FactCheck
ဒီသတင်းအမှားကို အမွှေစိန် မျိုးချစ်မြန်မာဆိုတဲ့ အကောင့်ကနေပြီး “NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်..ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့နော် ကိုယ်တွေကတော့ နစကကြီး ဘယ်ဘဝရောက်ရောက် ထူးအယ်လ်လင်းဘဲဟေ့ မျိုးချစ်တွေကရော” လို့ရေသားဖော်ပြထားတာဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက “ ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး တစ်လောကလုံး စစ်ကောင်စီကလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာ။ NUG အနေနဲ့ စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကို ပါဝင်မယ်ဆိုရင် ဟာသဖြစ်သွားလိမ်မယ်။ လုံဝမဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်။” လို့ပြောပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ မပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲအတွက် စစ်ကောင်စီက တအိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူနေမှုကိုလည်း ပြည်သူလူထုအနေနဲ့ ငြင်းဆန်ပြီး မပူးပေါင်းကြဖို့ NUG ကမေတ္တာရပ်ထားပါသည်။
ဒါကြောင့် “NUG ကတော့ နစက ကို တိတ်တဆိတ် ရွေးကောက်ပွဲ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာပါသည်”ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။