Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»Myanmar Idol ၏ ပထမဦးဆုံး အမျိုးသမီးဆုရှင် ချင်းတိုင်းရင်းသူ Esther Dawt Chin Sung နှင့် တွေ့ဆုံခြင်း

Myanmar Idol ၏ ပထမဦးဆုံး အမျိုးသမီးဆုရှင် ချင်းတိုင်းရင်းသူ Esther Dawt Chin Sung နှင့် တွေ့ဆုံခြင်း

0
By Editor on January 9, 2020 Headline

By လားနွန် – မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အဆိုပြိုင်ပွဲများအနက် လူထုအားပေးထောက်ခံမှု အများဆုံးရရှိထားသော Myanmar Idol Season – 4 ပြိုင်ပွဲကြီးတွင် Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည့် ချင်းလူမျိုးဂုဏ်ဆောင် Esther Dawt Chin Sung ကို အဖ ဦး Chan Cung Hnin နှင့် အမိ ဒေါ် Par Ki တို့မှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်မွေးဖွားခဲ့သည်။ မောင်နှမ (၄) ဦးရှိသည့်အနက် အကြီးဆုံးသမီးဖြစ်သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်ရောက်နေသည့် Esther သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က ချင်းပြည်နယ် ဟားခါးမြို့တွင်ကျင်းပခဲ့ကြသော ဒုတိယအကြိမ်မြောက် Chin Idol အဆိုပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့သူဖြစ်သည်။ သူ့ဘ၀ ကောက်ကြောင်းနှင့်ပတ်သက်၍ စာဖတ်ပရိတ်သတ်များသိရှိနိုင်ရန် ခိုနူမ်းသုန်သတင်းဌာနမှ Esther Dawt Chin Sung ကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။    ။ Myanmar Idol မှာ ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး အရင်ဆုံးပြောပြပါဦး။

ဖြေ။       ။ ဟုတ်ကဲ့ ဒီ Myanmar Idol ပေါ့နော် Season 3 ကတည်းကနေပြီးတော့ အရမ်းဝင်ပြိုင်ချင်ခဲ့တယ် ဒါပေမဲ့ Season 3 မှာကျတော့ သမီးဘုရားကျောင်းအစီအစဉ်နဲ့ပေါ့နော် ပြည်ပခရီးစဉ်ထွက်လိုက်တော့ ဘယ်လိုမှမပြိုင်နိုင်ခဲ့ဘူး အဲဒီတော့ ဒီ Season 4 ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်မယ်ဆိုပြီးတော့ စီစဉ်ထားတယ် ရန်ကုန်ကိုပြန်လာတော့ ကျောင်းကလည်း တစ်ဖက်တက်တယ်ပေါ့နော် ဒီတစ်လလောက်အလိုမှာ သမီးအဆောင်မှာနေရင်းနဲ့ပေါ့နော် ဒီ Myanmar Idol ကိုအရမ်းစိတ်ဝင်စားခဲ့တယ် Facebook မှာလည်း ခဏခဏကြည့်ခဲ့တယ် အဲဒီကနေစပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိုယ့်အတွက် အတွေ့အကြုံပဲဆိုပြီးတော့ ၀င်ပြိုင်ခဲ့တယ် ပြီးတော့ အဲဒီတစ်လအတောအတွင်း ပြင်ဆင်စရာရှိတာ အားလုံးပြင်ဆင်ပြီးတော့ အဲလိုနဲ့ ၀င်ပြိုင်ဖြစ်သွားတာ။

မေး။    ။ ပြိုင်ပွဲတစ်လျှောက်မှာ ဘယ်လိုအခက်အခဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရလဲ။

ဖြေ။       ။ ဟုတ် သမီးပြိုင်ပွဲတစ်လျှောက်မှာတော့ အပတ်တိုင်းအပတ်တိုင်း သမီးအတွက် အရမ်းခက်ခဲတယ်ပေါ့နော် ပြီးတော့ ချင်းအသိုင်းအ၀န်းမှာပဲ အနေများတဲ့အတွက်ကြောင့်မို့ ချင်းသီချင်းပဲ ပိုသိတယ်ပေါ့နော် ဒီမြန်မာသီချင်းကျတော့ ကိုယ်နဲ့ သိပ်မသိတဲ့အခါကျတော့ ကိုယ်ဆိုလိုက်တဲ့သီချင်းက အသဲအကွဲအထိမ်းအမှတ်ဆိုတဲ့ သီချင်းနဲ့ သမီး Final မှာဆိုခဲ့တဲ့ Own Choice ကလွဲလို့ တခြားသီချင်းတွေကျတော့ သမီးမသိပဲနဲ့ ဘယ်လိုပြောမလဲ ကိုယ်မကြားဖူးတဲ့ သီချင်းတွေကို အမြဲတမ်းရွေးပြီးတော့ ဆိုသွားတဲ့အခါကျတော့ သီချင်း Stream လေးတွေ ပြီးလို့ရှိရင် Beat/Timing ထဲမ၀င်နိုင်တာလေးတွေ၊ ပြီးတော့ စကားမပြေပြစ်တာလေးတွေ အဲလိုမျိုးအခက်အခဲလည်း အများကြီးကြုံခဲ့ရတယ်။

