Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»UNHCR ႏွင့္ Unilever တုိ႔မွ ျမန္မာႏုိင္ငံတြင္ Coronavirs တုိက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္

UNHCR ႏွင့္ Unilever တုိ႔မွ ျမန္မာႏုိင္ငံတြင္ Coronavirs တုိက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္

0
By Editor on June 12, 2020 Featured

#Zawgyi

UNHCR ႏွင့္ Unilever တုိ႔မွ ျမန္မာႏုိင္ငံတြင္ Coronavirs တုိက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္ျပီး ပတ္ဝန္းက်င္သန္႔ရွင္းေရးႏွင့္ တကုိယ္ရည္သန္႔ရွင္းေရးအတြက္ ဆပ္ျပာခဲ (၆) သိန္းေက်ာ္နွင့္ အျခားပစၥည္းမ်ားပံ့ပုိးေပးအပ္ခဲ့သည္။

ကုလသမဂၢဒုကၡသည္ဆုိင္ရာ ေအဂ်င္စီ UNHCR ႏွင့္ Unilever တုိ႔သည္ ေနရပ္စြန္႔ခြာေနထုိင္ရသူႏွင့္ ယင္းတုိ႔အားလက္ခံကူညီေပးၾကသည့္ လူမူအသုိင္းအဝန္းမ်ားအပါအဝင္  ျမန္မာျပည္တြင္းရွိ ကူညီပံ့ပုိးမူလုိအပ္ေနေသးသည့္ မိသားစုမ်ား၏ ပတ္ဝန္းက်င္သန္႔ရွင္းေရးႏွင့္ တကုိယ္ရည္သန္႔ရွင္းေရးအတြက္ တုိးျမင့္လုပ္ေဆာင္ရန္ အတူတကြပူးေပါင္းေဆာင္ရြက္ခဲ့ၾကျပီး ႏုိင္ငံတကာကုမၸဏီမွ COVID-19 ကာကြယ္တာဆီးေရးအတြက္ ဆပ္ျပာခဲ ၆၀၈,၀၀၀ ကုိ လွဴဒါန္းခဲ့သည္။

“လက္ေဆးျခင္းက  ေရာဂါျပန္႔ႏွံ႔မူကုိ ကာကြယ္တာဆီးေပးဖုိ႔ အေျခခံအက်ဆုံးျဖစ္ျပီီး အထိေရာက္ဆုုံးနည္းလမ္းလည္းျဖစ္ပါတယ္၊ အထိခုိက္အလြယ္ဆုံးသူမ်ားအေနနဲ႕ သူတုိ႔ရဲ႕လက္ေတြစင္ၾကယ္ေအာင္ ေဆးေၾကာခြင့္ရၾကမယ္ဆုိရင္ အသက္ေတြကုိလည္း ကယ္တင္ႏုိင္မွာျဖစ္ပါတယ္၊ ျပီးေတာ့ Unilever ကုိလည္း အခုလုိ ရက္ရက္ေရာေရာ လွဴဒါန္းေပးမူအတြက္ ေက်းဇူးတင္ပါတယ္” ဟု UNHCR ျမန္မာယာယီဌာေနကုိယ္စားလွယ္ Cecile Fradot ကေျပာသည္။

တကုိယ္ေရသန္႔ရွင္းေရးပစၥည္းမ်ားသည္ ကခ်င္၊ ရွမ္းေျမာက္ပုိင္း၊ ရခုိင္၊ ကယားႏွင့္ ကရင္ျပည္နယ္မ်ားသုိ႕ ပုိ႔ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ေနရပ္စြန္႔ခြာေနရသူ  မိသားစုမ်ားႏွင့္ လုိအပ္ေနေသာ အျခားရပ္ရြာလူထုမ်ားကုိ ျဖန္႔ေဝေပးသြားမည္ျဖစ္ျပီး က်န္းမာေရးဌာနမ်ားႏွင့္ COVID-19 ကူးစက္မူ႔ႏွင့္ ျပန္႔ပြားမႈကုိ တားဆီးေဆာင္ရြက္ေနသည့္ ေဒသႏၱရအာဏာပုိင္မ်ားကုိ ကူညီပံ့ပုိးျဖန္႔ေဝမည္ျဖစ္ေၾကာင္းသိရသည္။

ယခုလွဴဒါန္းမႈသည္ Unilever ၏ ကမာၻလံုးဆိုင္ရာ ကတိဂ၀တ္ တစိတ္တေဒသျဖစ္ျပီး ကုန္ပစၥည္းမ်ားလွဴဒါန္းႏိုုင္ျခင္းေၾကာင့္ ေရာင္းခ်၊ ၀ယ္ယူမႈႏွင့္ သယ္ယူေရးပိုင္းတြင္ ကုန္က်စရိတ္မ်ား သက္သာေစႏိုင္ျခင္းမ်ား ျဖစ္ေပၚေစေၾကာင္း Unilever အီးေအစီ ျမန္မာကုမၸဏီလိမိတက္ အုပ္ခ်ဳပ္မူဒါရုိက္တာႏွင့္ ယူနီလီဗာ (ျမန္မာ၊ ကေမၻာဒီးယား၊ လာအုိ) ၏ အၾကီးအကဲျဖစ္သူ ရွရီခန္႔ရွရီဗာဆမတ္ဟဗန္က ေျပာသည္။

