(002MG)
စစ်ကိုင်းတိုင်း၊ကလေးမြို့နှင့် ချင်းပြည်နယ် ခိုင်ကမ်းမြို့ ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟု သိရသည်။
ကလေးမြို့ခံတစ်ဦးက “အမြောက်ကတော့ မနက်အစောကြီးကတည်းက တောက်လျှောက်ထုနေတယ် ဆက်တိုက်ပဲ၊ တိုက်လေယာဉ်နဲ့မြောက်ပိုင်းလဲလည်းကြဲသွားတယ်၊မြို့ထဲမှာလဲ သူတို့က ကားတွေကို သံပြားတွေနဲ့အပြည့်ကာထားတာ သံလုံးကားလို့ခေါ်ကြတာအဲ့ကားတွေ၊အိမ်စီးကာတွေနဲ့ မြို့ထဲမှာ အရှေ့အ နောက်သွားလိုက်နဲ့ ပြီးရင် ဒကစ ထဲဝင်လိုက် နဲ့ ရူပ်နေတာပဲ” ဟု ပြောသည်။
ကလေးမြို့မြောက်ပိုင်းတွင်ရှိသည့် ဆည်တော်ဦးကျေးရွာ၊ကျောင်းတိုက်ကျေးရွာ၊အောင်မြင်သာ (သဲကုန်းတန်း) ကျေးရွာနှင့် ကလေး-ချင်းအစပ် ခိုင်ကမ်းမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ တွင်းမှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ကူနေပြီး ခိုင်ကမ်းမြို့ဖက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသည့်အပြင် အမျိုးသားတစ်ဦး လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခိုင်ကမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။
ခိုင်ကမ်းမြိုခံတစ်ဦးက “သောကြာနေ့ မနက်ပိုင်းတုန်းက လူငယ်တွေက ထွက်တော့လို့လာပြောတာ တချို့က ထွက်တယ်၊မထွက်တဲ့သူတွေလည်း ရှိတယ်၊ဒီနေ့တော့ဖြစ်ပြီလေ။ကိုးမိုင်ရဲစခန်းအရှေ့ဖက်မှာ လမ်းကြား ဖက်တွေမှာ လက်နက်ကြီးတွေကျတာ အိမ်တွေလည်း ပျက်စီး တယ်၊ဘယ်နှစ်အိမ်ပျက်စီးလဲဆိုတာ ထွက်မကြည့်ရဲသေးဘူး။ ဖြစ်နေတုန်းဆိုတော့” ဟု ပြောသည်။
လက်ရှိတွင် ကလေးမြို့အနောက်ဖက် ကိုးမိုင်တွင်နေထိုင်ကြသည့် ပြည်သူများနှင့် ခိုင်ကမ်းမြို့ခံတို့သည် နီးစပ်တောထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၁ နှင့် ၂၃ ရက်နေ့ကလည်း ကလေးမြို့ပေါ်နှင့် မြို့အနီးတဝှိက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီအခြေစိုက်စခန်းရှိသည့် စက္ကန့်ရွာ၊ကံကြီးရွာနှင့် ကံသာရွာကျေးရွာတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။