မေး။    ။ Grand Final ညက ညီမရဲ့ရင်ခုန်သံလေး ပြောပြပေးပါဦး။

ဖြေ။       ။ Grand Final ညမတိုင်ခင်ကတည်းကနေပြီး Top 3 မှာတင် သမီးအရမ်းရင်ခုန်ခဲ့တယ် Top 3 မှကျတော့ ဘယ်လိုပြောမလဲ အားလုံးလည်းတွေ့ကျတဲ့အတိုင်းဖြစ်တယ်ပေါ့နော် Error တက်တာလည်းဖြစ်တော့ ကိုယ်ကဘယ်လိုမှ Top 3 ၀င်နိုင်မယ်လို့လည်း မထင်ခဲ့ဘူး ဒါပေမဲ့ သမီးကိုချစ်ပြီးတော့ အားပေးတဲ့သူတွေရဲ့ကျေးဇူးကြောင့် သမီး Top 3 ၀င်နိုင်ခဲ့တယ် အဲဒီမှာကျတော့ သမီး Winner မလိုချင်ဘူးလားမေးရင်တော့ လိုချင်တာပေါ့ Winner ကျတော့ သမီးအရမ်းလိုချင်တယ် ဒါပေမဲ့ မမှန်းရဲဘူး ဘာလို့လဲဆိုတော့ ကိုယ်ကလည်း ရှေ့မှာ အဲလိုအခက်အခဲလေးတွေ ရှိတဲ့အခါကျတော့ မှန်းတော့မမှန်းရဲဘူး ဒါပေမဲ့ သမီးကိုချစ်ပြီးတော့ အားပေးတဲ့သူတွေရဲ့ ကျေးဇူးရယ် ပြီးတော့ သမီးအမြဲ ဆုတောင်းတယ်ပေါ့နော် ဘုရားသခင်ဆီမှာလည်း ဆုတောင်းတယ် ပြီင်္းတော့ အဲဒီမှာ ခရစ္စမတ်နေ့မှာပေါ့နော် သမီး ဘုရားသခင် ဒီ Winner ဆုကို သမီးကို ကျေးဇူးပြုပြီးတော့ ခရစ္စမတ်လက်ဆောင်အနေနဲ့ပေးပါဆိုပြီးတော့ သမီးဆုတောင်းခဲ့တယ် အဲဒါကြောင့်မို့လို့ Winner ဆုရသွားတော့ အရမ်းပျော်တယ်။

မေး။    ။ Myanmar Idol သမိုင်းကိုပြန်ကြည့်ရင် အမျိုးသမီး Winner ဆိုတာမရှိသေးဘူး၊ အခု Season 4 မှာ ညီမက ပထမဦးဆုံး အမျိုးသမီး Winner ဖြစ်လာတဲ့အပေါ် ခံစားချက်လေးပြောပြပါဦး။

ဖြေ။       ။ ဟုတ်ကဲ့ တခြားပြိုင်ပွဲမှာရော Myanmar Idol ပြိုင်ပွဲမှာရော ယောက်ျားလေး Winner များတယ်ပေါ့နော် အခုက မိန်းကလေး Winner ရသွားတယ်ဆိုတော့ ရင်ထဲကနေအတိုင်းမသိဝမ်းသာတယ်ပြီးတော့ ယောက်ျားလေးပဲ Winner ဆက်တိုက်ရတဲ့အခါမှာ သမီးတစ်ယောက်ထဲ မဟုတ် ရှေ့မှာလည်းရှိခဲ့တယ်ပေါ့နော် တခြားပြိုင်ပွဲမှာလည်း မိန်းကလေး Winner တော့ ရှိတော့ရှိခဲ့တယ် ဒါပေမဲ့ ယောက်ျားလေး Winner ဆက်တိုက်ဖြစ်ပြီးတော့ မိန်းကလေး Winner မရှိတဲ့ခါကျတော့ ဒီနေ့ဒီချိန်မှာ မိန်းကလေး Winner ရသွားတော့ အတိုင်းမသိဝမ်းသာပါတယ်။

