Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ZORO ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ တွေ့ဆုံမည်
ပုံစာ - ချင်းပြည်အစိုးရအဖွဲ့ နဲ့ ICNCC/CB ကို ZORO က သီးခြားစီတွေ့ဆုံခဲ့သည့်ပုံ။

ZORO ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ တွေ့ဆုံမည်

0
By Editor on September 20, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ မနက်ဖြန်တွင် အိုင်ဇောလ်မြို့မှာ တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။

ZORO အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ မနက်ဖြန်စက်တင်ဘာလ ၂၁ ရက်စနေနေ့မှာ ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ ချင်းညီနောင်တို့အကြား နိုင်ငံရေး သဘောထားကွဲလွဲမှုများကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

ZORO အဖွဲ့အနေဖြင့် ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC/ ချင်းညီနောင်တို့ကို ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်စလုံးကလည်း ငြိမ်းချမ်းရေး လိုလားကြသည့်အတွက်ကြောင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု ZORO ကဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲကို ZORO ဒုဥက္ကဌလည်းဖြစ် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ပူးလာလ်မွန်ပွီးယာ ပွန်သဲ ရုံးခန်းမှာ စနေနေ့ နေ့လည် ၁၂ နာရီမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ZORO ကထုတ်ပြန်ထားသည်။

ချင်းတော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် တဖက်နှင့်တဖက် ပစ်ခတ်မှုဖြစ်ပွားကာ အသက်သေဆုံးမှုလည်းရှိလာပြီး ညီအကိုအချင်းချင်းကြား သွေးထွက်သံယိုဖြစ်ပွားမှုသည့်အထိ နိုင်ငံရေးသဘောထား ကွဲလွဲမှုရှိလာသည့်အပေါ် မလိုလားသည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် ယခုကဲ့သို့ ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ZORO ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ချင်းပြည်အစိုးရတွင် ဝန်ကြီး ၂ ဦး ထပ်မံခန့်အပ်

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

၃ လအတွင်း တပ်ကြပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား (၁၉) ဦး အလင်းဝင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.