Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် အိမ်ငှားခဈေးနှုန်းများ မြင့်တက်၍ ဒေသခံနှင့် စစ်ရှောင်များ အခက်ကြုံနေကြရ

ကလေးမြို့တွင် အိမ်ငှားခဈေးနှုန်းများ မြင့်တက်၍ ဒေသခံနှင့် စစ်ရှောင်များ အခက်ကြုံနေကြရ

0
By Editor on January 29, 2025 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အိမ်ငှားခဈေး အဆမတန်မြင့်တက်လာခြင်းကြောင့် အိမ်းငှားနေထိုင်ကြသည့် ဒေသခံ များ နှင့် စစ်ဘေးရှောင်လာသူများ အခက်ကြုံနေကြရသည်ဟု သိရသည်။

ကလေးမြို့သည် အနီးနားပတ်ဝန်းကျင်ကျေးရွာများနှင့် ချင်းပြည်နယ်ဘက်က ပြည်သူများ အဓိကစစ်ဘေးရှောင်ခိုလုံ သည့်ဒေသတစ်ခုဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများပို၍များလာသည်နှင့်အညီ အိမ်ငှါးခဈေးနှုန်းမှာလည်း တစ်နှစ်ပြီး တစ်နှစ် ဈေးမြင့်တက်လာနေသည်ဟု ကလေးမြို့တွင် အိမ်ငှားနေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။

“အခု ကျမတို့ နေတဲ့အိမ်ဆိုရင် အိမ်ရှင်က ဒီနှစ်သစ်ကနေ တစ်သိန်း ထပ်တက်တယ်။ ကုန်ဈေးနှုန်းက ကြီးတော့ အရင်က တစ်သိန်းဆိုတာ အခုမှာတော့ တန်းဖိုးနည်းသွားတယ်၊ အိမ်းငှားရှာတဲ့ သူလည်းများတယ်ဆိုပြီးလာ ပြော တယ်၊ ကျမတို့လည်း သူတောင်းသလို မပေးရင်လည်း အိမ်ငှားထပ်ရှာဖို့က ရှားပြန်ရော အခုကလေးမှာ အိမ်ငှားခ တွေက အကုန်ဈေးကြီးနေတော့တာ။” ဟု ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

လက်ရှိ ကလေးမြို့ပေါ်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ လုံးချင်းအိမ်အပါအဝင် ဆိုင်ခန်းငှားခဈေးနှုန်းမှာ တလလျှင် ငွေကျပ် (၅၀၀,၀၀၀) မှ (၈၀၀,၀၀၀) ကျပ်ပေါက်ဈေးရှိသည့်အပြင် ငှားရမ်းမည်ဆိုပါက အနည်းဆုံး ခြောက်လစာ စာချုပ်ဖြင့် ငှားရမ်းနေ ထိုင် ကြရသည်ဟုသိရသည်။

ရပ်ကွက်အတွင်းပိုင်းရှိ အိမ်းငှားခဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းအောက်မရှိတော့ဘဲ ကျပ်တစ်သိန်းနှင့် အထက်မှာ သာရှိနေသည်ဟု သိရသည်။

ကလေးမြို့တွင် အိမ်ငှားခ အပါအဝင် ကုန်ဈေးနှုန်းများမြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်လာကြသည့် ပြည်သူများ သည် လစဉ်အိမ်ငှားခပုံမှန်ပေးဆောင်ရန်ပင် အခက်အခဲဖြစ်နေကြရသည်ဟု ကလေးမြို့ပေါ်တွင် (၂) နှစ်အကြာ စစ်ဘေးရှောင်နေသူ အမျိုးသားတဦးက ပြောသည်။

“ဒီကို ရောက်တာက နှစ်အရတော့ကြာပြီ ဆိုပေမယ့်လည်း အလုပ်ကရှားတော့ အိမ်ငှား ခတောင် လကုန်ရင်ပေးဖို့ မနည်းရှာရတယ်။ အလုပ်ဆိုရင် ကြုံရာ အကုန်လုပ်တာပဲ ရတဲ့ငွေထက် ထွက်တဲ့ငွေက ပိုများတယ် ခက်ခဲတာပေါ့လေ။ တချို့စစ်ရှောင်တွေဆိုရင် မိသားစု (၂) စုပေါင်းပြီး ကြီးတဲ့ အိမ်ကို ပေါင်းငှားကြတယ်။ အဲ့လိုဆိုရင် နည်းနည်းဈေး သက်သာတာပေါ့နော။” ဟု စစ်ဘေးရှောင် အမျိုးသားက ပြောသည်။

ကလေးမြို့တွင် ချင်းပြည်နယ်အပါအဝင် အနီးနားပတ်ဝန်းကျင်ကျေးရွာများမှ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးတိမ်း ရှောင်လာသူ ထောင်ချီရှိနေသေးပြီး အများစုမှာ အိမ်ငှါး၍ဖြစ်စေ၊ အသိမိတ်ဆွေများထံ ခိုလုံနေထိုင်နေကြရသည် ဟု သိရသည်။

ယခုလက်ရှိ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှု ယခင်ကထက်မရှိသလောက် နည်းပါးလာသည်ဟုသိရသည်။

သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် စစ်မှုထမ်း ဥပဒေကို အကြောင်းပြကာ လူငယ်များဖမ်းဆီးမှုဆက်တိုက်ပြုလုပ်နေပြီး ရပ်ကွက်တို့တွင် ဝင်ရောက်စစ်ဆေးခြင်း၊ အရပ်ဝတ်များဝတ်ဆင်ကာ သွားလာလှုပ်ရှားမူများ ပြုလုပ်လာကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.