#Unicode
တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လက်ရှိချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် တွေ့ဆုံခြင်း
By လားနွန် – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်(ZCD) ပါတီ အနေနဲ့ ချင်းပြည်နယ် နဲ့ စစ်ကိ်ုင်းတိုင်းဒေသကြီးမှာ ဆန္ဒနယ်မြေစုစုပေါင်း (၁၀) နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ်မြေ (၂) နေရာမှာသာ အနိုင်ရရှိခဲ့ပါတယ်။
ယခုလက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ဟာ ZCD ပါတီကနေ တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေမှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဦးပေါင်လွန်မင်းထန် အနေနဲ့ လာမယ့်လွှတ်တော်သက်တမ်းမှာ ဘာတွေဆောင်ရွက်ဖို့ပြင်ဆင်ထားပါသလဲ။ အသစ်ဖွဲ့စည်းမယ့် အစိုးရသစ်မှာ ကော်ပြန်လည်ပါဝင်လာဖို့အလားအလာရှိပါသလား။ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဒီနှစ်ရွေးကောက်ပွဲမှာ ZCD ပါတီဆိုရင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၂ နေရာပဲရတဲ့အပေါ် ဘာပြောချင်လဲ။
ဖြေ။ ။ ဒီနှစ်ကတော့ ထူးခြားမှုတစ်ခု ဆိုတာက နှစ်လလောက် ရွေးကောက်ပွဲ မဲဆွယ်စည်းရှုံးခွင့်မှာ တစ်လကျော် ကျော်လောက်ကတော့ ကျနော်တို့ Local Party တွေက အားသန်တယ် တကယ့်အနီးကပ် နှစ်ပတ် သုံးပတ်ဝန်းကျင် လောက်မှာဆိုရင် အများကြီးပြောင်းလဲပြီးတော့ နှစ်ပတ်အတွင်းမှာပဲ ပြောင်းလဲသွားတယ် နိုင်ငံတော်အတိုင်ပင်ခံတို့ ပြည်ထောင်စုအဆင့်ရဲ့ ကြိုးစားမှုနဲ့ ပြည်သူရဲ့ သူတို့အပေါ်မှာ ယုံကြည်မှုကတော့ ချင်းပြည်နယ်ရဲ့ နိုင်ငံရေးကို ပြောင်း လဲစေတယ်လို့ဘဲ သုံးသပ်ပါတယ်။ ဆိုတော့ တိုင်းရင်းသားပါတီတွေကို မုန်းသလား မချစ်တော့ဘူးလားဆိုရင်လ ည်းပဲ မဟုတ်ပါဘူး တော်တော်များများကတော့ တိုင်းရင်းသားပါတီမှ တိုင်းရင်းသားပါတီဖြစ်တယ် ဒါပေမဲ့ မဲအခြေအနေကတော့ အဲလိုပြောင်းလဲသွားတာကတော့ နည်းနည်းအနှောက်အရှက်ဖြစ်သွားတယ် အဲဒါကြောင့် ကျနော်တို့ ဒီပြောင်းလဲမှု ဒီနိုင်ငံရေးအခင်းအကျင်းကတော့ ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲမှုကို ဦးစားပေးပြီး လူထုက ရွေးချယ်တယ်လို့ပဲ မြင်တယ် ဒါပေမဲ့အခု ကိုယ့်ဒေသမှာ ချင်းပြည်နယ်မှာ ချင်းပါတီတို့ ဇိုမီးပါတီတို့ကတော့ ရွာအလိုက်ပြန်ကြည့်မယ်ဆိုရင် တော်တော်များများက အားပေးတုန်းပါပဲ မထားခဲ့ဘူး အဲဒါကြောင့် နည်းနည်းတော့ အ့ံသြစရာကောင်း တယ်လို့ပြောလို့ရတယ်။
