Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Rebecca Fanai ၏ The Compassion Project အောင်မြင်စွာအဆုံးသတ်

Rebecca Fanai ၏ The Compassion Project အောင်မြင်စွာအဆုံးသတ်

0
By Editor on November 29, 2022 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်နေသော ချင်းအဆိုတော် Rebecca Fanai ၏ ကရုဏာစီမံကိန်း (The Compassion Project) သည် အောင်မြင်စွာ အဆုံးသတ်သွားပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် Rebecca Fanai သည် သူမ၏ The compassion Project ကို နိုဝင်ဘာလ ၆ ရက်နေ့ကစတင်ခဲ့ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများထံ သုံးပတ်ကျော်ကြာ ခရီးသွားလာ၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်နေ့က အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

Rebecca Fanai နှင့်အဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင် ၆ ခုက (အိုင်ဇောလ်၊ မာမစ်၊ ကော်လစစ်၊ လုံးလဲ၊ လောင်တလိုင်၊ ကျန်ဖိုင်း) စစ်ဘေးရှောင်စခန်း ၂၀ ကျော်တွင်သွားရောက်ခဲ့ကြပြီး စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေး တိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံကစစ်ဘေးရှောင်များထံ အကူအညီများပေးအပ်နိုင်ခဲ့သည်ဟုသိရသည်။

The Compassion Project တွင် အဓိက အချက် ၃ ချက်ပါဝင်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊ အရေးပေါ်လိုအပ်ချက်များကူညီထောက်ပံ့ခြင်းများပါဝင်သည်။

The Compassion Project တွင် Rebecca Fanai နှင့်အတူ Chin Health Organization (CHO), Myanmar Refugees Relief Committee-Mizoram (MRRCM), NGO United for Democratic Myanmar (NUDFM), Kalay Crisis Support Team (KCST), Youth For Myanmar (YFM), Matupians, Sevenday Adventist ဆေးရုံးနှင့် အခြားသောဒေသတွင်း စေတနာရှင်အမြောက်အများကလည်း အားဖြည့်ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

Rebecca Fanai သည် သူမနေထိုင်ရာ အမေရိကန်ပြည်ထောင်စုသို့ မကြခင်ရက်ပိုင်းအတွင်း ပြန်လှည့်တော့မည်ဖြစ်ပြီး The Compassion Project အတွင်း ပါဝင်အားဖြည့်ကူညီပေးကြသော အယောက်စီတိုင်းအပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တနိုင်ငံလုံးစစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုဖြစ်ပွားလာသည့်အချိန်ကစပြီး Rebecca Fanai သည် သူကျွမ်းကျင်သော အဆိုပညာအားဖြင့် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.