ကလေးမြို့နယ် မြောက်ပိုင်းဒေသများဖြစ်သည့် ပြည်တော်သာ၊ အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာ အနီးအဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့မနက်ပိုင်းကစ၍ ပစ်ခတ်မှုဖြစ်ပွားနေသည်ဟု သိရသည်။
ကလေးမြို့ တာဟန်းရပ်ကွက်နှင့် မြောက်ပိုင်းဒေသ ကျေးရွာများဆက်သွယ်သည့် တာဟန်း-လက်ပံချောင်း လမ်းမပေါ်က ပြည်တော်သာကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၁၀ နာရီကျော်ကျော်ခန့်က တိုက်ပွဲဖြစ်ပွား ကာ နေ့လယ် ၁၂ နာရီတွင်လည်း အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာအရှေ့ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု လက်ပံချောင်းဒေသခံတစ်ဦးက ပြောသည်။
“လက်ပံချောင်းနဲ့ အင်ကြင်းခုံရွာရဲ့ အရှေ့ဘက်မှာ ဒီနေ့ ၁၂ နာရီကနေ သေနတ်ပစ်ခတ်သံတွေ လက်နက်ြ ကီးသံတွေလည်းကြားနေရတယ်၊ ကိုယ့်အိမ်ထဲမှာပဲနေကြတယ် ဘယ်သူမှအပြင်မထွက်ရဲကြဘူး” ဟု လက်ပံချောင်းဒေသခံတစ်ဦးကပြောသည်။
ယခုပစ်ခတ်မှုဖြစ်ပွာသည့် လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်သာကွာဝေးပြီး ချင်းလူမျိူး အများစုနေထိုင်ကြသည့်ရွာကြီးတစ်ရွာဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ကတည်းက ကလေးမြို့မြောက်ပိုင်းဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။