Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များကို ရိက္ခာနှင့်အဝတ်ထည်များ ကူညီထောက်ပံ့

ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များကို ရိက္ခာနှင့်အဝတ်ထည်များ ကူညီထောက်ပံ့

0
By Editor on March 15, 2023 Headline

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organization (ZORO) အဖွဲ့က မြန်မာစစ်ဘေးရှောင်များထံသွားရောက်ပြီး ရိက္ခာနှင့် အဝတ်ထည်များ ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ZORO အဖွဲ့ ဒုဥက္ကဌ Pu R. Lalchhuana ဦးဆောင်သော ZORO Refugee Committee Team သည် အိုင်ဇောလ်ခရိုင်အတွင်းရှိ Sihhmui နှင့် မာမစ်ခရိုင်းအတွင်းရှိ Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများထံ မတ်လ ၁၄ ရက်နေ့က သွားရောက်ကာ အထောက်အပံ့များ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဒေသတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ၎င်းတို့အဖွဲ့ဝင် စေတနာရှင်ပုဂ္ဂိုလ်များထံ အရေးပေါ်အလှူငွေများကောက်ခံကာ ဆန်အိတ် ၂၀၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊ ဆီနှင့် အဝတ်အထည်များ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

“အဲဒီဒေသက စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီဆိုတာ ကျနော်တို့ ကြားသိရတဲ့နောက်မှာ အရေးပေါ်အနေနဲ့ ကျနော်တို့အဖွဲ့ဝင်အချင်းချင်းထံ အလှူငွေတွေကောက်ပြီး ခုလိုသွားရောက်ကူညီခဲ့ကြတာဖြစ်တယ်’’ ဟု ZORO အဖွဲ့ဝင် တစ်ဦးကပြောသည်။

ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင်နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော်လည်း ချင်းအရပ်ဖက်အဖွဲ့အစည်းများကမူ ၅ သောင်းခန့် ရှိကြသည်ဟု ခန့်မှန်းထားကြသည်။

စစ်ဘေးရှောင်အများစုမှာ ချင်းလူမျိုးများဖြစ်ကြပြီး စစ်ဘေးတိမ်းရှောင်လာကြသည်မှာ ၂ နှစ်ခန့်ကြာလာပြီဖြစ်ကာ အလှူရှင်များနည်းပါးလာသည်နှင့်အမျှ စားဝတ်နေရေးပိုင်းမှာလည်း ပိုမိုခက်ခဲလာနေကြသည်ဟု သိရသည်။

Photo credit – Tluanga Chhakchhuak

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.