• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»“NLD အစုိးရ လက္ထက္မွာ ၿငိမ္းခ်မ္းေရးျဖစ္ဥ္က ပုိမုိေႏွာင့္ေႏွးသြားတယ္’’

“NLD အစုိးရ လက္ထက္မွာ ၿငိမ္းခ်မ္းေရးျဖစ္ဥ္က ပုိမုိေႏွာင့္ေႏွးသြားတယ္’’

0
By Editor on October 28, 2020 Headline

#Unicode

ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ယခုလက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ ၂၀၂၀ ရွေးကောက်ပွဲကနေ အသစ်တက်လာမည့်အစိုးရသစ်အပေါ် မျှော်လင့်ချက် နဲ့ ပလက်ဝအခြေအနေတို့နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ကြံံခိုင်ရေးနဲ့ NLD အစိုးရသက်တမ်း နှစ်ခုမှာ CNF အနေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တာဆိုတော့ လက်ရှိ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးအနေအထားအပေါ် အားရကျေနပ်မှုရှိလား။ ဒီအစိုးရနှစ်ခုအကြား ငြိမ်းချမ်းဆောင်ရွက်မှုပိုင်းမှာ ဘယ်လိုကွာခြားမှုတွေရှိနေလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ အစိုးရနဲ့ မိမိတို့အကြား လုပ်ငန်းချိတ်ဆက်မှုပိုင်းမှာတော့ ကြ့ံခိုင် ရေး အစိုးရနဲ့ ဆောင်ရွက်ရတာ ပိုပြီး အားရတယ်။ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က ကြံ့ခိုင်ရေးအစိုးရကနေ စတင်လာတာ ဆို တော့လုပ်ငန်း နဲ့ပါတ်သက်ပြီး ပိုမို နားလည်တာလည်းပါမှာပေါ့။ NLD အစိုးရ လက်ထက်ကျတော့ ပိုမို နှောင့်နှေး သွား တယ်၊ ချုံပြောရယင် ငြိမ်းချမ်းရေးဖြစ်စဉ် သယ်ဆောင်မှုက အားရကျေနပ်စရာ မကောင်းဘူးလို့ပြောရမှာပဲ။ တိုးတက် မှုဆိုလို့ ပထမအကြိမ်၊ ဒုတိယအကြိမ်ပင်လုံအထိ တိုးတက်တယ်လို့ ပြောချင်တယ်၊ တတိယ အကြိမ် ပင်လုံ ကနေ ယနေ့အထိ အရွေ့တော့ ရှိတယ်၊ မတိုးတက်ဘူး၊ ဒါကြောင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တက်လာတဲ့ အစိုး ရသစ်နဲ့ အတူ ဖော်ဆောင်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေ ကြိုတင်ချမှတ်တာဖြစ်ပါတယ်။

မေး။ ။ အသစ်တက်လာမည့် အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး ဘာတွေ ဆောင်ရွက်စေချင်သလဲ။

ဖြေ။ ။ ကျနော် အချက် (၃) ချက်နဲ့ ပြောလိုပါတယ်။ ပထမအချက်က စတုတ္ထအကြိမ် (၂၁)ရာစု ပင်လုံအစည်းအဝေးကနေ သဘောတူညီချက် စာချုပ် အစိတ်အပိုင်း (၃) အ ပိုင်း (၂) ထဲမှာ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်ရမည့် အချက်တွေ ရှိပါ တယ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်ထောင်စုတည်ေ ဆာက်ရေးဆိုင်ရာ အခြေခံများတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု ဖော် ဆောင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စုခိုင်မာရေး ဆိုပြီး အဆင့်လိုက် လုပ်ငန်းစဉ် တွေ ချမှတ် ထားပါတယ်၊ အဲဒီ အဆင့်လိုက်လုပ်ငန်းစဉ်ဖော်ဆောင်နိုင်ဖို့ရန် အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပ ရမှာပါ။

ဒုတိယ အချက်အနေနဲ့ NCA သဘောတူစာချုပ်အရ အစိုးရနဲ့ NCA- EAOs အကြားမှာ အားလုံးနဲ့သော် လည်း ကောင်း၊ တဖွဲ့ချင်းအလိုက် သော်လည်းကောင်း ကြားကာလ ဆောင်ရွက်ရမည့် လုပ်ငန်းတွေအတွက် ယခင် အစိုးရတွေ နဲ့ သ ဘောတူ ညှိနှိုင်းထားတာတွေ ရှိပါတယ်။ အဲဒါတွေကိုဆက်ပြီးအကောင်အထည်ဖော်ဖို့လိုပါတယ်။

