• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»Virus (ဗိုင္းရပ္စ္) ဆိုတာဘာလဲ?

Virus (ဗိုင္းရပ္စ္) ဆိုတာဘာလဲ?

0
By Editor on May 26, 2020 Featured

#Zawgyi

ဗိုင္းရပ္စ္ (Virus) ဟာ ဗက္တီးရီးယား (Bacteria)၊ ပါရာဆိုက္ (Parasite) လို႔ေခၚတဲ့ ကပ္ပါးေကာင္ေတြနဲ႔ ဘာကြာျခားသလဲ? Virus ဆိုတာဘာလဲ?

Virus ကို အႏုဇီဝၾကည့္မွန္ေျပာင္း Electron Microscope နဲ႔ ၾကည့္ရမယ္၊ ရိုးရိုး Microscope နဲ႔ၾကည့္မယ္ဆိုရင္ သာမန္အားျဖင့္ မျမင္ႏုိင္ဘူး၊ ေကာင္းမြန္ရွင္းလင္းစြာ ျမင္ႏုိင္ဖို႔အတြက္ Electron Microscope ေတာင္မွ မီးေတြနဲ႔ ကြန္ပ်ဴတာေတြနဲ႔ ၾကည့္မွသာ ျမင္ႏိုင္တာျဖစ္ပါတယ္။ အႏုဇီဝအေကာင္ေလးေတြထဲမွာ Virus က အေသးငယ္ဆုံးပဲ။

(Bacterium/Bacteria) ဗက္တီးရီးယား

(Bacterium/Bacteria) ဗက္တီးရီးယား ဆိုတဲ့အေကာင္ေလေတြက ဆဲလ္ေလးေတြနဲ႔ေနတယ္၊ သူတို႔ေတြဟာ မ်ိဳးပြားႏိုင္တဲ့စြမ္းရည္ရွိပါတယ္။

(Parasite) လို႔ေခၚတဲ့ကပ္ပါးေကာင္

Parasite လို႔ေခၚတဲ့ ကပ္ပါးေကာင္အမ်ိဳးစားတစ္ခုျဖစ္တဲ့ ငွက္ဖ်ားပိုးလိုဟာမ်ိဳးေတြရွိတယ္၊ အဲ့ပိုးေတြက ၾကီးထြားတယ္၊ အဆင့္အမ်ိဳးမ်ိဳးေျပာင္းတယ္၊ သူတို႔ရဲ႕ ဘဝသံသရာ (Life Cycle) ဆိုတာရွိတယ္၊ အဆင့္အမ်ိဳးမ်ိဳးေျပာင္းျပီး “ျခင္”ထဲကိုဝင္သြားတယ္၊ အဲ့ဒီကေန အဆင့္ဆင့္ေျပာင္းလဲပုံေတြကို Electron Microscope ထဲမွာ ၾကည့္လို႔ရတယ္။ ဒါဟာ Parasite ဆိုတဲ့ ကပ္ပါးေကာင္ေလးေတြ ေသြးဥထဲကိုဝင္တယ္၊ ေသြးေတြေပါက္ထြက္ကုန္တယ္၊ ဒီလို အေသးအမႊားေလးေတြအစ ၾကည့္ရႈႏိုင္တယ္။ အဲဒီအမ်ိဳးစားေတြထဲမွာ (Bacterium) ဗက္တီးရီးယား၊ (Parasite) လို႔ေခၚတဲ့ကပ္ပါးေကာင္ေတြထက္ Virus ဟာအေသးငယ္ဆုံးျဖစ္ပါတယ္။

Virus (ဗိုင္းရပ္စ္)

