Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များကို ရိက္ခာနှင့်အဝတ်ထည်များ ကူညီထောက်ပံ့

ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များကို ရိက္ခာနှင့်အဝတ်ထည်များ ကူညီထောက်ပံ့

0
By Editor on March 15, 2023 Headline

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organization (ZORO) အဖွဲ့က မြန်မာစစ်ဘေးရှောင်များထံသွားရောက်ပြီး ရိက္ခာနှင့် အဝတ်ထည်များ ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ZORO အဖွဲ့ ဒုဥက္ကဌ Pu R. Lalchhuana ဦးဆောင်သော ZORO Refugee Committee Team သည် အိုင်ဇောလ်ခရိုင်အတွင်းရှိ Sihhmui နှင့် မာမစ်ခရိုင်းအတွင်းရှိ Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများထံ မတ်လ ၁၄ ရက်နေ့က သွားရောက်ကာ အထောက်အပံ့များ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဒေသတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ၎င်းတို့အဖွဲ့ဝင် စေတနာရှင်ပုဂ္ဂိုလ်များထံ အရေးပေါ်အလှူငွေများကောက်ခံကာ ဆန်အိတ် ၂၀၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊ ဆီနှင့် အဝတ်အထည်များ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

“အဲဒီဒေသက စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီဆိုတာ ကျနော်တို့ ကြားသိရတဲ့နောက်မှာ အရေးပေါ်အနေနဲ့ ကျနော်တို့အဖွဲ့ဝင်အချင်းချင်းထံ အလှူငွေတွေကောက်ပြီး ခုလိုသွားရောက်ကူညီခဲ့ကြတာဖြစ်တယ်’’ ဟု ZORO အဖွဲ့ဝင် တစ်ဦးကပြောသည်။

ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင်နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော်လည်း ချင်းအရပ်ဖက်အဖွဲ့အစည်းများကမူ ၅ သောင်းခန့် ရှိကြသည်ဟု ခန့်မှန်းထားကြသည်။

စစ်ဘေးရှောင်အများစုမှာ ချင်းလူမျိုးများဖြစ်ကြပြီး စစ်ဘေးတိမ်းရှောင်လာကြသည်မှာ ၂ နှစ်ခန့်ကြာလာပြီဖြစ်ကာ အလှူရှင်များနည်းပါးလာသည်နှင့်အမျှ စားဝတ်နေရေးပိုင်းမှာလည်း ပိုမိုခက်ခဲလာနေကြသည်ဟု သိရသည်။

Photo credit – Tluanga Chhakchhuak

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.