• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက် အကျဆုံးများ

ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက် အကျဆုံးများ

0
By Editor on June 14, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-ကန်ပက်လက်တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွား မှု ဆက်လက်ပြင်းထန်နေပြီး ယမန်နေ့ဇွန်လ ၁၂ ရက်က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အကျဆုံးများသည်ဟု သိရသည်။

CDF-ကန်ပက်လက် တပ်ရင်း၂ Vakok တပ်စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-ကန်ပက်လက်တပ်ဖွဲ့များက ပြန်လည်ဝိုင်းထားပြီးပစ်ခတ်ရာတွင် စစ်ကောင်စီတပ်က Vakok စခန်းကိုမီးရှို့ကာ အင်အားအလုံးအရင်းဖြင့် ကျော့တော်ရွာနှင့် အံပုံရွာအထိ လိုက်လံထိုးစစ်ဆင်လာရာမှာ တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF-ကန်ပက်လက်က ထုတ်ပြန်သည်။

Vakok တပ်စခန်းသည် ဇွန်လ ၁၀ ရက်နေ့ကဖြစ်ပွားသောတိုက်ပွဲအတွင်း လက်နက်အင်အား၊ လူအင်အားမမျှသောကြောင့် CDF-ကန်ပက်လက်က စွန့်လွှတ်လိုက်ရသည့် တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။

Vakok တပ်စခန်း၊ ကျော့တော်ရွာနှင့် အံပုံရွာတို့တွင်ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြပြီး CDF-ကန်ပက်လက်တပ်ဖွဲ့ဝင်များ တစုံတရာထိခိုက်မှုမရှိဘဲ ပြန်လှည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု CDF-ကန်ပက်လက်က ဆိုသည်။

အဆိုပါတိုက်ပွဲပြင်းထန်သည့်နေရာသို့ ကန်ပက်လက်မြို့ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူမပေးနိုင်ရေးအတွက် ထွေအုပ်ရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-ကန်ပက်လက်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု CDF-ကန်ပက်လက်က ထုတ်ပြန်သည်။

တိုက်ပွဲကြောင့် ကျော့တော်နှင့် အံပုံကျေးရွာက ပြည်သူအားလုံးသည်လည်း နီးစပ်တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၂ ရက်နေ့ညက အံပုံကျေးရွာတွင် စခန်းချခဲ့ကြပြီး ကျေးရွာရှိနေအိမ်များ ဖောက်ထွင်းခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ဖမ်းဆီးဖြတ်သတ်စားသောက်ကြကာ ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

CDF- ကန်ပက်လက် တပ်ရင်း ၇ မဟူရာတပ်ရင်းဖက်တွင်လည်း ဇွန်လ ၆ ရက်နေ့က မကွေးတိုင်းဒေသရှိ အပေါကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်ဟု CDF-ကန်ပက်လက်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.