Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Zoland Army မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် – ၁ တွင် အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်

Zoland Army မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် – ၁ တွင် အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်

0
By Editor on October 28, 2024 Khonumthung

(006SV)

ချင်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသော PDF- Zoland သည် မကြာသေးခင်ရက်ပိုင်းက Zoland Army မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် – ၁ ကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သော အပတ်ထဲက လွတ်မြောက်နယ်မြေတစ်နေရာမှာ Zoland Army မွမ်းမံသင်တန်း အပတ်စဉ် – ၁ ကို ကျင်းပခဲ့ကြခြင်းဖြစ်ပြီး သင်တန်းသားထဲတွင် အမျိုးသမီးရဲဘော် ၂၀ ဝန်းကျင်ခန့်က ပါဝင်သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုဘတ်က ပြောသည်။

“အဲဒီတန်းမြှင့်သင်တန်းမှာ အမျိုးသမီးရဲဘော် ၂၀ နီးပါးလောက် ပါဝင်တယ်။ ရာခိုင်နှုန်းကတော့ ၃၀ လောက်ပေါ့နော်။ တန်းမြှင်သင်တန်းဆိုတာ ကျနော်တို့တပ်ဖွဲ့ရဲ့ ရေရှည်အတွက်ဖြစ်ပါတယ်” ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြန်မာပြည် စစ်အာဏာရှင်လက်မှ လွတ်မြောက်ဖို့ရန် Zoland Army မွမ်းမံတန်းမြှင့်သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပထားပြီးဖြစ်ကြောင်း PDF Zoland ကလည်း ထုတ်ပြန်သည်။

မွမ်းမံတန်းမြှင့်သင်တန်းဆင်းပွဲကို PDF – Zoland သင်တန်းသူ/သား ၇၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ယင်းအဖွဲ့မှ ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရသည်။

မွမ်းမံတန်းမြင့်သင်တန်းများကိုလည်း ထပ်မံပြုလုပ်သွားရန် အစီအစဉ်များလည်း ရှိကြောင်း၊ Zoland Army မွမ်းမံသင်တန်းများသည် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများ၊ လွတ်မြောက်နယ်မြေများ ဖန်တီးရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

PDF- Zoland သည် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်တွင် စစ်အာဏာရှင်တော်လှန်ရေး ဆောင်ရွက်နေသာ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.