• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် ကိုဇင်မျိုးမောင်ကျဆုံးခြင်း (၂) ပြည့်အောက်မေ့ခြင်း ပြုလုပ်

ကလေးမြို့တွင် ကိုဇင်မျိုးမောင်ကျဆုံးခြင်း (၂) ပြည့်အောက်မေ့ခြင်း ပြုလုပ်

0
By Editor on March 6, 2023 Khonumthung

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် အဦးဆုံးကျဆုံးခဲ့သည့် ကိုဇင်မျိုးမောင်ကျဆုံးခြင်း ၂ နှစ် ပြည့် အောက်မေ့ခြင်းအစီအစဉ် အထိမ်းအမှတ်နှင့်အတူ ဗိုလ်ချုပ်လမ်းမထက်ပေါ်မှ လူထုပျောက်ကြားသပိတ်ကို ကလေးမြို့ ပင်မသပိတ်အင်အားစုများမှ မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကိုဇင်မျိုးမောင် သေနတ်ကျည်ထိမှန်သည့်နေရာတွင် နှင်းဆီပန်းချဂုဏ်ပြုခြင်း၊ ဖယောင်းတိုင်ထွန်းအောက်မေ့ခြင်းဖြစ် အစီအစဉ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းတွင် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုအတွက်ရဲရဲနီးသွေးအသက်ပေးခဲ့တဲ့ နွေးဦးသူရဲကောင်း ဇင်မျိုးမောင်ရေ (၂) နှစ်ပြည့်ခဲ့ပြီ မင်းလျှောက်ခဲ့တဲ့ဓမ္မလမ်း ဘယ်လောက်ကြမ်းပါစေ ငါတို့ဆက်လျှောက်နေတယ် တရားသောစစ်မုချအောင်ရမယ်။ ငါတို့အားလုံးကတိပေးတယ်နော်” ဟု ရေးသားဖော်ပြထားသည်။

ကလေးမြို့ပင်မသပိတ်အင်အားစုသည် ယနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်ခဲ့သည့်ရက်ပေါင်း (၇၅၅) ရက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကလေးမြို့သပိတ်အင်အားစုမှ မိဘပြည်သူများအနေဖြင့် “စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား၊ အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်ခံမနေဘဲ လမ်းမပေါ်သို့တက်ကာ အလံနှင့်အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းထားသည်။

မတ်လ ၃ ရက်နေ့ မနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့၊ နေကြာတိုက်အနောက်ဘက် တာဟန်း ဘုန်းကြီးကျောင်းလမ်းထောင့်အပြင် ပြည်သူများ၏ ခြံဝန်းအတွင်းထိ ကင်းပုန်းများချထားမှုပြုလုပ်ခဲ့ကြသည်။

မတ်လ ၂ ရက်နေ့ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် နယ်မြေ (၆) ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေးဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်အတူစီးလာသည့် အမျိုးသားတဦး ပွဲချင်းသေဆုံးခဲ့ပြီး တဦးမှာ ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.