• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»NLD ပါတီ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးဖိတ်ခေါ်ချက် ပင်လုံစာချူပ်ကို အခြေခံပြီး လက်တွဲဆောင်ရွက်ရန်အဆင်သင့်ဟု CNLD ပါတီပြော

NLD ပါတီ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးဖိတ်ခေါ်ချက် ပင်လုံစာချူပ်ကို အခြေခံပြီး လက်တွဲဆောင်ရွက်ရန်အဆင်သင့်ဟု CNLD ပါတီပြော

0
By Editor on December 17, 2020 Headline

#Unicode

By လားနွန် – အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီအနေဖြင့် ပင်လုံစာချူပ်ကိုအခြေခံပြီး လက်တွဲပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ဖြစ်ဟု ပြောဆိုလိုက်သည်။

CNLD ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “သူတို့က ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုပြီး သူတို့စာပို့ထားတယ် အဲဒီမှာ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ မူဝဒါဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး အဲဒါနဲ့ ပတ်သက်လို့ရှိရင် ပင်လုုံစာချုပ်ကိုအခြေခံပြီးတော့ အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်မှာအခြေခံပြီးတော့ ကျနော်တို့ကတော့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်း စာပို့ထားပြီးပါပြီ” ဟု ပြောသည်။

NLD ပါတီအနေဖြင့် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့် လေးရက် မြောက်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့သည်။

အဆိုပါပေးပို့သည့်စာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချူပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချူပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိူးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချူပ်ကဖော်ဆောင်မည့် ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မကြာသေးခင်ရက်ပိုင်းကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများနှင့် ဦးဆောင်တွေ့ဆုံဆွေးနွေးကြမည့်သူများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုမှ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် အင်ထုံးခါးနော်ဆန်တို့ (၃) ဦးကို ရွေးချယ်ထားပြီးဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းကျဲအိုဘိခ်ထောင်က “ သူတို့က စာပို့ရုံသက်သက် အပြောသက်သက်မဟုတ်ပဲ အစိုးရသစ်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလိုဆိုတာကို လက်တွေ့ညှိနှိုင်းဆောင်ရွက်ဖို့ကို ပြင်ဆင်တဲ့အတွက်ကြောင့် အပြုသဘောဆောင်တယ် အဆင့်တစ်ဆင့်တက်သွားတယ်လို့ယူဆတယ်ပေါ့လေ၊ ကျနော်တို့ဘက်ကလည်း တွေ့ဆုံဖို့က အဆင်သင့်ဖြစ်ပါတယ်’’ ဟု ပြောသည်။

ချင်းနိုင်ငံရေးပါတီ ၃ ပါတီဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်တွင် စုစုပေါင်း မဲဆန္ဒနယ် (၅၇) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေ (၁) နေရာသာရရှိခဲ့သည်။

#Zawgyi

By လားနွန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်းရေး ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီအနေဖြင့် ပင်လုံစာချူပ်ကိုအခြေခံပြီး လက်တွဲပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ဖြစ်ဟု ပြောဆိုလိုက်သည်။ 

CNLD ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “သူတို့က ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုပြီး သူတို့စာပို့ထားတယ် အဲဒီမှာ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ မူဝဒါဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး အဲဒါနဲ့ ပတ်သက်လို့ရှိရင် ပင်လုံစာချုပ်ကိုအခြေခံပြီးတော့ အမျိုးသား တန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်မှာအခြေခံပြီးတော့ ကျနော်တို့ကတော့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်း စာပို့ထားပြီးပါပြီ” ဟု ပြောသည်။


အဆိုပါပေးပို့သည့်စာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချူပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချူပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချူပ်က ဖော်ဆောင်မည့် ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။ 




Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.