Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ဘွေလီတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများအခက်ကြုံ

မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ဘွေလီတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများအခက်ကြုံ

0
By Editor on July 26, 2024 Headline

(004SS)

ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီ-ပလက်ဝ လမ်းမပေါ်တွင်တည်ရှိသော ဘွေလီချောင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အခက်ကြုံနေကြရကြောင်း ‌သိရသည်။

“အရင်က ဆန်တွေ၊ အိမ်ဆောက်ကိရိယာတွေ စားသုံးကုန်တွေအတွက် အသုံးပြုတဲ့လမ်းဖြစ်တယ်၊ အခုနောက်ပိုင်းမှာ ဘာမှ သယ်လို့မရတော့ဘူးပေါ့၊ ပြီးတော့ ကျွန်တော်တို့ ပလက်ဝဘက် တော်လှန်ရေးသမားတွေအတွက်ရောပဲ ကြန့်ကြာမှုတွေ အခက်အခဲတွေကြုံတာပေါ့၊ ဆိုတော့ ဒီတံတားဖျက်ဆီးခြင်းအားဖြင့် အကုန်လုံးဒုက္ခရောက်နေတာတော့ အမှန်ပါပဲ” ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

‌‌ဘွေလီတံတားပျက်စီးသွားခြင်းကြောင့် ‌ခရီးသွားပြည်သူများသည် ရှောင်ကွင်းလမ်းမှ သွားလာနေကြရပြီး တော်လှန်ရေးတပ်ဖွဲ့များအသုံးပြုခဲ့သည့် ၄ ပေသာသာရှိသော တောလမ်းကိုသာ အသုံးပြုနေရသောကြောင့် များစွာ ခက်ခဲမှုများ ကြုံနေကြရကြောင်း သိရသည်။

ခူမီးလူငယ်တစ်ဦးက “ဘွေလီတံတား မိုင်းခွဲခံလိုက်ရတော့ အခင်းတေအကုန်လုံး မရှိတော့ဘူးပေါ့နော်၊ လူကတော့ ကြိုး စားပြီး သွားမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်၊ ဒါပေမဲ့ ကားတို့ ဆိုင်ကယ်တို့ ဆိုရင်တော့ ဘာမှမရတော့ဘူးပေါ့။ အခု သွားမယ်ဆိုလို့ရှိရင် တောလမ်းကနေပေါ့၊ အဲဒီလမ်းကလဲ တော်တော်လေးဆိုးတယ်၊ လမ်းရယ်လို့မရှိပေမဲ့ လမ်းလိုမျိုး သုံးရတဲ့ဟာပေါ့။ အရင်က နာရီဝက်ပဲသွားရတဲ့ဟာ ခုတော့ ဆိုင်ကယ်နဲ့ ၄ နာရီလောက် သွား‌နေရတယ်။ ဆိုတော့ လမ်းပမ်း ဆက်သွယ်ရေးမှာ တော်တော်ဒုက္ခရောက်ရတာပေါ့နော်” ဟု ပြောသည်။

‌မတူပီ-ပလက်ဝလမ်းပေါ်ရှိ ဘွေလီချောင်းကူးတံတားကို ဇူလိုင်လ ၁၃ ရက်နေ့က CNF/CNA နှင့် အပေါင်းအပါများက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု CDF- Matupi တပ်မဟာ ၁ က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဘွေလီတံတားသည် ပေ ၄၂၀ ရှည်လျားပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မတူပီမြို့နယ်ကတဆင့် ပလက်ဝ၊ ရခိုင်ပြည်နယ်ဘက်နှင့် အိန္ဒိယဘက်သို့သွားလာရာတွင် အဓိကအသုံးပြုသည့် တံတားဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.