မေး။ ။ လာမယ့် ချင်းပြည်နယ် လွှတ်တော်သက်တမ်းမှာဆိုရင် NLD ပါတီကိုယ်စားလှယ်တွေက အများစုဖြစ်မယ်၊ အတိုက်အခံဆိုလို့ ZCD ကနေ တစ်ယောက် CNLD ကနေ ၁ ယောက်ပဲရှိမှာဆိုတော့ အတိုက်အခံအင်အားက အတော်လေးနည်းသွားမယ်ဆိုတော့ ဘယ်လိုအကျိူးသက်ရောက်မှုတွေရှိလာနိုင်လဲ။ ဆရာတို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်လဲ။
ဖြေ။ ။ ကျနော့်အမြင်မှာ အခုလောလောဆယ်က ဥပဒေပြုရေးတို့ဘာတို့က တိုင်းဒေသကြီးမှာတော့ အဲလောက်ကြီး မလုပ်နိုင်ခဲ့ကြဘူး ချင်းပြည်နယ်ဆိုရင် ပိုအားနည်းတယ် အတိုက်ခံပါတီနဲ့ အစိုးရဆိုတာကတော့ အမြဲတမ်းရှိရမှာ ဒါပေမဲ့ ဒီနှစ်ကနည်းနည်းအားနည်းသွားတဲ့အခါကျတော့ ဒါပေမဲ့အခု ပြီးခဲ့တဲ့ (၅) နှစ်သက်တမ်းကို ကျနော့်အတွေ့အကြုံ ပြန်ကြည့်တဲ့အခါကျတော့ အများစုအားဖြင့် NLD ပါပဲ ပါတီအတွင်းမှာ တိုက်ခိုက်မှုတွေ အငြင်းပွားမှုတွေ တစ်ခြားပါတီနဲ့ NLD ကြားမှာတော့မရှိဘူး NLD အတွင်းမှာပဲ ကိုယ်စားလှယ်နဲ့ အစိုးရအတွင်းမှာပဲဖြစ်တာများတယ် ဒါကြောင့် ဒီအတွက်တော့ အဲလောက်ကြီးတော့ စိတ်ပူစရာတော့မရှိဘူးထင်ပါတယ်။
မေး။ ။ ဦးပေါင်လွန်မင်းထန်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာတော့ ပထမဦးဆုံးအနေနဲ့ ဘယ်အရာတွေကိုလုပ်ဆောင်သွားဖို့စီစဉ်ထားလဲ။
ဖြေ။ ။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေအရတော့ ကျနော်တို့က ဘုရားကျေးဇူးတော်ကြောင့်ပေ့ါ ပထမအစိုးရ သက်တမ်းမှာ ကျနော်ဝင်ဝင်ခြင်းမှာ ဝန်ကြီးတစ်ပါးဖြစ်သွားတယ် အာဏာရပါတီမှာ ကျနော်ဝန်ကြီးတာဝန်ယူလိုက်တော့ အဲဒီနေရာမှာတော့ လွှတ်တော်ဘက်မှာ သိပ်မပါတော့ဘဲ အစိုးရအလုပ်ကိုဘဲလုပ်ခဲ့တယ် အခုဒီနှစ်မှာ အစိုးရထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အရေးကြီးဆုံးကတော့ ပြည်သူတွေကို ကျနော်တို့လက်ရှိနိုင်ငံရေး လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းလေးတွေ လက်ရှိပြောင်းလဲနေတဲ့ပြုပြင်ပြောင်းလဲမှုတွေ အများပြည်သူတွေနားလည်အောင်လုပ်ဖို့ NLD ဘဲဖြစ်ဖြစ် ZCD ဘဲဖြစ်ဖြစ် ဘယ်ပါတီမဆိုကျနော်တို့ ဒီအပြောင်းလဲကာလမှာ ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့လက်တွဲဆောင်ရွက်မှပဲ အောင်မြင်မှာဖြစ်တယ် အဲဒါကြောင့် အသိပညာပေးတဲ့လုပ်ငန်းတွေမှာ များများလုပ်ချင်တယ် ကျနော်တို့ကလွှတ်တော်ပိုင်းဆိုတော့ Legalistic Body (ဥပဒေပြုရေးအဖွဲ့) ဘဲဖြစ်တယ် တော်တော်များများက နားမလည်တာက