Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ZORO ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ တွေ့ဆုံမည်
ပုံစာ - ချင်းပြည်အစိုးရအဖွဲ့ နဲ့ ICNCC/CB ကို ZORO က သီးခြားစီတွေ့ဆုံခဲ့သည့်ပုံ။

ZORO ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ တွေ့ဆုံမည်

0
By Editor on September 20, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ မနက်ဖြန်တွင် အိုင်ဇောလ်မြို့မှာ တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။

ZORO အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ မနက်ဖြန်စက်တင်ဘာလ ၂၁ ရက်စနေနေ့မှာ ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ ချင်းညီနောင်တို့အကြား နိုင်ငံရေး သဘောထားကွဲလွဲမှုများကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

ZORO အဖွဲ့အနေဖြင့် ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC/ ချင်းညီနောင်တို့ကို ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်စလုံးကလည်း ငြိမ်းချမ်းရေး လိုလားကြသည့်အတွက်ကြောင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု ZORO ကဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲကို ZORO ဒုဥက္ကဌလည်းဖြစ် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ပူးလာလ်မွန်ပွီးယာ ပွန်သဲ ရုံးခန်းမှာ စနေနေ့ နေ့လည် ၁၂ နာရီမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ZORO ကထုတ်ပြန်ထားသည်။

ချင်းတော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် တဖက်နှင့်တဖက် ပစ်ခတ်မှုဖြစ်ပွားကာ အသက်သေဆုံးမှုလည်းရှိလာပြီး ညီအကိုအချင်းချင်းကြား သွေးထွက်သံယိုဖြစ်ပွားမှုသည့်အထိ နိုင်ငံရေးသဘောထား ကွဲလွဲမှုရှိလာသည့်အပေါ် မလိုလားသည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် ယခုကဲ့သို့ ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ZORO ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.