Virus နဲ႔ပတ္သက္ျပီးေျပာရမယ္ဆိုရင္ တခ်ိဳ႕က အသက္ရွိတဲ့အရာမဟုတ္ဘူးလို႔ သုံးသပ္ၾကတယ္။ (Bacterium) ဗက္တီးရီးယား၊ (Parasite) လို႔ေခၚတဲ့ ကပ္ပါးေကာင္ေတြကိုေတာ့ သက္ရွိလို႔သတ္မွတ္ၾကတယ္။ Virus ကိုေတာ့ ဘာေၾကာင့္ အသက္မရွိဘူးလို႔ေျပာၾကတာလဲ။ Virus ဖြဲ႔စည္းပုံဟာ မ်ိဳးရိုးဗီဇပါဝင္တဲ့ ေမာ္လီက်ဴးေလးေတြျဖစ္တယ္၊ ဆံခ်ည္မွ်င္ထက္ေတာင္ ေသးငယ္ပါတယ္။ အမႈန္အမႊား ေမာ္လီက်ဴးေလးသာျဖစ္ျပီး (Bacterium) ဗက္တီးရီးယား၊ (Parasite) လို႔ေခၚတဲ့ကပ္ပါးေကာင္ ေတြလိုမ်ိဳး မ်ိဳးမပြားႏိုင္ပါဘူး၊ အဲ့ဒါေၾကာင့္ Virus ကို သက္ရွိအျဖစ္ မသတ္မွတ္တာျဖစ္တယ္။

Virus ဆိုတဲ့စကားလုံးက Varion ဆိုတဲ့လက္တင္စကားက ဆင္းသက္လာျပီး သူ႔အဓိပၸာယ္က (Poison) အဆိပ္လို႔ အဓိပၸါယ္ရတယ္။ ဒီအမႈန္ေလး ေသးေသးေလးတစ္ခုက Virus/အဆိပ္ျဖစ္ျပီး လူေတြရဲ႕ ဆဲလ္၊ တိရိစာၦန္ေတြရဲ႕ဆဲလ္၊ သစ္ပင္ေတြရဲ႕ ဆဲလ္ေတြထဲ ဝင္သြားျပီးရင္မွ စတင္ပြားတာျဖစ္ပါတယ္၊ မ်ိဳးပြားတာမဟုတ္ပဲ အေကာင္ေရပြားတာျဖစ္ပါတယ္။

(ဥပမာ- ဓာတ္ပုံ Copy ပြားတာနဲ႔ တူညီပါတယ္)။ Virus ကိုမ်ိဳးရိုဗီဇနဲ႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။ မ်ိဳးရိုးဗီဇပါလို႔ တစ္ခ်ိဳ႕က သက္ရွိလို႔သတ္မွတ္ေပမယ့္၊ မ်ိဳးမပြားႏိုင္တဲ့အတြက္ သက္ရွိမဟုတ္ပါဘူး။ Virus ကို သတ္လို႔မရတာေတြရွိတယ္၊ လူထဲေရာက္မွ ေသေအာင္ျပန္လုပ္ရတာေတြရွိပါတယ္။ ဒါေပမယ့္ Virus ေတာ္ေတာ္မ်ားမ်ားက သူအလိုလို ကြယ္ေပ်ာက္တာမ်ားပါတယ္။

လူခႏၶာကိုယ္ထဲဝင္သြားရင္ေတာင္ တခ်ိဳ႕ Virus ေတြဟာ သူ႔လိုလို ေသႏိုင္ပါတယ္။ ဒါေပမယ့္ Virus ဟာ သူ႔အလိုလိုမပ်က္စီးခင္ တိုက္ခိုက္လိုက္တဲ့ဒဏ္က Corona Virus လိုမ်ိဳး အဆုတ္ၾကီးတစ္ခုလုံး ပ်က္စီးသြားတာမ်ိဳး၊ တစ္ရွဴးဆဲလ္ေတြ ပ်က္စီးသြားတာမ်ိဳး ျဖစ္ေစပါတယ္။ ကိုယ္ခႏၶာရဲ႕ အစိတ္ပိုင္းတစ္ခ်ိဳ႕ ပ်က္စီးသြားတဲ့အတြက္ လူကို ေသေစႏိုင္ပါတယ္။ ဒါေၾကာင့္ Virus ဟာ (Poison) အဆိပ္ ျဖစ္တဲ့အတြက္ေၾကာင့္ လူေတြကို တိုက္ခိုက္တာျဖစ္ပါတယ္။

