• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် ညမထွက်ရ အမိန့်နှင့် လူ (၅) ဦးအထက်ပိုမစုရ အမိန့်ထုတ်ပြန်

ကလေးမြို့တွင် ညမထွက်ရ အမိန့်နှင့် လူ (၅) ဦးအထက်ပိုမစုရ အမိန့်ထုတ်ပြန်

0
By Editor on February 10, 2021 Khonumthung

#Unicode

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ညမထွက်ရ အမိန့်နှင့် လူ (၅) ဦး သို့မဟုတ် (၅) ဦးထက်ပိုမစုရအမိန့်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ မှစပြီး ကလေးမြို့နယ်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ကလေးမြို့နယ်် အုပ်ချုပ်ရေးမှုး ဦးကျုံလျန်ထန်းက “ ဒီမှာက ကျွန်တော်တို့ ဆန္ဒတွေပြနေလို့၊ ပြီးတော့ ပြည်သူ့ အိုးအိ်မ်ထိ ခိုက်တာတွေ ရှိမှာစိုးလို့ အဲ့တာကြောင့်ပါ၊ လူ ၅ ဦးထက်ပိုမစုရက နေ့ရော ညရောဖြစ်တယ်” ဟု ပြောသည်။
ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်မှာ ည (၈) နာရီမှ နံနက် (၄) နာရီထိ ဖြစ်ပြီး၊ လူ (၅) ဦး သို့မဟုတ် (၅) ဦးအထက်ပိုသော သူများသည် လမ်းမကြီး များ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် ဆိုင် သောနေရာများတွင် စုဝေးခြင်းမပြုဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုကာလတွင် ကလေးမြို့နယ်၊ နယ်နိမိတ်အတွင်း လူတချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်ရာရှိသည့် အပြုအမှုများကို ဆောင်ရွက် နေကြောင်းတွေ့ရှိရခြင်း၊ တည်ငြိမ်အေးချမ်း ရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်ရင်းဆန်ခတ်များ ဖြစ်ပွားစေနိုင်သည် ဟုု ယူဆရသောကြောင့် ကလေးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကိုအသုံး ပြုခြင်း၊ လူကိုယ်တိုင်၊ စီတန်လှည့်လည်ခြင်း၊ လှုံဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှု ခြင်းများကို မပြုလုပ်ရန် တားမြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄အရ ညမထွက်ရ အမိန့်သည် နောက်ထပ်အမိန့် တစုံတရာ မရမချင်းအတည်ဖြစ်စေရ မည် ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် လမ်းမပေါ်ထွက်ဆန္ဒဖော်ထုတ်မှုများဖြစ်ပွားလျက်ရှိပြီး ကလေးမြို့တွင်လည်း ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ၍ ယနေ့အထိ ပြည်သူလူထုက ဆန္ဒဖော်ထုတ်လျှက်ရှိကြသည်။
#Zawgyi


ကလေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျုံလျန်ထန်းက “ ဒီမှာက ကျွန်တော်တို့ ဆန္ဒတွေပြနေလို့၊ ပြီးတော့ ပြည်သူ့ အိုးအိမ်ထိ ခိုက်တာတွေ ရှိမှာစိုးလို့ အဲ့တာကြောင့်ပါ၊ လူ ၅ ဦးထက်ပိုမစုရက နေ့ရော ညရောဖြစ်တယ်” ဟု ပြောသည်။


ယခုကာလတွင် ကလေးမြို့နယ်၊ နယ်နိမိတ်အတွင်း လူတချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်ရာရှိသည့် အပြုအမှုများကို ဆောင်ရွက် နေကြောင်းတွေ့ရှိရခြင်း၊ တည်ငြိမ်အေးချမ်း ရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်ရင်းဆန်ခတ်များ ဖြစ်ပွားစေနိုင်သည် ဟု ယူဆရသောကြောင့် ကလေးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကိုအသုံး ပြုခြင်း၊ လူကိုယ်တိုင်၊ စီတန်လှည့်လည်ခြင်း၊ လှုံဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှု ခြင်းများကို မပြုလုပ်ရန် တားမြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။



Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သိုင်းငင်းရွာက စစ်ကောင်စီကင်းစခန်းကို CDF CDM-Siyin က ဝင်ရောက်တိုက်ခိုက်

ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

ချင်းပြည် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် ချင်းပြည်ကောင်စီကို ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံက အတည်ပြုဖွဲ့စည်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.