တတိယအချက်အနေနဲ့ ရေရှည်တည်တ့ံခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဒီဖြစ်စဉ်ထဲမှာ ပါဝင်လာစေရေးပါ့၊ ဒီတော့ ၂၀၂၀ အလွန် အသစ်တက်လာတဲ့ အစိုးရအနေနဲ့အဲဒီလုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင် အကောင်အထည် ဖော် စေချင်တယ်။

မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ စစ်မက်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ခွင့်ပြုလိုက်ပါပြီ။ ပလက်ဝဆိုတာက တပ်မတော်နဲ့ အေအေတပ်ဖွဲ့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသဖြစ်တော့ ဒီလိုအခြေအနေမျိူးမှာ ရွေးကောက်ပွဲကျင်းပဖို့က သင့်တော်ပါ့မလား။ CNF အနေနဲ့ ဘာတွေဆောင်ရွက်ထားတာရှိလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကော်မရှင်ဖက်ကနေ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခွင့် မပြုတဲ့ မဲဆန္ဒ နယ်မြေ ဆိုပြီး ထုတ်ပြန်ထားပါတယ်၊ အဲဒီမှာ ချင်း ပြည် နယ် ပလက်ဝ မဲဆန္ဒနယ်က မပါဘူးပေါ့။ ဘယ်လိုဖြစ်လာမလဲတော့ ပြောရခက်ပါတယ်။ အကောင်းဆုံးက ပြည်သူလူထုကို ပေါ့ပါးလွတ်လပ်စွာနဲ့ ရွေးကောက်ပွဲ လုပ်ပေးသင့်တယ်၊ ပြည်သူတွေရဲ့ အခြေခံနိုင်ငံရေးအခွင့်အရေးဆိုလို့ ဒီရွေး ကောက်ပွဲပဲလေ၊ CNF အနေနဲ့ ဒေသ တည်ငြိမ်ရေး နှင့် လူထု မနစ်နာရေး အတွက် ချင်းပြည်နယ် ပလက်ဝ ဒေသမှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ နှစ်ဖက်ကို တောင်းဆိုထားပြီးသားပါ။ တောင်းဆိုထားသလိုဖြစ်မလာတာက ဖြစ်လာမည့် ဆိုး ကျိုးအတွက် သက်ဆိုင်သူမှာ တာဝန်ရှိတယ်။

မေ။ ။ နောက်တက်လာမည့် အစိုးရအနေနဲ့ ချင်းပြည်နယ်အတွက် အဓိက ဘာတွေလုပ်ပေးဖို့ တိုက်တွန်းချင်သလဲ။

ဖြေ။ ။ CNF နဲ့ ချင်းပြည်နယ်အစိုးရအကြား သဘောတူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့လိုပါတယ်။ အစိုးရ ဟောင်းရဲ့ မပြီးပြတ်သေးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းတွေ ပြန်လည်စီစစ်ပြီး အပြီးသတ် ဆောင်ရွက်ဖို့၊ အစိုးရ ဟောင်း နဲ့ ပြည်သူတွေအကြား မပြေလည်ခဲ့တဲ့ မြေယာ၊ အိမ်ယာ၊ နယ်နိမိတ် ပြသာနာတွေကို ကိုင် တွယ် ဖြေရှင်းဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေရာချထားရေးနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်အကောင်အထည်ဖော်စေချင်ပါတယ်။

#Zawgyi

ခ်င္းအမ်ဴိးသားတပ္ဦး(CNF) ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီကို ယခုလက္ရွိျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ ၂၀၂၀ ေရြးေကာက္ပြဲကေန အသစ္တက္လာမည့္အစိုးရသစ္အေပၚ ေမွ်ာ္လင့္ခ်က္ နဲ႔ ပလက္၀အေျခအေနတို႔နဲ႔ ပတ္သက္ၿပီး ေတြ႕ဆံုေမးျမန္းထားသည္။

ေမး။      ။  ႀကံံခိုင္ေရးနဲ႔ NLD အစိုးရသက္တမ္း ႏွစ္ခုမွာ CNF အေနနဲ႔ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ခဲ့တာဆိုေတာ့ လက္ရွိ ျဖစ္ေနတဲ့ ၿငိမ္းခ်မ္းေရးအေနအထားအေပၚ အားရေက်နပ္မႈရွိလား။ ဒီအစိုးရႏွစ္ခုအၾကား ၿငိမ္းခ်မ္းေဆာင္ရြက္မႈပိုင္းမွာ ဘယ္လိုကြာျခားမႈေတြရွိေနလဲ။ 

