Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDA တီးတိန် ကာကင်းစခန်းကို ZRA – EC က စီးနင်းတိုက်ခိုက်

PDA တီးတိန် ကာကင်းစခန်းကို ZRA – EC က စီးနင်းတိုက်ခိုက်

0
By Editor on February 13, 2025 Khonumthung

လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးဟု PDA ဆို

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဖိုင်ဇာရွာနှင့် နယူးထားလ်မွလ်ရွာကြားက ချင်းပြည်ကောင်စီအဖွဲ့ဝင် PDA – တီးတိန် တပ်ဖွဲ့၏ ကာကင်းစခန်းတခုကို Zomi Revolutionary Army (Eastern Command) က စီးနင်းတိုက်ခိုက်ပြီး သိမ်းလိုက်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီခွဲဝန်းကျင်တွင် PDA -တီးတိန်၏ အင်အားအနည်းငယ်သာ ရှိသည့် ကာကင်း စခန်းတခုကို ZRA-EC က အင်အားအများအပြားဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ ကင်းသမားလည်း အဲဒီအချိန်မှာ သတိမထားမိတဲ့အချိန်ပေါ့နော်။ ဒီတိုက်ပွဲက နှစ်ဦးနှစ်ဖက်ထိခိုက်မှုတော့ မရှိဘူး။ သူတို့ဘက်ကတော့ မသိရဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုက မရှိပါဘူး။ သူတို့ ဘယ်လိုကြောင့် လာရောက်တိုက်ခိုက်သွားသလဲဆိုတာက မသိရဘူး။ အဲဒီမှာ ကိစ္စတခုနဲ့ လူအင်အား နည်းနေတဲ့အချိန် ဖြစ်သွားတယ်” ဟု PDA – တီးတိန်၏ ဥက္ကဌက ပြောသည်။

ယင်းစခန်းကုန်းကို လာရောက်တိုက်ခိုက်ချိန်တွင် PDA -တီးတိန်က အင်အား ၃ ဦးဝန်းကျင်သာ ရှိပြီး ZRA-EC က အင်အား ၅၀ မှ ၈၀ ကြားဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ရေးအရ လိုအပ်လျှင် လိုအပ်သလို ပြုလုပ်သွားရန် ရှိပြီး လတ်တလောမှာ စစ်ရေးကိစ္စများကို မပြောလိုကြောင်း PDA – တီးတိန်၏ ဥက္ကဌက ပြောသည်။

လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးမှု ရှိခဲ့ပြီး လက်ရှိတွင် ပြန်လည် စစ်ဆေးနေချိန်ဖြစ်၍ အတိအကျပြောဖို့ရန် အဆင်မပြေသေးကြောင်း ၎င်းကပြောသည်။

ZRA – EC တပ်ဖွဲ့ဝင်များထံမှ ထွက်ပေါ်လာသော ရုပ်သံဖိုင်အရ ယင်းစခန်းကုန်းမှ လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိသည်ကို တွေ့မြင်ရပြီး CNA နှင့် PDA -တီးတိန်တပ်ဖွဲ့ဝင်များ၏ အသုံးအဆောင်ပစ္စည်းများကိုလည်း တွေ့မြင်ရသည်။

PDA -တီးတိန်က လက်လွှတ်လိုက်ရသော ယင်းကာကင်းစခန်းကို ZRA – EC တပ်ဖွဲ့က လက်ရှိအချိန်ထိ ထိန်းချုပ်ထားခြင်း ရှိ၊ မရှိကို မြေပြင်တပ်မှူးများနှင့် အဆက်အသွယ်မရသေးဟု သိရသည်။

နွေဦးတော်လှန်ရေးကာလအတွင်း တီးတိန်နှင့် တွန်းဇံမြို့များတွင် အခြေစိုက်သော CNA အပါအဝင် ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – CDF စခန်းများကို Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့သည် မကြာခဏ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့ဖူးသည်။

Zomi Revolutionary Army (Eastern Command) ကို Pu Zo Thang ကနေ ဦးစီးပြီး ဖွဲ့စည်းထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ကာ ဇိုမီးလူမျိုးများ အများစုနေထိုင်သော တီးတိန်ခရိုင်အတွင်း စစ်ရေး လှုပ်ရှားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.