Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကနေဒီတောင်မှာ တပ်စွဲထားသော စစ်ကောင်စီစခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်

ကနေဒီတောင်မှာ တပ်စွဲထားသော စစ်ကောင်စီစခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်

0
By Editor on November 21, 2023 Khonumthung

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို PDF-Zoland တပ်ဖွဲ့က ယနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ 

အင်အား ၃၀ ၀န်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်း ၄ နာရီခန့်ကစ၍ PDF-Zoland တပ်ဖွဲ့က ၀◌င်ရောက်တိုက်ခိုက်ရာမှာ မနက်ပိုင်း ၇ နာရီခန့်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု PDF-Zoland တာ၀◌န်ရှိသူတစ်ဦး ကပြောသည်။ 

“မနက် ၄ နာရီမှာ စတိုက်တာ ၇ နာရီလောက်မှာ စခန်းသိမ်းနိုင်ခဲ့တယ်” ဟု PDF-Zoland တာ၀န်ရှိသူက ပြောသည်။ 

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိကာ အများစုကတော့ ထွက်ပြေးသွားကြသည်ဟု သိရသည်။ 

ကနေဒီတောင် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ၄၀/၆၀ မမ အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။

အဆိုပါစစ်ဆင်ရေးသည် ပူးပေါင်းစစ်ဆင်ရေးမဟုတ်ဘဲ PDF-Zoland တပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုဖြစ်သည်ဟု သိရသည်။ 

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ကလေး-တီးတိန်ကားလမ်ကြီးနဘေးတွင်တည်ရှိသော ကနေဒီတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ၎င်းတောင်ပေါ်မှ ကလေးမြို့ နှင့် ဖလမ်းမြို့ကို လှမ်းမြင်နိင်သည့် စစ်ရေးအတွက် အချက်အချာနေရာတစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.