ေျဖ။       ။  ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ဖုိ႕ အစိုးရနဲ႕ မိမိတုိ႕အၾကား လုပ္ငန္းခ်ိတ္ဆက္မႈပိုင္းမွာေတာ့ ၾက့ံခိုင္ ေရး အစုိးရနဲ႕ ေဆာင္ရြက္ရတာ ပုိၿပီး အားရတယ္။ ဒီ ၿငိမ္းခ်မ္းေရးျဖစ္စဥ္က ႀကံ႕ခုိင္ေရးအစုိးရကေန စတင္လာတာ ဆုိ ေတာ့လုပ္ငန္း နဲ႕ပါတ္သက္ၿပီး ပုိမုိ နားလည္တာလည္းပါမွာေပါ့။ NLD အစုိးရ လက္ထက္က်ေတာ့ ပုိမုိ ေႏွာင့္ေႏွး သြား တယ္၊ ခ်ဳံေျပာရယင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ သယ္ေဆာင္မႈက အားရေက်နပ္စရာ မေကာင္းဘူးလုိ႕ေျပာရမွာပဲ။ တုိးတက္ မႈဆုိလုိ႕ ပထမအႀကိမ္၊ ဒုတိယအႀကိမ္ပင္လုံအထိ တုိးတက္တယ္လုိ႕ ေျပာခ်င္တယ္၊ တတိယ အႀကိမ္ ပင္လုံ ကေန ယေန႕အထိ အေရြ႕ေတာ့ ရွိတယ္၊ မတုိးတက္ဘူး၊ ဒါေၾကာင့္ ၂၀၂၀ အလြန္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကုိ တက္လာတဲ့ အစုိး ရသစ္နဲ႕ အတူ ေဖာ္ေဆာင္ႏုိင္ဖုိ႕ ေရွ႕လုပ္ငန္းစဥ္ေတြ ႀကိဳတင္ခ်မွတ္တာျဖစ္ပါတယ္။

ေမး။      ။ အသစ္တက္လာမည့္ အစုိးရသစ္အေနနဲ႕ ၿငိမ္းခ်မ္းေရးႏွင့္ ပါတ္သက္ၿပီး ဘာေတြ ေဆာင္ရြက္ေစခ်င္သလဲ။ 

ေျဖ။       ။ က်ေနာ္ အခ်က္ (၃) ခ်က္နဲ႕ ေျပာလုိပါတယ္။ ပထမအခ်က္က စတုတၳအႀကိမ္ (၂၁)ရာစု ပင္လုံအစည္းအေ၀းကေန သေဘာတူညီခ်က္ စာခ်ဳပ္ အစိတ္အပုိင္း (၃) အ ပုိင္း (၂) ထဲမွာ ၂၀၂၀ အလြန္ အဆင့္လုိက္လုပ္ငန္းစဥ္မ်ားနဲ႕ အဆင့္လုိက္ အေကာင္အထည္ေဖာ္ရမည့္ အခ်က္ေတြ ရွိပါ တယ္၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ျပည္ေထာင္စုတည္ေ ဆာက္ေရးဆုိင္ရာ အေျခခံမ်ားတည္ေဆာက္ေရး၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံသည့္ ျပည္ေထာင္စု ေဖာ္ ေဆာင္ေရး၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ျပည္ေထာင္စုခိုင္မာေရး ဆုိၿပီး အဆင့္လုိက္ လုပ္ငန္းစဥ္ ေတြ ခ်မွတ္ ထားပါတယ္၊ အဲဒီ အဆင့္လုိက္လုပ္ငန္းစဥ္ေဖာ္ေဆာင္ႏုိင္ဖုိ႕ရန္ အတြက္ ႏုိင္ငံေရးေဆြးေႏြးပြဲေတြကုိ က်င္းပ ရမွာပါ။ 

ဒုတိယ အခ်က္အေနနဲ႕ NCA သေဘာတူစာခ်ဳပ္အရ အစုိးရနဲ႕ NCA- EAOs အၾကားမွာ အားလုံးနဲ႕ေသာ္ လည္း ေကာင္း၊ တဖြဲ႕ခ်င္းအလုိက္ ေသာ္လည္းေကာင္း ၾကားကာလ ေဆာင္ရြက္ရမည့္ လုပ္ငန္းေတြအတြက္ ယခင္ အစုိးရေတြ နဲ႕ သ ေဘာတူ ညွိႏႈိင္းထားတာေတြ ရွိပါတယ္။ အဲဒါေတြကိုဆက္ၿပီးအေကာင္အထည္ေဖာ္ဖို႔လိုပါတယ္။ 