နိုင်ငံရေးမှာမပါဝင်ရင် ကျောင်းရမယ် လမ်းရမယ်ဆိုတဲ့ဟာ တစ်ခုဘဲကြည့်နေကြတယ် ကျနော်တော့ အဲလိုမဟုတ်ဘဲနဲ့ ဥပဒေဘယ်လောက်ပြုနိုင်မလဲ ကျနော်တို့ဒေသနဲ့ လိုက်လျှော်ညီထွေဖို့ သယံဇာတခွဲဝေမှုတွေ ပြီးတော့ အခွန်နဲ့ ပတ်သက်တဲ့ကိစ္စလေးတွေရှိတယ် အဲဒါလေးတွေကို ကျနော်တို့ ဘယ်ပါတီမဆို လွှတ်တော်မှာ များများဆွေးနွေးပြီးတော့ ဒေသနဲ့ လိုက်လျောညီထွေတဲ့ ဥပဒေတစ်ခုထွက်လာနိုင်ရင်လည်း အဲဒါမျိုးက အားလုံးအတွက် ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။
မေး။ ။ ချင်းပြည်နယ် ချင်းလူထုအတွက် ဘယ်အရာတွေကို ဦးစားပေးလုပ်ဆောင်သွားမှာလဲ။ လွှတ်တော်ထဲမှာကော် ဘယ်လိုအဆိုမျိူးတွေ တင်သွင်းဖို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ချင်းအရေးပေါ့နော် ချင်းပြည်နယ်အရေး အစတုန်းက ကျနော်လည်းပြောပါတယ် ကျနော်တို့ မြို့နယ် အစွဲတွေမလုပ်ဘဲနဲ့ ချင်းပြည်နယ်ကတော့ ပထမအစိုးရ ဒုတိယအစိုးရပေါ့ ၂၀၁၆ တက်ခါစတုန်းက ကျီခါးမှ ပလက်ဝဆိုတဲ့ မူတစ်ခုလောက်ချပါတယ် ပြီးခဲ့တဲ့ သက်တမ်းမှာလည်း ကျီခါးမှ ပလက်ဝကို လမ်းမကြီးပေါက်အောင်ကြိုးစားကြတယ် အဲဒီစိတ်ပါပဲ အဓိကတော့ ကျီခါးနဲ့ ပလက်ဝ အားလုံးချင်းပြည်နယ်အရေးလုပ်ကျမယ်ဆိုရင်တော့ ကျနော်တို့ ဘာမှပြသာနာမရှိပါဘူး ကျနော်လည်းပဲ (၉) မြို့နယ် အရေးကိုဘဲ ဦးစားပေးပြီးတော့ ကိုယ့်ဒေသ တွန်းဇံကြီးပဲ ကိုယ့်ကျီးခါးတွေအတွက်ပဲမဟုတ်ပဲနဲ့ မြို့နယ်တိုင်းရဲ့ အကျိုးကိစ္စဆောင်ရွက်ဖို့ပဲ ကျနော်စဉ်းစားပါတယ် အဲလိုလည်းဖြစ်သင့်ပါတယ်။
မေး။ ။ ယခုလက်ရှိ ချင်းပြည်နယ်အစိုးရဖြစ်စေ၊ ချင်းပြည်နယ်လွှတ်တော်ကိုဖြစ်စေ နှစ်ရပ်လုံးအပေါ် ဦးပေါင်လွန်မင်းထန်ရဲ့အမြင်သိချင်ပါတယ်၊ အားရကျေနပ်မှုရှိလား။ အားသာချက်အားနည်းချက်ဘယ်လိုရှိလဲ။
ဖြေ။ ။ ဒီ (၅) နှစ်သက်တမ်းမှာတော့ ကျနော်တို့ ခရီးတစ်ခုသွားမယ်ဆိုရင်တော့ ဘယ်လောက်မှမသွားနိုင်သေးဘူး အစိုးရရော လွှတ်တော်ရော သိပ်မလုပ်နိုင်သေးဘူး အဲဒါကြောင့် ဒီ (၅) နှစ်ရဲ့ခရီးကိုတော့ ကောင်းကောင်းသွားနိုင်ဖို့လို ပါတယ် ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ဖက်ရော အစိုးရဖက်ရော ဒီအပြောင်းအလဲကာလမှာ Transformation (ပြောင်းလဲခြင်း) မှာ ကျနော်တို့က သိသိသာသာပြောင်းလဲနိုင်အောင်ဘယ်သူမှမဆောင်ရွက်နိုင်ဘူး။ ဒါတော့အားလုုံး အသိပဲ အဲဒါကြောင့် အားနည်းတယ် အားသာတယ်ဆိုတာထက်ပေါ့၊ ကျနော်တို့ အရေးကြီးဆုံးကတော့ Legalistic Body (ဥပဒေပြုရေးအဖွဲ့) အားကာင်းဖို့ပေါ့နော်၊ အခုလွှတ်တော်ကိုပြန်ကြည့်လိုက်တဲ့အခါကျတော့ ကျနော်တို့လွှတ်တော်က လည်းပဲ အခုနကျနော်ပြောသလို ဖွံ့ဖြိုးရေးလောက်ပဲ တောင်းဆိုတာများတယ် တကယ့် ဥပဒေပြုနိုင်တဲ့အတိုင်းအတာက အားနည်းတယ် အဲလိုမဖြစ်အောင်ကျနော်တို့ ထိန်းသိမ်းဖို့လိုတာပေ့ါ အဲဒါကြောင့် ဒီ (၅) နှစ်သက်တမ်း ပထမ ကြံ့ခိုင်ရေး အစိုးရကိုတော့မမှီလိုက်ဘူး ဒီ NLD ဦးဆောင်တဲ့ ဒီ (၅) နှစ်သက်တမ်းမှာတော့ ကျနော်တို့ စိတ်တိုင်းကျအောင်တော့ ဘာမှမလုပ်နိုင်သေးဘူး ဒါပေမဲ့ မကောင်းဘူးဆိုတာထက်ကောင်းပါတယ် ဒါပေမဲ့ Infrastructural (အခြေခံအဆောက်အ အုံ) ပိုင်းမှာတော့ အများကြီးလုပ်နိုင်ခဲ့တယ် ဒါပေမဲ့ လွှတ်တော်ရဲ့ သဘောသဘာဝ လွှတ်တော်ရဲ့ ဥပဒေပြုရေးကိစ္စမှာ တော့ အားရကျေနပ်စရာသိပ်မလုပ်နိုင်သေးဘူး အဲလိုပဲကိုယ့်ကိုကိုယ်သုံးသပ်ပါတယ်။
မေး။ ။ ချင်းပြည်နယ်မှာ အသစ်တက်လာမယ့် အစိုးရအဖွဲ့ကို ဘယ်အပိုင်းတွေလုပ်ဆောင်စေချင်လဲ။
ဖြေ။ ။ အခုနှစ်သစ်ပိုင်းမှာ အစိုးရသက်တမ်းဖက်မှာတော့ ဟိုတယ်နဲ့ ခရီးသွားကိစ္စတွေ အခုအစပြုခဲ့တဲ့ စိုက်မွေး ဝန်ကြီးတင်သွင်းထားတဲ့ Organic ကျနော်တို့ပြည်နယ်က ဓာတုကင်းစင်ဇုန်ဖြစ်ဖို့ ဒါလေးတွေ သူတို့အဆိုတင်သွင်းထား တာရှိပါတယ် အဲဒါတွေ Implement (ပြီးစီးအောင်မြင်အောင်ဆောင်ရွက်သည်) လုပ်နိုင်အောင်ကျနော်တို့ ပေါင်းပြီးတော့ လုပ်နိုင်အောင် ပြီးရင် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ကျနော်တို့ Smokeless Industry (မီးခိုးကင်းစင်သော စက်မှုလုပ်ငန်း) ကတော့ ချင်းပြည်နယ်မှာမလုပ်လို့မဖြစ်ဘူး ဒါမျိုးလုပ်မှပဲ ကျနော်တို့က ဒီမှာလည်း ရွှေမထွက်ဘူး သယံဇာတသိပ်မရှိဘူး အဲဒါကြောင့် ဒါလေးတွေဆက်ပြီးတော့ အားဖြည့်ဖို့လိုမယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွပ်ပြောချင်တာရှိပါသေးလဲ။
ဖြေ။ ။ ချင်းပြည်နယ်ကတော့ ခရစ်ယာန်တွေများတဲ့ဒေသလည်းဖြစ်တယ် ကျနော်တို့ မေတ္တာအဓိကထားပြီးတော့ ဆောင်ရွက်ကြဖို့တော့လိုပါတယ်။ အခုရွေးကောက်ပွဲဆိုတာက အလုပ်လုပ်ခွင့်ရအောင်ကျနော်တို့ ပြိုင်ကြတာဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးလည်းမဟုတ်ပါဘူး ကျနော်တို့က အရွေးခံတယ်ဆိုကတည်းက ဒီပြည်သူ့အတွက် ကိုယ့်မဲဆန္ဒနယ်တစ်ခုကိုယ်စားပြုနိုင်တဲ့ အခွင့်အရေးတစ်ခုရသွားတာဖြစ်ပါတယ် အဲဒါကြောင့် အရွေးခံတဲ့လူရော အရွေးမခံတဲ့လူရော ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ကျနော်တို့အရွေးခံတဲ့လူကတော့ မခံတဲ့လူအတွက်ပါလုပ်ပေးဖို့ တာဝန်ရှိတယ်။