“အခုလွဴဒါန္းမူဟာ ကုလသမဂၢအဖြဲ႔အစည္းကုိ ၂၀၂၀ ခုႏွစ္မကုန္မီ ယူရုိ ၅၀ သန္းတန္ဖုိးနဲ႔ညီမွ်တဲ့  တကုိယ္ေရ/အိမ္သုံး သန္႔ရွင္းေရးပစၥည္းေတြ ေပးအပ္သြားမည္ဆုိတဲ့ Unilever ရဲ႕ ကမာၻလုံးဆုိင္ရာ ကတိဂဝတ္ရဲ႕ တစိတ္တေဒသျဖစ္ပါတယ္၊ အခုလုိ ကုန္ပစၥည္းေတြကို လွဴဒါန္းလုိက္ႏုိင္မူေၾကာင့္ ကုလသမဂၢေအဂ်င္အေနနဲ႔   ေရာင္းခ်သူရွာဖုိ႔၊ ဝယ္ဖုိ႔ နဲ႔ သယ္ယူပုိ႔ေဆာင္ဖုိ႔  ၾကာျမင့္ခ်ိန္ေတြကုိ ေလ်ွာ့ခ်ႏုိင္သလုိ ကုန္က်စရိတ္လည္း သက္သာေစတာမုိ႔ အေရပါတဲ့လွဴဒါန္းမူတခုအျဖစ္ ဝမ္းေျမာက္မိပါတယ္” ဟု Unilever အီးေအစီ ျမန္မာကုမၸဏီလိမိတက္ အုပ္ခ်ဳပ္မူဒါရုိက္တာႏွင့္ Unilever (ျမန္မာ၊ ကေမၻာဒီးယား၊ လာအုိ) ၏ အၾကီးအကဲျဖစ္သူ ရွရီခန္႔ ရွရီဗာဆမတ္ဟဗန္က ေျပာသည္။

UNHCR အေနျဖစ္ က်န္းမာေရးအသိပညာေပးလွုပ္ရွားမူ႕မ်ားႏွင့္ တႏုိင္ငံလုံးရွိ က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာနမ်ားအား တုိက္ရုိက္ ကူညီပံ့ပုိးမႈမ်ား ေဆာင္ရြက္ျခင္းအပါအဝင္ ကမၻာလုံးဆုိင္ရာ ကပ္ေရာဂါအေပၚ အေရးေပၚတုန္႔ျပန္မူ႔မ်ား အရွိန္ျမင့္တင္ေဆာင္ရြက္ေနစဥ္ အခ်ိန္ကုိက္ရလာေသာ Unilever ၏ လွဴဒါန္းမႈသည္ အေရးပါလွေၾကာင္းသိရသည္။

ယခုလွဴဒါန္းမႈသည္ ကမၻာအႏွံ႔ရွိ ဒုကၡသည္မ်ားႏွင့္ အျခားေသာ UNHCR ၏ စီမံကိန္းလုပ္ငန္းေပါင္း (၄၀) ေက်ာ္သုိ႔ ဆပ္ျပာခဲ သန္းေပါင္း (၃၀) ေက်ာ္နွင့္ အျခားပစၥည္းမ်ားပံ့ပုိးေပးမည့္ ကမာၻလုံးဆုိင္ရာလွဴဒါန္းမူ၏ အစိတ္အပုိင္းတခုျဖစ္သည္။

#Unicode

UNHCR နှင့် Unilever တို့မှ မြန်မာနိုင်ငံတွင် Coronavirs တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးအတွက် ဆပ်ပြာခဲ (၆) သိန်းကျော်နှင့် အခြားပစ္စည်းများပံ့ပိုးပေးအပ်ခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR နှင့် Unilever တို့သည် နေရပ်စွန့်ခွာနေထိုင်ရသူနှင့် ယင်းတို့အားလက်ခံကူညီပေးကြသည့် လူမူအသိုင်းအဝန်းများအပါအဝင် မြန်မာပြည်တွင်းရှိ ကူညီပံ့ပိုးမူလိုအပ်နေသေးသည့် မိသားစုများ၏ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးအတွက် တိုးမြင့်လုပ်ဆောင်ရန် အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာကုမ္ပဏီမှ COVID-19 ကာကွယ်တာဆီးရေးအတွက် ဆပ်ပြာခဲ ၆၀၈,ဝ၀ဝ ကို လှူဒါန်းခဲ့သည်။

