• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါ်မြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီလက်ပါးစေ ပျုစောထီး ၃ ဦးသေ

ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါ်မြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီလက်ပါးစေ ပျုစောထီး ၃ ဦးသေ

0
By Editor on February 3, 2022 Khonumthung

ကလေးနယ် တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီနှင့် ကြံသာရွာတို့မှ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့နှင့် စကစတပ်သား စုစုပေါင်းအင်အား (၁၀၀) ကျော်သည် ယနေ့ နံနက် (၉) နာရီအချိန်ခန့်တွင် ကြံသာရွာမှတဆင့် စစ်ကြောင်းများခွဲ၍ မှန်တောရွာအနောက်ဖက်သို့ ခြေလျင်လျှောက်လာကြရာ CDF – KKG တပ်ရင်း (၄) တပ်ဖွဲ့ဝင်များထောင်ထားသည့် တိုက်မိုင်းများကို နှစ်ကြိမ်တိုင်တိုင် တိုက်မိပြီးနောက် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီး (၃) ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူအမြောက်အများရှိကြောင်း သိရသည်။

CDF – KKG တပ်ရင်း (၄) မှတပ်ဖွဲ့ဝင်ရဲဘော် (၁) ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အက်အဆုံးမရွိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-KKG က ထုတ်ပြန်သည်။

ထို့ပြင် ယနေ့မနက် (၁၁) နာရီခန့်တွင် ကလေးမြို့မှထွက်လာသည့် စစ္ကား (၅) စီးကို ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် CDF – KKG တပ်ရင်း (၃) မှလက်နက်ကြီးဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃) ယောက်ခန့် ဒဏ်ရာရနိုင်ကြောင်း CDF – KKG က ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကား (၅) စီးမွာ မှန်တောရွာတွင် တပ်စွဲထားပြီး ပျူစောထီးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကျေးရွာတွင်းရှိ တိရိစ္ဆာန်များကိုသတ်ဖြတ်စားသောက်လျက်ရှိကြကြောင်း မြေပြင်သတင်းများအရ သိရသည်။

တိုက်ပွဲများ အချိန်မရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ယခုည ဖေဖော်ဝါရီ (၂) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး၊ ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင် ကေလး – ဂန့်ဂေါ ပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု Chinland Defense Force – Kalay Kabaw Gangaw က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.