#Zawgyi
တြန္းဇံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ လက္ရွိခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ႏွင့္ ေတြ႕ဆံုျခင္း
By လားႏြန္ – ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးသြားတဲ့ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဴပ္(ZCD) ပါတီ အေနနဲ႔ ခ်င္းျပည္နယ္ နဲ႔ စစ္ကိ္ုင္းတိုင္းေဒသႀကီးမွာ ဆႏၵနယ္ေျမစုစုေပါင္း (၁၀) ေနရာ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီးေတာ့ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္နဲ႔ ျပည္နယ္မဲဆႏၵနယ္ေျမ (၂) ေနရာမွာသာ အႏိုင္ရရွိခဲ့ပါတယ္။
ယခုလက္ရွိ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ဟာ ZCD ပါတီကေန တြန္းဇံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေျမမွာ ထပ္မံ၀င္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဦးေပါင္လြန္မင္းထန္ အေနနဲ႔ လာမယ့္လႊတ္ေတာ္သက္တမ္းမွာ ဘာေတြေဆာင္ရြက္ဖို႔ျပင္ဆင္ထားပါသလဲ။ အသစ္ဖြဲ႔စည္းမယ့္ အစိုးရသစ္မွာ ေကာ္ျပန္လည္ပါ၀င္လာဖို႔အလားအလာရွိပါသလား။ စတဲ့အေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ခိုႏူမ္းသုန္သတင္းဌာနက ေတြ႕ဆံုေမးျမန္းထားပါတယ္။
ေမး။ ။ ဒီႏွစ္ေရြးေကာက္ပြဲမွာ ZCD ပါတီဆိုရင္ ခ်င္းျပည္နယ္မွာ မဲဆႏၵနယ္ေျမ ၂ ေနရာပဲရတဲ့အေပၚ ဘာေျပာခ်င္လဲ။
ေျဖ။ ။ ဒီႏွစ္ကေတာ့ ထူးျခားမႈတစ္ခု ဆိုတာက ႏွစ္လေလာက္ ေရြးေကာက္ပြဲ မဲဆြယ္စည္းရံႈးခြင့္မွာ တစ္လေက်ာ္ ေက်ာ္ေလာက္ကေတာ့ က်ေနာ္တို႔ Local Party ေတြက အားသန္တယ္ တကယ့္အနီးကပ္ ႏွစ္ပတ္ သံုးပတ္၀န္းက်င္ ေလာက္မွာဆိုရင္ အမ်ားႀကီးေျပာင္းလဲၿပီးေတာ့ ႏွစ္ပတ္အတြင္းမွာပဲ ေျပာင္းလဲသြားတယ္ ႏိုင္ငံေတာ္အတိုင္ပင္ခံတို႔ ျပည္ေထာင္စုအဆင့္ရဲ႕ ႀကိဳးစားမႈနဲ႔ ျပည္သူရဲ႕ သူတို႔အေပၚမွာ ယံုၾကည္မႈကေတာ့ ခ်င္းျပည္နယ္ရဲ႕ ႏိုင္ငံေရးကို ေျပာင္း လဲေစတယ္လို႔ဘဲ သံုးသပ္ပါတယ္။ ဆိုေတာ့ တိုင္းရင္းသားပါတီေတြကို မုန္းသလား မခ်စ္ေတာ့ဘူးလားဆိုရင္လ ည္းပဲ မဟုတ္ပါဘူး ေတာ္ေတာ္မ်ားမ်ားကေတာ့ တိုင္းရင္းသားပါတီမွ တိုင္းရင္းသားပါတီျဖစ္တယ္ ဒါေပမဲ့ မဲအေျခအေနကေတာ့ အဲလိုေျပာင္းလဲသြားတာကေတာ့ နည္းနည္းအေႏွာက္အရွက္ျဖစ္သြားတယ္ အဲဒါေၾကာင့္ က်ေနာ္တို႔ ဒီေျပာင္းလဲမႈ ဒီႏိုင္ငံေရးအခင္းအက်င္းကေတာ့ ျပည္ေထာင္စုရဲ႕ ျပဳျပင္ေျပာင္းလဲမႈကို ဦးစားေပးၿပီး လူထုက ေရြးခ်ယ္တယ္လို႔ပဲ ျမင္တယ္ ဒါေပမဲ့အခု ကိုယ့္ေဒသမွာ ခ်င္းျပည္နယ္မွာ ခ်င္းပါတီတို႔ ဇိုမီးပါတီတို႔ကေတာ့ ရြာအလိုက္ျပန္ၾကည့္မယ္ဆိုရင္ ေတာ္ေတာ္မ်ားမ်ားက အားေပးတုန္းပါပဲ မထားခဲ့ဘူး အဲဒါေၾကာင့္ နည္းနည္းေတာ့ အ့ံၾသစရာေကာင္း တယ္လို႔ေျပာလို႔ရတယ္။
