Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDA တီးတိန် ကာကင်းစခန်းကို ZRA – EC က စီးနင်းတိုက်ခိုက်

PDA တီးတိန် ကာကင်းစခန်းကို ZRA – EC က စီးနင်းတိုက်ခိုက်

0
By Editor on February 13, 2025 Khonumthung

လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးဟု PDA ဆို

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဖိုင်ဇာရွာနှင့် နယူးထားလ်မွလ်ရွာကြားက ချင်းပြည်ကောင်စီအဖွဲ့ဝင် PDA – တီးတိန် တပ်ဖွဲ့၏ ကာကင်းစခန်းတခုကို Zomi Revolutionary Army (Eastern Command) က စီးနင်းတိုက်ခိုက်ပြီး သိမ်းလိုက်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီခွဲဝန်းကျင်တွင် PDA -တီးတိန်၏ အင်အားအနည်းငယ်သာ ရှိသည့် ကာကင်း စခန်းတခုကို ZRA-EC က အင်အားအများအပြားဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ ကင်းသမားလည်း အဲဒီအချိန်မှာ သတိမထားမိတဲ့အချိန်ပေါ့နော်။ ဒီတိုက်ပွဲက နှစ်ဦးနှစ်ဖက်ထိခိုက်မှုတော့ မရှိဘူး။ သူတို့ဘက်ကတော့ မသိရဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုက မရှိပါဘူး။ သူတို့ ဘယ်လိုကြောင့် လာရောက်တိုက်ခိုက်သွားသလဲဆိုတာက မသိရဘူး။ အဲဒီမှာ ကိစ္စတခုနဲ့ လူအင်အား နည်းနေတဲ့အချိန် ဖြစ်သွားတယ်” ဟု PDA – တီးတိန်၏ ဥက္ကဌက ပြောသည်။

ယင်းစခန်းကုန်းကို လာရောက်တိုက်ခိုက်ချိန်တွင် PDA -တီးတိန်က အင်အား ၃ ဦးဝန်းကျင်သာ ရှိပြီး ZRA-EC က အင်အား ၅၀ မှ ၈၀ ကြားဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ရေးအရ လိုအပ်လျှင် လိုအပ်သလို ပြုလုပ်သွားရန် ရှိပြီး လတ်တလောမှာ စစ်ရေးကိစ္စများကို မပြောလိုကြောင်း PDA – တီးတိန်၏ ဥက္ကဌက ပြောသည်။

လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးမှု ရှိခဲ့ပြီး လက်ရှိတွင် ပြန်လည် စစ်ဆေးနေချိန်ဖြစ်၍ အတိအကျပြောဖို့ရန် အဆင်မပြေသေးကြောင်း ၎င်းကပြောသည်။

ZRA – EC တပ်ဖွဲ့ဝင်များထံမှ ထွက်ပေါ်လာသော ရုပ်သံဖိုင်အရ ယင်းစခန်းကုန်းမှ လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိသည်ကို တွေ့မြင်ရပြီး CNA နှင့် PDA -တီးတိန်တပ်ဖွဲ့ဝင်များ၏ အသုံးအဆောင်ပစ္စည်းများကိုလည်း တွေ့မြင်ရသည်။

PDA -တီးတိန်က လက်လွှတ်လိုက်ရသော ယင်းကာကင်းစခန်းကို ZRA – EC တပ်ဖွဲ့က လက်ရှိအချိန်ထိ ထိန်းချုပ်ထားခြင်း ရှိ၊ မရှိကို မြေပြင်တပ်မှူးများနှင့် အဆက်အသွယ်မရသေးဟု သိရသည်။

နွေဦးတော်လှန်ရေးကာလအတွင်း တီးတိန်နှင့် တွန်းဇံမြို့များတွင် အခြေစိုက်သော CNA အပါအဝင် ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – CDF စခန်းများကို Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့သည် မကြာခဏ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့ဖူးသည်။

Zomi Revolutionary Army (Eastern Command) ကို Pu Zo Thang ကနေ ဦးစီးပြီး ဖွဲ့စည်းထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ကာ ဇိုမီးလူမျိုးများ အများစုနေထိုင်သော တီးတိန်ခရိုင်အတွင်း စစ်ရေး လှုပ်ရှားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.