တတိယအခ်က္အေနနဲ႕ ေရရွည္တည္တ့ံခုိင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးကုိ ေရွ႕ရႈၿပီး အပစ္ရပ္လက္မွတ္ မထုိးရေသးတဲ့ ဘ၀တူ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းေတြ ဒီျဖစ္စဥ္ထဲမွာ ပါ၀င္လာေစေရးပါ့၊ ဒီေတာ့ ၂၀၂၀ အလြန္ အသစ္တက္လာတဲ့ အစုိးရအေနနဲ႔အဲဒီလုပ္ငန္းစဥ္ေတြကုိ ထဲထဲ၀င္၀င္ အေကာင္အထည္ ေဖာ္ ေစခ်င္တယ္။ 

ေမး။      ။  ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ စစ္မက္ျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္မွာ ေရြးေကာက္ပြဲ က်င္းပဖို႔ခြင့္ျပဳလိုက္ပါၿပီ။ ပလက္၀ဆိုတာက တပ္မေတာ္နဲ႔ ေအေအတပ္ဖြဲ႔အၾကား စစ္ေရးပဋိပကၡျဖစ္ပြားရာေဒသျဖစ္ေတာ့ ဒီလိုအေျခအေနမ်ဴိးမွာ ေရြးေကာက္ပြဲက်င္းပဖို႔က သင့္ေတာ္ပါ့မလား။ CNF အေနနဲ႔ ဘာေတြေဆာင္ရြက္ထားတာရွိလဲ။

ေျဖ။       ။ ေရြးေကာက္ပြဲေကာ္မရွင္ဖက္ကေန ၂၀၂၀ ေရြးေကာက္ပြဲ က်င္းပခြင့္ မျပဳတဲ့ မဲဆႏၵ နယ္ေျမ ဆုိၿပီး ထုတ္ျပန္ထားပါတယ္၊ အဲဒီမွာ ခ်င္း ျပည္ နယ္ ပလက္၀ မဲဆႏၵနယ္က မပါဘူးေပါ့။ ဘယ္လုိျဖစ္လာမလဲေတာ့ ေျပာရခက္ပါတယ္။ အေကာင္းဆုံးက ျပည္သူလူထုကုိ ေပါ့ပါးလြတ္လပ္စြာနဲ႕ ေရြးေကာက္ပြဲ လုပ္ေပးသင့္တယ္၊ ျပည္သူေတြရဲ့ အေျခခံႏုိင္ငံေရးအခြင့္အေရးဆုိလုိ႕ ဒီေရြး ေကာက္ပြဲပဲေလ၊ CNF အေနနဲ႕ ေဒသ တည္ၿငိမ္ေရး ႏွင့္ လူထု မနစ္နာေရး အတြက္ ခ်င္းျပည္နယ္ ပလက္၀ ေဒသမွာ တုိက္ပြဲေတြ မေဖာ္ေဆာင္ဖုိ႕ ႏွစ္ဖက္ကုိ ေတာင္းဆုိထားၿပီးသားပါ။ ေတာင္းဆုိထားသလုိျဖစ္မလာတာက ျဖစ္လာမည့္ ဆုိး က်ဳိးအတြက္ သက္ဆုိင္သူမွာ တာ၀န္ရွိတယ္။ 

ေမ။       ။ ေနာက္တက္လာမည့္ အစုိးရအေနနဲ႕ ခ်င္းျပည္နယ္အတြက္ အဓိက ဘာေတြလုပ္ေပးဖုိ႕ တုိက္တြန္းခ်င္သလဲ။ 

ေျဖ။       ။ CNF နဲ႕ ခ်င္းျပည္နယ္အစုိးရအၾကား သေဘာတူထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ဖို႔လိုပါတယ္။ အစုိးရ ေဟာင္းရဲ့ မၿပီးျပတ္ေသးတဲ့ ဖြံ႕ၿဖိဳးေရးလုပ္ငန္း၊ စီမံကိန္းေတြ ျပန္လည္စီစစ္ၿပီး အၿပီးသတ္ ေဆာင္ရြက္ဖို႔၊ အစုိးရ ေဟာင္း နဲ႕ ျပည္သူေတြအၾကား မေျပလည္ခဲ့တဲ့ ေျမယာ၊ အိမ္ယာ၊ နယ္နိမိတ္ ျပသာနာေတြကုိ ကုိင္ တြယ္ ေျဖရွင္းဖို႔နဲ႔ စစ္ေဘးေရွာင္ျပည္သူေတြ ျပန္လည္ေနရာခ်ထားေရးႏွင့္ လူမႈကယ္ဆယ္ေရးလုပ္ငန္းေတြကို ထိထိေရာက္အေကာင္အထည္ေဖာ္ေစခ်င္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.