ေမး။ ။ လာမယ့္ ခ်င္းျပည္နယ္ လႊတ္ေတာ္သက္တမ္းမွာဆိုရင္ NLD ပါတီကိုယ္စားလွယ္ေတြက အမ်ားစုျဖစ္မယ္၊ အတိုက္အခံဆိုလို႔ ZCD ကေန တစ္ေယာက္ CNLD ကေန ၁ ေယာက္ပဲရွိမွာဆိုေတာ့ အတိုက္အခံအင္အားက အေတာ္ေလးနည္းသြားမယ္ဆိုေတာ့ ဘယ္လိုအက်ဴိးသက္ေရာက္မႈေတြရွိလာႏိုင္လဲ။ ဆရာတို႔အတြက္ ဘယ္လိုစိန္ေခၚမႈေတြရွိလာႏိုင္လဲ။
ေျဖ။ ။ က်ေနာ့္အျမင္မွာ အခုေလာေလာဆယ္က ဥပေဒျပဳေရးတို႔ဘာတို႔က တိုင္းေဒသႀကီးမွာေတာ့ အဲေလာက္ႀကီး မလုပ္ႏိုင္ခဲ့ၾကဘူး ခ်င္းျပည္နယ္ဆိုရင္ ပိုအားနည္းတယ္ အတိုက္ခံပါတီနဲ႔ အစိုးရဆိုတာကေတာ့ အၿမဲတမ္းရွိရမွာ ဒါေပမဲ့ ဒီႏွစ္ကနည္းနည္းအားနည္းသြားတဲ့အခါက်ေတာ့ ဒါေပမဲ့အခု ၿပီးခဲ့တဲ့ (၅) ႏွစ္သက္တမ္းကို က်ေနာ့္အေတြ႕အၾကံဳ ျပန္ၾကည့္တဲ့အခါက်ေတာ့ အမ်ားစုအားျဖင့္ NLD ပါပဲ ပါတီအတြင္းမွာ တိုက္ခိုက္မႈေတြ အျငင္းပြားမႈေတြ တစ္ျခားပါတီနဲ႔ NLD ၾကားမွာေတာ့မရွိဘူး NLD အတြင္းမွာပဲ ကိုယ္စားလွယ္နဲ႔ အစိုးရအတြင္းမွာပဲျဖစ္တာမ်ားတယ္ ဒါေၾကာင့္ ဒီအတြက္ေတာ့ အဲေလာက္ႀကီးေတာ့ စိတ္ပူစရာေတာ့မရွိဘူးထင္ပါတယ္။
ေမး။ ။ ဦးေပါင္လြန္မင္းထန္အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္လာေတာ့ ပထမဦးဆံုးအေနနဲ႔ ဘယ္အရာေတြကိုလုပ္ေဆာင္သြားဖို႔စီစဥ္ထားလဲ။
ေျဖ။ ။ က်ေနာ္တို႔ႏိုင္ငံရဲ႕ အေျခအေနအရေတာ့ က်ေနာ္တို႔က ဘုရားေက်းဇူးေတာ္ေၾကာင့္ေပ့ါ ပထမအစိုးရ သက္တမ္းမွာ က်ေနာ္၀င္၀င္ျခင္းမွာ ၀န္ႀကီးတစ္ပါးျဖစ္သြားတယ္ အာဏာရပါတီမွာ က်ေနာ္၀န္ႀကီးတာ၀န္ယူလိုက္ေတာ့ အဲဒီေနရာမွာေတာ့ လႊတ္ေတာ္ဘက္မွာ သိပ္မပါေတာ့ဘဲ အစိုးရအလုပ္ကိုဘဲလုပ္ခဲ့တယ္ အခုဒီႏွစ္မွာ အစိုးရထဲမွာ ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ အေရးႀကီးဆံုးကေတာ့ ျပည္သူေတြကို က်ေနာ္တို႔လက္ရွိႏိုင္ငံေရး လႊတ္ေတာ္ရဲ႕ လုပ္ထံုးလုပ္နည္းေလးေတြ လက္ရွိေျပာင္းလဲေနတဲ့ျပဳျပင္ေျပာင္းလဲမႈေတြ အမ်ားျပည္သူေတြနားလည္ေအာင္လုပ္ဖို႔ NLD ဘဲျဖစ္ျဖစ္ ZCD ဘဲျဖစ္ျဖစ္ ဘယ္ပါတီမဆိုက်ေနာ္တို႔ ဒီအေျပာင္းလဲကာလမွာ ပြင့္လင္းျမင္သာစြာနဲ႔ က်ေနာ္တို႔လက္တြဲေဆာင္ရြက္မွပဲ ေအာင္ျမင္မွာျဖစ္တယ္ အဲဒါေၾကာင့္ အသိပညာေပးတဲ့လုပ္ငန္းေတြမွာ မ်ားမ်ားလုပ္ခ်င္တယ္ က်ေနာ္တို႔ကလႊတ္ေတာ္ပိုင္းဆိုေတာ့ Legalistic Body (ဥပေဒျပဳေရးအဖြဲ႕) ဘဲျဖစ္တယ္ ေတာ္ေတာ္မ်ားမ်ားက နားမလည္တာက ႏိုင္ငံေရးမွာမပါ၀င္ရင္ ေက်ာင္းရမယ္ လမ္းရမယ္ဆိုတဲ့ဟာ တစ္ခုဘဲၾကည့္ေနၾကတယ္ က်ေနာ္ေတာ့ အဲလိုမဟုတ္ဘဲနဲ႔ ဥပေဒဘယ္ေလာက္ျပဳႏိုင္မလဲ က်ေနာ္တို႔ေဒသနဲ႔ လိုက္ေလွ်ာ္ညီေထြဖို႔ သယံဇာတခြဲေ၀မႈေတြ ၿပီးေတာ့ အခြန္နဲ႔ ပတ္သက္တဲ့ကိစၥေလးေတြရွိတယ္ အဲဒါေလးေတြကို က်ေနာ္တို႔ ဘယ္ပါတီမဆို လႊတ္ေတာ္မွာ မ်ားမ်ားေဆြးေႏြးၿပီးေတာ့ ေဒသနဲ႔ လိုက္ေလ်ာညီေထြတဲ့ ဥပေဒတစ္ခုထြက္လာႏိုင္ရင္လည္း အဲဒါမ်ိဳးက အားလံုးအတြက္ ျပည္သူအတြက္ အေကာင္းဆံုးျဖစ္မယ္လို႔ထင္ပါတယ္။
ေမး။ ။ ခ်င္းျပည္နယ္ ခ်င္းလူထုအတြက္ ဘယ္အရာေတြကို ဦးစားေပးလုပ္ေဆာင္သြားမွာလဲ။ လႊတ္ေတာ္ထဲမွာေကာ္ ဘယ္လိုအဆိုမ်ဴိးေတြ တင္သြင္းဖို႔ စိတ္ကူးထားပါသလဲ။
ေျဖ။ ။ ခ်င္းအေရးေပါ့ေနာ္ ခ်င္းျပည္နယ္အေရး အစတုန္းက က်ေနာ္လည္းေျပာပါတယ္ က်ေနာ္တို႔ ၿမိဳ႕နယ္ အစြဲေတြမလုပ္ဘဲနဲ႔ ခ်င္းျပည္နယ္ကေတာ့ ပထမအစိုးရ ဒုတိယအစိုးရေပါ့ ၂၀၁၆ တက္ခါစတုန္းက က်ီခါးမွ ပလက္၀ဆိုတဲ့ မူတစ္ခုေလာက္ခ်ပါတယ္ ၿပီးခဲ့တဲ့ သက္တမ္းမွာလည္း က်ီခါးမွ ပလက္၀ကို လမ္းမႀကီးေပါက္ေအာင္ႀကိဳးစားၾကတယ္ အဲဒီစိတ္ပါပဲ အဓိကေတာ့ က်ီခါးနဲ႔ ပလက္၀ အားလံုးခ်င္းျပည္နယ္အေရးလုပ္က်မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ဘာမွျပသာနာမရွိပါဘူး က်ေနာ္လည္းပဲ (၉) ၿမိဳ႕နယ္ အေရးကိုဘဲ ဦးစားေပးၿပီးေတာ့ ကိုယ့္ေဒသ တြန္းဇံႀကီးပဲ ကိုယ့္က်ီးခါးေတြအတြက္ပဲမဟုတ္ပဲနဲ႔ ၿမိဳ႕နယ္တိုင္းရဲ႕ အက်ိဳးကိစၥေဆာင္ရြက္ဖို႔ပဲ က်ေနာ္စဥ္းစားပါတယ္ အဲလိုလည္းျဖစ္သင့္ပါတယ္။
ေမး။ ။ ယခုလက္ရွိ ခ်င္းျပည္နယ္အစိုးရျဖစ္ေစ၊ ခ်င္းျပည္နယ္လႊတ္ေတာ္ကိုျဖစ္ေစ ႏွစ္ရပ္လံုးအေပၚ ဦးေပါင္လြန္မင္းထန္ရဲ႕အျမင္သိခ်င္ပါတယ္၊ အားရေက်နပ္မႈရွိလား။ အားသာခ်က္အားနည္းခ်က္ဘယ္လိုရွိလဲ။
ေျဖ။ ။ ဒီ (၅) ႏွစ္သက္တမ္းမွာေတာ့ က်ေနာ္တို႔ ခရီးတစ္ခုသြားမယ္ဆိုရင္ေတာ့ ဘယ္ေလာက္မွမသြားႏိုင္ေသးဘူး အစိုးရေရာ လႊတ္ေတာ္ေရာ သိပ္မလုပ္ႏိုင္ေသးဘူး အဲဒါေၾကာင့္ ဒီ (၅) ႏွစ္ရဲ႕ခရီးကိုေတာ့ ေကာင္းေကာင္းသြားႏိုင္ဖို႔လို ပါတယ္ ဘာျဖစ္လို႔လဲဆိုေတာ့ လႊတ္ေတာ္ဖက္ေရာ အစိုးရဖက္ေရာ ဒီအေျပာင္းအလဲကာလမွာ Transformation (ေျပာင္းလဲျခင္း) မွာ က်ေနာ္တို႔က သိသိသာသာေျပာင္းလဲႏိုင္ေအာင္ဘယ္သူမွမေဆာင္ရြက္ႏိုင္ဘူး။ ဒါေတာ့အားလံုုး အသိပဲ အဲဒါေၾကာင့္ အားနည္းတယ္ အားသာတယ္ဆိုတာထက္ေပါ့၊ က်ေနာ္တို႔ အေရးႀကီးဆံုးကေတာ့ Legalistic