Virus ဟာ သူ႔ပုံတူပြားဖို႔အတြက္ လူ၊ တိရိစာၦန္၊ သစ္ပင္ တစ္ခုခုရဲ႕ ကလက္စီးလိုအပ္ပါတယ္။ လူေတြစီ Virus ေရာက္ဖို႔ဆိုရင္ အေရျပား၊ ပါးစပ္၊ ႏွာေခါင္း၊ မ်က္စိ၊ နားထဲကဝင္တဲ့ Virus ရွိတယ္။ လိင္ကေနတစ္ဆင့္ကူးတဲ့ Virus ရွိတယ္။ အမ်ိဳးမ်ိဳး ဝင္ေပါက္ေတြရွိတဲ့အထဲကမွ ကိုရိုနာဗိုင္းရပ္က အသက္ရွဴလမ္းေၾကာင္းကေန ကူးစက္တဲ့ Virus ျဖစ္ပါတယ္။

ဝက္သက္ေရာဂါ၊ HIV၊ ေသြးလြန္တုတ္ေကြး၊ ေခြးရူးျပန္၊ အသဲေရာင္ (B) ပိုး၊ (C) ပိုးေတြ၊ ေရယုန္၊ ေရေျခာက္၊ လိင္အဂၤါၾကြက္ႏို႔၊ ပိုလီယို စတာေတြက Virus ကေနတစ္ဆင့္ ျဖစ္ပြားတဲ့ေရာဂါေတြျဖစ္ပါတယ္။ Virus ပိုးတစ္ခ်ိဳ႕ဟာ ေခြး၊ ျခင္ မွာ အရင္ကူးစက္ခံရျပီးမွ လူကို ကူးစက္တာျဖစ္ပါတယ္။ ဒါေပမယ့္ အေပၚမွာေဖာ္ျပခဲ့တဲ့ Virus ကုိတြန္းလွန္ဖို႔ ကာကြယ္ေဆးေတြ ထြက္ရွိျပီးသားျဖစ္ပါတယ္။ Virus ကို ခုခံႏိုင္တဲ့ ေသြးေတြထဲကေန ကာကြယ္ေဆးထုတ္လုပ္ၾကတာျဖစ္ပါတယ္။

Corona Virus ကို ကာကြယ္ဖို႔ဆိုရင္ ထိုနည္းတူ ျပဳလုပ္ရမွာျဖစ္ပါတယ္။ တစ္ခ်ိဳ႕နည္းလမ္းေတြကေတာ့ Virus ေတြကို ယဥ္ပါးေအာင္ေမြးျပီး ကာကြယ္ေဆးအေနနဲ႔ ပိုးကိုျပန္ထိုးသြင္းတာေတြ ျပဳလုပ္ရပါတယ္။

ဥပမာ-ဝက္သက္ေရာဂါ၊ အသဲေရာင္ (B) ပိုး၊ (C) ပိုး စသျဖင့္ေပါ့။ Corona Virus ကာကြယ္ေဆးထုတ္ဖို႔အတြက္ကေတာ့ အဆင့္ေတြမ်ားတဲ့အတြက္ အခ်ိန္ၾကာမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္  Virus ေတြဟာ မ်ိဳးရိုးဗီဇ အျမဲေျပာင္းေနတဲ့အတြက္ေၾကာင့္ တစ္ႏွစ္နဲ႔တစ္ႏွစ္ မ်ိဳးရိုးဗီဇ ေျပာင္းလဲေနတတ္ပါတယ္။

ဥပမာ- တုတ္ေကြး Virus ကာကြယ္ေဆးကို တစ္ၾကိမ္ထိုးရုံေလာက္နဲ႔ မရပါဘူး၊ ေနာက္တစ္ႏွစ္မွာ မ်ိဳးရိုးဗီဇ ေျပာင္းလဲသြားႏိုင္တဲ့အတြက္ အျမဲတမ္း ျပန္ထိုးဖို႔လိုအပ္ပါတယ္။ Corona Virus ကာကြယ္ေဆးဟာ ဘယ္အခ်ိန္ရမလဲဆိုတာ မသိတဲ့အတြက္ မိမိကိုယ္တိုင္က အစျပဳကာကြယ္ဖို႔ျဖစ္ပါတယ္။