မေး။    ။ သီချင်းတွေကို ဘယ်အရွယ်ကနေစပြီး ဆိုဖြစ်လဲ။

ဖြေ။       ။ ဟုတ်ကဲ့ သမီးသီချင်းကို သုံးနှစ်သမီးအရွယ်ကတည်းကစဆိုဖြစ်တယ် ဒါပေမဲ့ သမီး စကားမပြောတတ်သေးတဲ့အရွယ် ကလေးဘ၀ကနေပေါ့နော် တအားငိုလို့ရှိရင် သီချင်းသံကြားရင် တိတ်တယ်တဲ့  သီချင်းသံကြားရင် တိတ်ပြီးတော့ အိပ်ပျော်သွားတယ်တဲ့  အမေကအမြဲအဲလိုပြောတယ် ငယ်ကတည်းက ဒါဘုရားပေးတဲ့ဆုလို့ပဲ ပြောရမှာပေါ့နော် ဘုရားကျောင်းမှာ သမီးအဒေါ်ရဲ့ကျေးဇူးကြောင့်ပေါ့နော် အဒေါ်ကဘုရားကျောင်းမှာ Church School ဆရာမလုပ်တယ် သူ့ရဲကျေးဇူးကြောင့် သမီး ဟားခါး HBC ဘုရားကျောင်းမှာ သမီးသုံးနှစ်အရွယ်ကတည်းကနေပြီးတော့ သီချင်းစဆိုဖြစ်တယ် အဲဒီကနေပြီးတော့ ဘုရားကျောင်းမှာရှိတဲ့ ပြိုင်ပွဲလေးတွေပေါ့နော် အဲလိုမျိုးသီချင်းစပြိုင်ဖြစ်တယ် (၅) တန်းအရွယ်မှာ ဆို ၊ က၊ ရေး၊ တီး ပြိုင်ဖြစ်တယ် ဆို၊ က၊ ရေး၊ တီး မှာ ရွှေတံဆိပ်          ဆုရခဲ့တယ် ပြီးတော့ ၂၀၁၇ မှာ အမေ့ကိုပြုစုဖို့ဆိုပြီးပြန်သွားတာ အဲဒီချိန်မှာ ချင်း Idol ပြိုင်ပွဲအစီစဉ်နဲ့တိုးမိပြီး အခွင့်ကောင်းရတယ်ဆိုပြီး သမီးဝင်ပြိုင်တယ် အဲဒီမှာလည်း ပထမဆုရခဲ့တယ်။

မေး။    ။ ညီမရဲ့ မိဘမျိုးရိုးတွေထဲမှာလည်း သီချင်းဆိုကောင်းတဲ့သူတွေရှိတယ်လို့ သိရတယ်။ ပြောပြပေးပါလား။

ဖြေ။       ။ ဟုတ်ကဲ့အနုပညာနဲ့ ပတ်သက်ပြီးတော့ သမီးအမေဖက်က အဖိုးပေါ့နော် သူအသက်ရှင်တုန်းက အရမ်းအသံကောင်းခဲ့တယ်ပေါ့နော် ရွာတွေမှာဆိုလို့ရှိရင် နာမည်ကြီးတစ်ယောက်ပေါ့နော် ပြီးတော့ သမီးမေမေကလည်း သူ့ရဲ့အပျိုဘ၀တည်းက သီချင်းဆိုတယ် ပြီးတော့ သမီးမေမေဖက်က ဒေါ်လေး ၂၀၁၃ မှာလား မလေးရှားမှာ ချင်း Idol Season1 လုပ်ခဲ့တယ်ပေါ့နော် အဒေါ်ကလည်း Winner ဆုရခဲ့တယ် ပြီးတော့ “ချင်းတောင်တန်းမှကြိုဆိုလျက်” ဆိုတဲ့ ရခိုင်ရိုးမတောင်တန်းနဲ့…… သီချင်းသီဆိုတဲ့သူကလည်း သမီးအဒေါ်ပဲပေါ့နော် ပြောရမယ်ဆိုရင် သမီးတို့အမျိုးထဲမှာဆိုလို့ရှိရင် သီချင်းဆိုတဲ့သူများတယ်။

