• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီအမှုဖွင့်

NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီအမှုဖွင့်

0
By Editor on August 31, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ခြန်းပြန်းရွာမှ သြဂုတ်လ ၂၀ ရက်နှင့် ၂၂ ရက်နေ့များတွင် ဖမ်းဆီးခံခဲ့ရသော လူငယ် (၄) ဦးကို စစ်ကောင်စီက NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့်ဟုဆိုပြီး အမှုဖွင့်ထားကြောင်း သိရသည်။

“၂၄ ရက်က ပုဒ်မတပ်လိုက်တာ၊ သူတို့ကို အခု ပရိုဖိုင်မှာတွေ NUG ထောက်ခံတယ်ဆိုတဲ့ ပရိုဖိုင်တွေ ချိန်းထားလို့ဆိုပြီး ပုဒ်မနဲ့ တပ်ထားတယ်။ စစ်တပ်ထဲမှာပဲ ပိုလုံခြုံတယ်ဆိုပြီး အဲ့မှာပဲထားလို့ သိရတယ်။ အခုချိန်က လူငယ်တိုင်းလိုလို အဲ့လိုပဲထားကြတာပဲလေ” ဟု ၎င်းတို့နှင့်နီးစပ်သူ မတူပီဒေသခံတစ်ဦးထံမှ သိရသည်။

၎င်းတို့ကို မင်းတပ်စစ်ဆေးရေးဂိတ်နှင့် ဖနိူင်ရွာနှင့် မတူပီအကြား ဗျူဟာစစ်ဆေးရေးဂိတ်တို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က) ဖြင့် တရားစွဲဆိုထားခံရသည်ဟု သိရသည်။

အဆိုပါ အဖမ်းဆီးခံရသူများမှာ ကိုဒီဇင်ထန်း၊ ကိုထယ်တွီး၊ ကိုထောင်ပိန်း၊ ကိုစန်သိန်းတို့ဖြစ်ကြပြီး မလဲ့လဲ့ဝင်းဆိုသူကိုမှု အဖမ်းခံရသည့် သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ပါ (Accept NUG-Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပရိုဖိုင်ပြောင်းလဲထားသူများကို စနစ်တကျပြုစုထားရန် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ထောက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ပါ (Accept NUG-Reject Military) ဆိုသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပရိုင်ဖိုင်လှုပ်ရှားမှုကို ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ညက စတင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၅ ရက်နေ့ညအထိ ယင်းလှုပ်ရှားမှုမှာပါဝင်လာသော ပြည်သူအကောင့်ပေါင်း သုံးသန်းနဲ့ လေးသိန်းကျော် ရှိလာပြီဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body-GSCB) အဖွဲ့ရဲ့စာရင်းအရသိရသည်။

လက်ရှိ မတူပီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသူ မတူပီမြို့မှ ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၄ ဦးဖမ်းဆီးခံထားရပြီး လက်ရှိထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.