ကဲ  Virus ဟာဘယ္လိုပုံစံလဲ၊ (Bacterium) ဗက္တီးရီးယား၊ (Parasite) လို႔ေခၚတဲ့ကပ္ပါးေကာင္ေတြနဲ႔ မတူဘူးဆိုတာကိုနာလည္ထားဖို႔လိုတယ္ေနာ္။

#Unicode

ဗိုင်းရပ်စ် (Virus) ဟာ ဗက်တီးရီးယား (Bacteria)၊ ပါရာဆိုက် (Parasite) လို့ခေါ်တဲ့ ကပ်ပါးကောင်တွေနဲ့ ဘာကွာခြားသလဲ? Virus ဆိုတာဘာလဲ?

Virus ကို အနုဇီဝကြည့်မှန်ပြောင်း Electron Microscope နဲ့ ကြည့်ရမယ်၊ ရိုးရိုး Microscope နဲ့ကြည့်မယ်ဆိုရင် သာမန်အားဖြင့် မမြင်နိုင်ဘူး၊ ကောင်းမွန်ရှင်းလင်းစွာ မြင်နိုင်ဖို့အတွက် Electron Microscope တောင်မှ မီးတွေနဲ့ ကွန်ပျူတာတွေနဲ့ ကြည့်မှသာ မြင်နိုင်တာဖြစ်ပါတယ်။ အနုဇီဝအကောင်လေးတွေထဲမှာ Virus က အသေးငယ်ဆုံးပဲ။

(Bacterium/Bacteria) ဗက်တီးရီးယား

(Bacterium/Bacteria) ဗက်တီးရီးယား ဆိုတဲ့အကောင်လေတွေက ဆဲလ်လေးတွေနဲ့နေတယ်၊ သူတို့တွေဟာ မျိုးပွားနိုင်တဲ့စွမ်းရည်ရှိပါတယ်။

(Parasite) လို့ခေါ်တဲ့ကပ်ပါးကောင်

Parasite လို့ခေါ်တဲ့ ကပ်ပါးကောင်အမျိုးစားတစ်ခုဖြစ်တဲ့ ငှက်ဖျားပိုးလိုဟာမျိုးတွေရှိတယ်၊ အဲ့ပိုးတွေက ကြီးထွားတယ်၊ အဆင့်အမျိုးမျိုးပြောင်းတယ်၊ သူတို့ရဲ့ ဘဝသံသရာ (Life Cycle) ဆိုတာရှိတယ်၊ အဆင့်အမျိုးမျိုးပြောင်းပြီး “ခြင်”ထဲကိုဝင်သွားတယ်၊ အဲ့ဒီကနေ အဆင့်ဆင့်ပြောင်းလဲပုံတွေကို Electron Microscope ထဲမှာ ကြည့်လို့ရတယ်။ ဒါဟာ Parasite ဆိုတဲ့ ကပ်ပါးကောင်လေးတွေ သွေးဥထဲကိုဝင်တယ်၊ သွေးတွေပေါက်ထွက်ကုန်တယ်၊ ဒီလို အသေးအမွှားလေးတွေအစ ကြည့်ရှုနိုင်တယ်။ အဲဒီအမျိုးစားတွေထဲမှာ (Bacterium) ဗက်တီးရီးယား၊ (Parasite) လို့ခေါ်တဲ့ကပ်ပါးကောင်တွေထက် Virus ဟာအသေးငယ်ဆုံးဖြစ်ပါတယ်။

Virus (ဗိုင်းရပ်စ်)