မေး။    ။ ညီမရဲ့ ပညာရေးလမ်းကြောင်းအခြေအနေလေးကိုလည်း ပြောပြပါဦး။

ဖြေ။       ။ သမီးက ဆယ်တန်းတုန်းက ဘောဂ၊ ဓာတု၊ ရူပ (၃) ဘာသာဂုဏ်ထူးနဲ့ အောင်ပါတယ် အခုကကျတော့ သမီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်တယ် ကျောင်းတက်တော့ ဒီနှစ်က နောက်ဆုံးနှစ်ပြီးသွားပြီပေါ့နော် အရင်တစ်နှစ်က သမီးကျောင်းနားထားတယ် ဘာလို့လဲဆိုတော့ ချင်း Idol ပြိုင်ဖြစ်တဲ့အတွက်ကြောင့်မို့ပါ ပြည်ပခရီးစဉ်လည်းရှိတဲ့အခါမှာ ပြည်ပခရီးစဉ်ကကျတော့ ဘုရားကျောင်းဘက်က ခေါ်တဲ့ခရီးစဉ်ပေါ့နော် အဲလိုတွေရှိတဲ့အခါမှာ သမီးကျောင်း Semester (ပညာသင်နှစ်၏ နှစ်ဝက်စာသင်ကာလ) တစ်ခုနားလိုက်ရတယ် ဒါပေမဲ့ သမီးဒီကိုပြန်လာပြီး Second Semester ကိုပြန်တက်တယ် ဒီနှစ် ဇန်န၀ါရီ (၁၉) ရက်နေ့ကျရင် သမီး ဘွဲ့ယူမှာဖြစ်ပါတယ်။

မေး။    ။ ရှေ့ဆက်ပြီး ဘာတွေလုပ်သွားဖို့အစီအစဉ်ရှိလဲ၊ ပြီးတော့ ဘာတွေမှန်းထားတာတွေရှိလဲ။

ဖြေ။       ။ ပထမဦးဆုံးအနေနဲ့ကျတော့ သမီးလုပ်ဖို့စီစဉ်ထားတာကျတော့ ဒီပြိုင်ပွဲမှာရတဲ့ဆုကြေးငွေကို ဆယ်ဖို့တစ်ဖို့ပေါ့နော် နောက်တစ်ပုံကျတော့ မိဘမဲ့ကလေးတွေအတွက် အကောင်းဆုံးသမီးကူညီပေးချင်တယ် အဖေကိုးရီးယားမှာနေတုန်းက ပင်နီဇုံမှာ အဖေကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဘုရားကျောင်းလေးမှာလည်း အဖေ့လက်ရာလေးတွေရှိတော့လေ အဲဒီဟာလေး ဘုရားကျောင်းလေး ပြီးမြောက်အောင်ဆောက်ချင်ပါတယ်။

မေး။    ။ ညီမရဲ့ချစ်ပရိသတ်တွေအတွက် စကားလက်ဆောင်ပြောပေးပါဦး။ ဖြေ။       ။ သမီးကို ဒီနေ့ဒီချိန်ထိ ချစ်ပြီးတော့အားပေးတဲ့ ပရိသတ်အယောက်ဆီတိုင်း သမီးရင်ထဲကနေပြီးတော့ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ် ဒီလိုမျိုးသမီး Winner ရသွားတယ်ဆိုတာလည်း သမီးအရမ်းတော်လို့တတ်လို့ မဟုတ်ပါဘူး ဒါကပြည်သူတွေပေးတဲ့ဆုဖြစ်တဲ့အတွက်ကြောင့်မို့လို့ သမီးဒီပေးတဲ့ဆုနဲ့ ထိုက်တန်အောင်လည်း သမီးအကောင်းဆုံး ကြိုးစားသွားပါ့မယ် ဒီပြိုင်ပွဲကကျတော့ ကိုယ့်အနုပညာလမ်းကြောင်းထဲက ပထမခြေလမ်း ဖြစ်သွားတယ်ပေါ့နော် အဲဒီတော့ ကိုယ်ရှေ့ဆက်ရမယ့် ခရီးလမ်းတွေလည်းအများကြီးရှိသေးတယ် အဲဒီခရီးလမ်းအတွက် ဆက်လက်ပြီးတော့ သမီးကို အားပေးကြပါ ပြီးတော့ သမီး အပြောအဆိုမှားတာတွေ ပြီးတော့ စကားမပြောတတ်တာလေးတွေ အဲလိုမျိုးရှိလို့ရှိရင်လည်း သမီးကို ကျေးဇူးပြုပြီးတော့ ထောက်ပြပေးပါ သင်ပြပေးပါ သမီးအများကြီး သင်ယူဖို့လည်းရှိသေးတယ်ဆိုတော့ သင်ပြပေးပါ ပြီးတော့ ဆက်လက်ပြီးတော့ အားပေးပါလို့ သမီးပြောချင်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.