သော သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှုများကို အဖွဲ့အသီးသီးမှ သတိထားရှောင်ရှားရမည့် အချိန်ကာလဖြစ်သည်ဟု မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။

ညှိနှိုင်းပေါင်းစပ်မှု နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ကြပါရန် ချင်းလဲန်းကောင်စီ ဥက္ကဌက စာပေးပို့သည်။

မတူပီမြို့နယ်ထဲက ချင်းတော်လှန်ရေးအချင်းချင်းကြား ပဋိပက္ခနှင့် ပတ်သက်၍ CDF – Lautu နှင့် MDF ထံ ဆက်သွယ်မေးမြန်း သော်လည်း ယနေ့ ဖေဖော်ဝါရီလ ၇ ရက်အထိ ဖြေဆိုခြင်း မရှိကြသေးပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

လုံခြုံရေးအခြေအနေကြောင့် ရိဒ်ခေါဒါရ်- လိုင်တွီးလမ်းကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုမည်ဟု CDF-Hualngoram ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.