ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် မတ်လ(၂၆)ရက်နေ့ နံနက် ၁ဝး၃၀ ဝန်းကျင်ခန့်က မြို့တွင်းကင်းပုန်းဝတ်နေရာယူထားသော CDF – Kanpetlet ရဲဘော်များနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီ ရဲတပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။
ယင်းတိုက်ပွဲတွင် မြို့မရဲစခန်းနှင့်အ.ထ.က ကျောင်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်များမှ လက်နက်ကြီး၊လက်နက်ငယ်ပစ်ကူခဲ့သောကြောင့် မြို့တွင်းနေအိမ်အချို့နှင့် မြို့နီးနားရှိကျေးရွာများတွင်လက်နက်ကြီးကျရောက်မှူကြောင့်ပြည်သူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပြီး CDF-Kanpetlet ရဲဘော်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။