Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Zoland Army မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် – ၁ တွင် အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်

Zoland Army မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် – ၁ တွင် အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်

0
By Editor on October 28, 2024 Khonumthung

(006SV)

ချင်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသော PDF- Zoland သည် မကြာသေးခင်ရက်ပိုင်းက Zoland Army မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် – ၁ ကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သော အပတ်ထဲက လွတ်မြောက်နယ်မြေတစ်နေရာမှာ Zoland Army မွမ်းမံသင်တန်း အပတ်စဉ် – ၁ ကို ကျင်းပခဲ့ကြခြင်းဖြစ်ပြီး သင်တန်းသားထဲတွင် အမျိုးသမီးရဲဘော် ၂၀ ဝန်းကျင်ခန့်က ပါဝင်သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုဘတ်က ပြောသည်။

“အဲဒီတန်းမြှင့်သင်တန်းမှာ အမျိုးသမီးရဲဘော် ၂၀ နီးပါးလောက် ပါဝင်တယ်။ ရာခိုင်နှုန်းကတော့ ၃၀ လောက်ပေါ့နော်။ တန်းမြှင်သင်တန်းဆိုတာ ကျနော်တို့တပ်ဖွဲ့ရဲ့ ရေရှည်အတွက်ဖြစ်ပါတယ်” ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြန်မာပြည် စစ်အာဏာရှင်လက်မှ လွတ်မြောက်ဖို့ရန် Zoland Army မွမ်းမံတန်းမြှင့်သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပထားပြီးဖြစ်ကြောင်း PDF Zoland ကလည်း ထုတ်ပြန်သည်။

မွမ်းမံတန်းမြှင့်သင်တန်းဆင်းပွဲကို PDF – Zoland သင်တန်းသူ/သား ၇၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ယင်းအဖွဲ့မှ ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရသည်။

မွမ်းမံတန်းမြင့်သင်တန်းများကိုလည်း ထပ်မံပြုလုပ်သွားရန် အစီအစဉ်များလည်း ရှိကြောင်း၊ Zoland Army မွမ်းမံသင်တန်းများသည် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများ၊ လွတ်မြောက်နယ်မြေများ ဖန်တီးရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

PDF- Zoland သည် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်တွင် စစ်အာဏာရှင်တော်လှန်ရေး ဆောင်ရွက်နေသာ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.