• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်တောင်ပို်င်းရှိ စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ကလေးမြို့နယ်တောင်ပို်င်းရှိ စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

0
By Editor on May 10, 2022 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် လတ်တလော မေလအတွင်း မိုးရွာတွင်းမှု များလာနေသောကြောင့် တာလပတ် (မိုးကာ) နှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ကလေးမြို့နယ် တောင်ပင်း စစ်ဘေးရှောင်ကူညီပေးသူများထံမှ သိရသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းနှင့် စစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး ကလေးမြို့နယ် တောင်ပင်း စစ်ဘေးရှောင်ကူညီပေးသူတစ်ဦးက ယခုလိုပြောသည်။

“စစ်ကြောင်းက ရုတ်တရက်ကြီး စစ်ကြောင်းထိုးလာတဲ့ အနေအထားဆိုတော့ ပြည်သူတွေက ရုတ်တရက်ကြီး တိမ်းရှောင်ရတဲ့အနေအထားမှာ ပစ္စည်းတွေ၊ အဝတ်အစားတွေ ယူဆောင်သွားခြင်းမရှိတဲ့အပြင် ခုကျတော့ အိမ်တွေ မီးရှို့ခံရတော့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်ကျတော့ မိုးကာအဓိကလိုအပ်တယ် နေဖို့ထိုင်ဖို့ကိုက တောင်ထဲ တောင်ထဲမှာ ဒီတိုင်းကြီးပဲ နေကြရတာဆိုတော့ အခုဆိုရင် ရာသီဥတု အကူးအပြောင်းမှာ မိုးကလည်း ကျလာတဲ့အနေအထားမှာ အဖျားအနာတို့ ထူလာတော့ ဆေးဝါ၊ မိုးကာ အဓိက လိုအပ်တယ်”

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် အရှေ့စည်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရှေ့စည်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများမှာ ရွာသို့မပြန်နိုင်သေးဘဲ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ တောတောင်များတွင် တဲထိုးနေထိုင်လျက်ရှိကာ ကျန်းမာရေးကိစ္စအပါအဝင် စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ၎င်းက ဆက်ပြောသည်။

“မြစ်အရှေ့ဖက်ကမ်းမှာ တိိမ်းရှောင်ရတဲ့အနေအထားဆိုတော့ အရမ်းခက်ခဲနေတယ်။ မလောက်မငှနဲ့စား သောက်ကြရတယ် တော်တော်လေးကို အခြေအနေဆိုးနေတယ်အခုအနေအထားက။ တတ်နိုင်သလောက်ကူ ညီပေးပေမယ့် အလှူရှင်တွေရော အလှူအားနည်းသေးတယ်လို့ပြောလို့ရသေးတယ်။ တော်တော်လေး များဖြစ်ထားတာဆိုတော့ ထိရောက်တဲ့ကူညီပေးမှုမပြုလုပ်နိုင်သေးဘူး”

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနောက်ပိုင်း မေလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များက အိမ်ရှေ (၉၀၀) ခန့်ရှိသော အရှေ့စည်းကျေးရွာအတွင်း ဝင်ရောက်ပြီး လူနေအိမ်များ မီးရှို့ခဲ့ကာ အိမ်ခြေ ၇၀၀ ဝန်းကျင်ခန့် မီးလောင်ဖျက်ဆီးခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် နှစ်ဘက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ ၂၀ ဝန်းကျင်နှင့် စစ်ဘေးရှောင်လူဦးရေခန့်မှန်းခြေ (၃၀၀၀) ခန့်ရှိသည်ဟု စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.