Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကနေဒီတောင်မှာ တပ်စွဲထားသော စစ်ကောင်စီစခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်

ကနေဒီတောင်မှာ တပ်စွဲထားသော စစ်ကောင်စီစခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်

0
By Editor on November 21, 2023 Khonumthung

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို PDF-Zoland တပ်ဖွဲ့က ယနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ 

အင်အား ၃၀ ၀န်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်း ၄ နာရီခန့်ကစ၍ PDF-Zoland တပ်ဖွဲ့က ၀◌င်ရောက်တိုက်ခိုက်ရာမှာ မနက်ပိုင်း ၇ နာရီခန့်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု PDF-Zoland တာ၀◌န်ရှိသူတစ်ဦး ကပြောသည်။ 

“မနက် ၄ နာရီမှာ စတိုက်တာ ၇ နာရီလောက်မှာ စခန်းသိမ်းနိုင်ခဲ့တယ်” ဟု PDF-Zoland တာ၀န်ရှိသူက ပြောသည်။ 

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိကာ အများစုကတော့ ထွက်ပြေးသွားကြသည်ဟု သိရသည်။ 

ကနေဒီတောင် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ၄၀/၆၀ မမ အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။

အဆိုပါစစ်ဆင်ရေးသည် ပူးပေါင်းစစ်ဆင်ရေးမဟုတ်ဘဲ PDF-Zoland တပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုဖြစ်သည်ဟု သိရသည်။ 

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ကလေး-တီးတိန်ကားလမ်ကြီးနဘေးတွင်တည်ရှိသော ကနေဒီတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ၎င်းတောင်ပေါ်မှ ကလေးမြို့ နှင့် ဖလမ်းမြို့ကို လှမ်းမြင်နိင်သည့် စစ်ရေးအတွက် အချက်အချာနေရာတစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.