Virus နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် တချို့က အသက်ရှိတဲ့အရာမဟုတ်ဘူးလို့ သုံးသပ်ကြတယ်။ (Bacterium) ဗက်တီးရီးယား၊ (Parasite) လို့ခေါ်တဲ့ ကပ်ပါးကောင်တွေကိုတော့ သက်ရှိလို့သတ်မှတ်ကြတယ်။ Virus ကိုတော့ ဘာကြောင့် အသက်မရှိဘူးလို့ပြောကြတာလဲ။ Virus ဖွဲ့စည်းပုံဟာ မျိုးရိုးဗီဇပါဝင်တဲ့ မော်လီကျူးလေးတွေဖြစ်တယ်၊ ဆံချည်မျှင်ထက်တောင် သေးငယ်ပါတယ်။ အမှုန်အမွှား မော်လီကျူးလေးသာဖြစ်ပြီး (Bacterium) ဗက်တီးရီးယား၊ (Parasite) လို့ခေါ်တဲ့ကပ်ပါးကောင် တွေလိုမျိုး မျိုးမပွားနိုင်ပါဘူး၊ အဲ့ဒါကြောင့် Virus ကို သက်ရှိအဖြစ် မသတ်မှတ်တာဖြစ်တယ်။

Virus ဆိုတဲ့စကားလုံးက Varion ဆိုတဲ့လက်တင်စကားက ဆင်းသက်လာပြီး သူ့အဓိပ္ပာယ်က (Poison) အဆိပ်လို့ အဓိပ္ပါယ်ရတယ်။ ဒီအမှုန်လေး သေးသေးလေးတစ်ခုက Virus/အဆိပ်ဖြစ်ပြီး လူတွေရဲ့ ဆဲလ်၊ တိရိစ္ဆာန်တွေရဲ့ဆဲလ်၊ သစ်ပင်တွေရဲ့ ဆဲလ်တွေထဲ ဝင်သွားပြီးရင်မှ စတင်ပွားတာဖြစ်ပါတယ်၊ မျိုးပွားတာမဟုတ်ပဲ အကောင်ရေပွားတာဖြစ်ပါတယ်။

(ဥပမာ- ဓာတ်ပုံ Copy ပွားတာနဲ့ တူညီပါတယ်)။ Virus ကိုမျိုးရိုဗီဇနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ မျိုးရိုးဗီဇပါလို့ တစ်ချို့က သက်ရှိလို့သတ်မှတ်ပေမယ့်၊ မျိုးမပွားနိုင်တဲ့အတွက် သက်ရှိမဟုတ်ပါဘူး။ Virus ကို သတ်လို့မရတာတွေရှိတယ်၊ လူထဲရောက်မှ သေအောင်ပြန်လုပ်ရတာတွေရှိပါတယ်။ ဒါပေမယ့် Virus တော်တော်များများက သူအလိုလို ကွယ်ပျောက်တာများပါတယ်။

လူခန္ဓာကိုယ်ထဲဝင်သွားရင်တောင် တချို့ Virus တွေဟာ သူ့လိုလို သေနိုင်ပါတယ်။ ဒါပေမယ့် Virus ဟာ သူ့အလိုလိုမပျက်စီးခင် တိုက်ခိုက်လိုက်တဲ့ဒဏ်က Corona Virus လိုမျိုး အဆုတ်ကြီးတစ်ခုလုံး ပျက်စီးသွားတာမျိုး၊ တစ်ရှူးဆဲလ်တွေ ပျက်စီးသွားတာမျိုး ဖြစ်စေပါတယ်။ ကိုယ်ခန္ဓာရဲ့ အစိတ်ပိုင်းတစ်ချို့ ပျက်စီးသွားတဲ့အတွက် လူကို သေစေနိုင်ပါတယ်။ ဒါကြောင့် Virus ဟာ (Poison) အဆိပ် ဖြစ်တဲ့အတွက်ကြောင့် လူတွေကို တိုက်ခိုက်တာဖြစ်ပါတယ်။

