Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လူမျိုးစုအချင်းချင်းညီညွတ်ရေးမှ အင်အားစုအားလုံးညီညွတ်ရေး ရှေ့ရှုဖို့ NUG အစိုးရ တိုက်တွန်း

လူမျိုးစုအချင်းချင်းညီညွတ်ရေးမှ အင်အားစုအားလုံးညီညွတ်ရေး ရှေ့ရှုဖို့ NUG အစိုးရ တိုက်တွန်း

0
By Editor on March 5, 2025 Khonumthung

လူမျိုးစုညီညွတ်ရေးကို မလိုလားသည့် စစ်ကောင်စီ ဝမ်းသာအောင် မလုပ်သင့်ဟု ယာယီသမ္မတဆို

(006SV)

လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့ လိုအပ်သည်ဟု CC နှင့် ICNCC/ CB တို့ ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမှုကို သာဓကပေးပြီး NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

မတ်လ ၄ ရက်နေ့က ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ တော်လှန်ရေးအင်အားစုများအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ ကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်။ လူမျိုးစုအချင်း ချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့လည်း လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

လက်ရှိတွင် ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မှာ ဖြစ်ကြောင်း ကြားသိရတာကြောင့် NUG အစိုးရက ဝမ်းသာ ဂုဏ်ယူမိသည်ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေးတွင် ချင်းတော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးသည် တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့များ အတွက် ကနဦး စံပြ ဖြစ်လာဖို့ လိုသည်ဟု ယာယီသမ္မတက တိုက်တွန်းသည်။

“စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ် ဖြစ်တယ်ဆို ပေမယ့် တော်လှန်ရေး အဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကို ဖြစ်စေတယ်လို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

မြန်မာ့နိုင်ငံရေး သမိုင်းတွင် “အကွဲအပြဲဇာတ်လမ်း” များ ပြည့်နှက်နေသည်ကို တွေ့ရှိနိုင်ပြီး လက်ရှိနွေဦးတော်လှန်ရေးတွင် အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ချနိုင်ရေးကို “ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ” ဖြစ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

စစ်အစိုးရအဆက်ဆက်သည် လူမျိုးစုညီညွတ်ရေးကို မလိုလားသလို၊ တော်လှန်ရေးအင်အားစုများ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကို မလိုလားသောကြောင့် စစ်ကောင်စီ ဝမ်းသာအောင် မလုပ်သင့်ကြောင်း ယာယီသမ္မတက သတိပေးသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ်မှာ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် CC နှင့် ICNCC/ CB တို့သည် “ချင်းအမျိုးသားကောင်စီ” အမည်ဖြင့် ပြန်လည်ပေါင်းစည်းနိုင်ရေး သဘောတူညီ ချက် ရရှိခဲ့ပြီး ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

မတ်လ ၄ ရက်နေ့ကပြုလုပ်သော NUG အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး တိုင်းဖက်ဒရယ်ယူနစ် ပေါင်းစပ် ညှိနှိုင်းရေး နှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရေး အဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းလမ်းညွှန်ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.