Body (ဥပေဒျပဳေရးအဖြဲ႕) အားကာင္းဖို႔ေပါ့ေနာ္၊ အခုလႊတ္ေတာ္ကိုျပန္ၾကည့္လိုက္တဲ့အခါက်ေတာ့ က်ေနာ္တို႔လႊတ္ေတာ္က လည္းပဲ အခုနက်ေနာ္ေျပာသလို ဖြံ႕ၿဖိဳးေရးေလာက္ပဲ ေတာင္းဆိုတာမ်ားတယ္ တကယ့္ ဥပေဒျပဳႏိုင္တဲ့အတိုင္းအတာက အားနည္းတယ္ အဲလိုမျဖစ္ေအာင္က်ေနာ္တို႔ ထိန္းသိမ္းဖို႔လိုတာေပ့ါ အဲဒါေၾကာင့္ ဒီ (၅) ႏွစ္သက္တမ္း ပထမ ၾကံ့ခိုင္ေရး အစိုးရကိုေတာ့မမွီလိုက္ဘူး ဒီ NLD ဦးေဆာင္တဲ့ ဒီ (၅) ႏွစ္သက္တမ္းမွာေတာ့ က်ေနာ္တို႔ စိတ္တိုင္းက်ေအာင္ေတာ့ ဘာမွမလုပ္ႏိုင္ေသးဘူး ဒါေပမဲ့ မေကာင္းဘူးဆိုတာထက္ေကာင္းပါတယ္ ဒါေပမဲ့ Infrastructural (အေျခခံအေဆာက္အ အံု) ပိုင္းမွာေတာ့ အမ်ားႀကီးလုပ္ႏိုင္ခဲ့တယ္ ဒါေပမဲ့ လႊတ္ေတာ္ရဲ႕ သေဘာသဘာ၀ လႊတ္ေတာ္ရဲ႕ ဥပေဒျပဳေရးကိစၥမွာ ေတာ့ အားရေက်နပ္စရာသိပ္မလုပ္ႏိုင္ေသးဘူး အဲလိုပဲကိုယ့္ကိုကိုယ္သံုးသပ္ပါတယ္။
ေမး။ ။ ခ်င္းျပည္နယ္မွာ အသစ္တက္လာမယ့္ အစိုးရအဖြဲ႔ကို ဘယ္အပိုင္းေတြလုပ္ေဆာင္ေစခ်င္လဲ။
ေျဖ။ ။ အခုႏွစ္သစ္ပိုင္းမွာ အစိုးရသက္တမ္းဖက္မွာေတာ့ ဟိုတယ္နဲ႔ ခရီးသြားကိစၥေတြ အခုအစျပဳခဲ့တဲ့ စိုက္ေမြး ၀န္ႀကီးတင္သြင္းထားတဲ့ Organic က်ေနာ္တို႔ျပည္နယ္က ဓာတုကင္းစင္ဇုန္ျဖစ္ဖို႔ ဒါေလးေတြ သူတို႔အဆိုတင္သြင္းထား တာရွိပါတယ္ အဲဒါေတြ Implement (ၿပီးစီးေအာင္ျမင္ေအာင္ေဆာင္ရြက္သည္) လုပ္ႏိုင္ေအာင္က်ေနာ္တို႔ ေပါင္းၿပီးေတာ့ လုပ္ႏိုင္ေအာင္ ၿပီးရင္ ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္း က်ေနာ္တို႔ Smokeless Industry (မီးခိုးကင္းစင္ေသာ စက္မႈလုပ္ငန္း) ကေတာ့ ခ်င္းျပည္နယ္မွာမလုပ္လို႔မျဖစ္ဘူး ဒါမ်ိဳးလုပ္မွပဲ က်ေနာ္တို႔က ဒီမွာလည္း ေရႊမထြက္ဘူး သယံဇာတသိပ္မရွိဘူး အဲဒါေၾကာင့္ ဒါေလးေတြဆက္ၿပီးေတာ့ အားျဖည့္ဖို႔လိုမယ္။
ေမး။ ။ ေနာက္ဆံုးအေနနဲ႔ ဘာမ်ားျဖည့္စြပ္ေျပာခ်င္တာရွိပါေသးလဲ။
ေျဖ။ ။ ခ်င္းျပည္နယ္ကေတာ့ ခရစ္ယာန္ေတြမ်ားတဲ့ေဒသလည္းျဖစ္တယ္ က်ေနာ္တို႔ ေမတၱာအဓိကထားၿပီးေတာ့ ေဆာင္ရြက္ၾကဖို႔ေတာ့လိုပါတယ္။ အခုေရြးေကာက္ပြဲဆိုတာက အလုပ္လုပ္ခြင့္ရေအာင္က်ေနာ္တို႔ ၿပိဳင္ၾကတာျဖစ္ပါတယ္။ က်ေနာ္တို႔ ေတာ္လွန္ေရးလည္းမဟုတ္ပါဘူး က်ေနာ္တို႔က အေရြးခံတယ္ဆိုကတည္းက ဒီျပည္သူ႕အတြက္ ကိုယ့္မဲဆႏၵနယ္တစ္ခုကိုယ္စားျပဳႏိုင္တဲ့ အခြင့္အေရးတစ္ခုရသြားတာျဖစ္ပါတယ္ အဲဒါေၾကာင့္ အေရြးခံတဲ့လူေရာ အေရြးမခံတဲ့လူေရာ ခြဲျခားဆက္ဆံမႈမရွိဘဲနဲ႔ က်ေနာ္တို႔အေရြးခံတဲ့လူကေတာ့ မခံတဲ့လူအတြက္ပါလုပ္ေပးဖို႔ တာ၀န္ရွိတယ္။