Virus ဟာ သူ့ပုံတူပွားဖို့အတွက် လူ၊ တိရိစ္ဆာန်၊ သစ်ပင် တစ်ခုခုရဲ့ ကလက်စီးလိုအပ်ပါတယ်။ လူတွေစီ Virus ရောက်ဖို့ဆိုရင် အရေပြား၊ ပါးစပ်၊ နှာခေါင်း၊ မျက်စိ၊ နားထဲကဝင်တဲ့ Virus ရှိတယ်။ လိင်ကနေတစ်ဆင့်ကူးတဲ့ Virus ရှိတယ်။ အမျိုးမျိုး ဝင်ပေါက်တွေရှိတဲ့အထဲကမှ ကိုရိုနာဗိုင်းရပ်က အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ Virus ဖြစ်ပါတယ်။

ဝက်သက်ရောဂါ၊ HIV၊ သွေးလွန်တုတ်ကွေး၊ ခွေးရူးပြန်၊ အသဲရောင် (B) ပိုး၊ (C) ပိုးတွေ၊ ရေယုန်၊ ရေခြောက်၊ လိင်အင်္ဂါကြွက်နို့၊ ပိုလီယို စတာတွေက Virus ကနေတစ်ဆင့် ဖြစ်ပွားတဲ့ရောဂါတွေဖြစ်ပါတယ်။ Virus ပိုးတစ်ချို့ဟာ ခွေး၊ ခြင် မှာ အရင်ကူးစက်ခံရပြီးမှ လူကို ကူးစက်တာဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်မှာဖော်ပြခဲ့တဲ့ Virus ကိုတွန်းလှန်ဖို့ ကာကွယ်ဆေးတွေ ထွက်ရှိပြီးသားဖြစ်ပါတယ်။ Virus ကို ခုခံနိုင်တဲ့ သွေးတွေထဲကနေ ကာကွယ်ဆေးထုတ်လုပ်ကြတာဖြစ်ပါတယ်။

Corona Virus ကို ကာကွယ်ဖို့ဆိုရင် ထိုနည်းတူ ပြုလုပ်ရမှာဖြစ်ပါတယ်။ တစ်ချို့နည်းလမ်းတွေကတော့ Virus တွေကို ယဉ်ပါးအောင်မွေးပြီး ကာကွယ်ဆေးအနေနဲ့ ပိုးကိုပြန်ထိုးသွင်းတာတွေ ပြုလုပ်ရပါတယ်။

ဥပမာ-ဝက်သက်ရောဂါ၊ အသဲရောင် (B) ပိုး၊ (C) ပိုး စသဖြင့်ပေါ့။ Corona Virus ကာကွယ်ဆေးထုတ်ဖို့အတွက်ကတော့ အဆင့်တွေများတဲ့အတွက် အချိန်ကြာမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Virus တွေဟာ မျိုးရိုးဗီဇ အမြဲပြောင်းနေတဲ့အတွက်ကြောင့် တစ်နှစ်နဲ့တစ်နှစ် မျိုးရိုးဗီဇ ပြောင်းလဲနေတတ်ပါတယ်။

ဥပမာ- တုတ်ကွေး Virus ကာကွယ်ဆေးကို တစ်ကြိမ်ထိုးရုံလောက်နဲ့ မရပါဘူး၊ နောက်တစ်နှစ်မှာ မျိုးရိုးဗီဇ ပြောင်းလဲသွားနိုင်တဲ့အတွက် အမြဲတမ်း ပြန်ထိုးဖို့လိုအပ်ပါတယ်။ Corona Virus ကာကွယ်ဆေးဟာ ဘယ်အချိန်ရမလဲဆိုတာ မသိတဲ့အတွက် မိမိကိုယ်တိုင်က အစပြုကာကွယ်ဖို့ဖြစ်ပါတယ်။

ကဲ Virus ဟာဘယ်လိုပုံစံလဲ၊ (Bacterium) ဗက်တီးရီးယား၊ (Parasite) လို့ခေါ်တဲ့ကပ်ပါးကောင်တွေနဲ့ မတူဘူးဆိုတာကိုနာလည်ထားဖို့လိုတယ်နော်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.