Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း အမဲလိုက်ခြင်းတားမြစ်

CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း အမဲလိုက်ခြင်းတားမြစ်

0
By Editor on March 6, 2025 Khonumthung

(004SS)

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း ကျေးငှက်နှင့် တောကောင်အမျိုးမျိုး ပစ်သတ်ခြင်း၊ အမဲလိုက်ခြင်းများ မပြုလုပ်ရန် အချက် ၃ ချက်ပါ တားမြစ်ချက်ကို ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် CDF-Thantlang က ထုတ်ပြန်သည်။

ကျေးငှက်နှင့် တောကောင်များ၏ မျိုးပွားချိန်ကာလ မတ်လမှ ဇွန်လအတွင်း တောထွက်အမဲလိုက်ခြင်း၊ ကျော့ကွင်းထောင်ခြင်း၊ ပစ်ခတ်ခြင်းနှင့် ပိုက်ကွန်များအသုံးပြုကာ ငှက်ဖမ်းခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ကျေးငှက်များသည် ဥ ဥသည့်ကာလ၊ အသိုက်များဆောက်လုပ်သည့် ကာလဖြစ်‌သောကြောင့် မတ်လ ၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အသိုက်ဖျက်ဆီးခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ ပိုက်ကွန်ဆင်ခြင်း၊ လေသေနတ်၊ လေးဂွဖြင့် ငှက်များ ပစ်ခတ်ခြင်း စသည်တို့ကိုမပြုကြရန် တားမြစ်ထားသည်။

အလားတူ တောကောင်များသည်လည်း ကိုယ်ဝန်လွယ်သည့်ကာလ၊ သားပေါက်သည့်ကာလ ဖြစ်‌ေသာကြောင့် ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တောတွင်းသားကောင်များ အမဲလိုက်ခြင်း၊ ကျော့ကွင်းဆင်ခြင်းများ မပြုကြရန်လည်း ထုတ်ပြန်ထားပါသည်။

ယခုထုတ်ပြန်သည့် တားမြစ်ချက်များကို ချိုးဖောက်ပြီး သားကောင်များ ပစ်သတ်ပါက လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု CDF-Thantlang က သတိပေးထားသည်။

CDF-Thantlang အနေဖြင့် ထန်တလန်မြို့နယ်အတွင်း တောတွင်းတိရိစ္ဆာန်မျိုးစုံ၏ မျိုးပွားမှုမထိခိုက်စေရန် နှစ်စဉ် ရာသီအလိုက် တားမြစ်ချက်များကို ထုတ်ပြန်‌ေလ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.