“လက်ဆေးခြင်းက ရောဂါပြန့်နှံ့မူကို ကာကွယ်တာဆီးပေးဖို့ အခြေခံအကျဆုံးဖြစ်ပြီး အထိရောက်ဆုံးနည်းလမ်းလည်းဖြစ်ပါတယ်၊ အထိခိုက်အလွယ်ဆုံးသူများအနေနဲ့ သူတို့ရဲ့လက်တွေစင်ကြယ်အောင် ဆေးကြောခွင့်ရကြမယ်ဆိုရင် အသက်တွေကိုလည်း ကယ်တင်နိုင်မှာဖြစ်ပါတယ်၊ ပြီးတော့ Unilever ကိုလည်း အခုလို ရက်ရက်ရောရော လှူဒါန်းပေးမူအတွက် ကျေးဇူးတင်ပါတယ်” ဟု UNHCR မြန်မာယာယီဌာနေကိုယ်စားလှယ် Cecile Fradot ကပြောသည်။

တကိုယ်ရေသန့်ရှင်းရေးပစ္စည်းများသည် ကချင်၊ ရှမ်းမြောက်ပိုင်း၊ ရခိုင်၊ ကယားနှင့် ကရင်ပြည်နယ်များသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာနေရသူ မိသားစုများနှင့် လိုအပ်နေသော အခြားရပ်ရွာလူထုများကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဌာနများနှင့် COVID-19 ကူးစက်မူ့နှင့် ပြန့်ပွားမှုကို တားဆီးဆောင်ရွက်နေသည့် ဒေသန္တရအာဏာပိုင်များကို ကူညီပံ့ပိုးဖြန့်ဝေမည်ဖြစ်ကြောင်းသိရသည်။

ယခုလှူဒါန်းမှုသည် Unilever ၏ ကမ္ဘာလုံးဆိုင်ရာ ကတိဂဝတ် တစိတ်တဒေသဖြစ်ပြီး ကုန်ပစ္စည်းများလှူဒါန်းနိုင်ခြင်းကြောင့် ရောင်းချ၊ ဝယ်ယူမှုနှင့် သယ်ယူရေးပိုင်းတွင် ကုန်ကျစရိတ်များ သက်သာစေနိုင်ခြင်းများ ဖြစ်ပေါ်စေကြောင်း Unilever အီးအေစီ မြန်မာကုမ္ပဏီလိမိတက် အုပ်ချုပ်မူဒါရိုက်တာနှင့် Unilever (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို) ၏ အကြီးအကဲဖြစ်သူ ရှရီခန့်ရှရီဗာဆမတ်ဟဗန်က ပြောသည်။

“အခုလှူဒါန်းမူဟာ ကုလသမဂ္ဂအဖွဲ့အစည်းကို ၂၀၂၀ ခုနှစ်မကုန်မီ ယူရို ၅၀ သန်းတန်ဖိုးနဲ့ညီမျှတဲ့ တကိုယ်ရေ/အိမ်သုံး သန့်ရှင်းရေးပစ္စည်းတွေ ပေးအပ်သွားမည်ဆိုတဲ့ Unilever ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကတိဂဝတ်ရဲ့ တစိတ်တဒေသဖြစ်ပါတယ်၊ အခုလို ကုန်ပစ္စည်းတွေကို လှူဒါန်းလိုက်နိုင်မူကြောင့် ကုလသမဂ္ဂအေဂျင်အနေနဲ့ ရောင်းချသူရှာဖို့၊ ဝယ်ဖို့ နဲ့ သယ်ယူပို့ဆောင်ဖို့ ကြာမြင့်ချိန်တွေကို လျှော့ချနိုင်သလို ကုန်ကျစရိတ်လည်း သက်သာစေတာမို့ အရေပါတဲ့လှူဒါန်းမူတခုအဖြစ် ဝမ်းမြောက်မိပါတယ်” ဟု Unilever အီးအေစီ မြန်မာကုမ္ပဏီလိမိတက် အုပ်ချုပ်မူဒါရိုက်တာနှင့် Unilever (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို) ၏ အကြီးအကဲဖြစ်သူ ရှရီခန့် ရှရီဗာဆမတ်ဟဗန်က ပြောသည်။

UNHCR အနေဖြစ် ကျန်းမာရေးအသိပညာပေးလှုပ်ရှားမူ့များနှင့် တနိုင်ငံလုံးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများအား တိုက်ရိုက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခြင်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအပေါ် အရေးပေါ်တုန့်ပြန်မူ့များ အရှိန်မြင့်တင်ဆောင်ရွက်နေစဉ် အချိန်ကိုက်ရလာသော Unilever ၏ လှူဒါန်းမှုသည် အရေးပါလှကြောင်းသိရသည်။

ယခုလှူဒါန်းမှုသည် ကမ္ဘာအနှံ့ရှိ ဒုက္ခသည်များနှင့် အခြားသော UNHCR ၏ စီမံကိန်းလုပ်ငန်းပေါင်း (၄၀) ကျော်သို့ ဆပ်ပြာခဲ သန်းပေါင်း (၃၀) ကျော်နှင့် အခြားပစ္စည်းများပံ့ပိုးပေးမည့် ကမ္ဘာလုံးဆိုင်ရာလှူဒါန်းမူ၏ အစိတ်အပိုင်းတခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.