Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်ကြသော ဖလမ်းမြို့ဒေသခံများ နေထိုင်စားသောက်ရေးအခက်ကြုံ

ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်ကြသော ဖလမ်းမြို့ဒေသခံများ နေထိုင်စားသောက်ရေးအခက်ကြုံ

0
By Editor on December 3, 2024 Headline

(002MG)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်ကြသော ဖလမ်းမြို့ ဒေသခံများသည် နေထိုင်စားသောက်ရေးမှာ အခက်အခဲကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်သူများကပြောသည်။

“လောလောဆယ်က အိမ်ငှါးဖို့က တော်တော်လေးအခက်အခဲ ရှိတယ်၊ အိမ်ငှါးဖို့မရတာက များသေးတယ်၊ တချို့က ဆွေမျိုးအိမ်မှာပဲ ကပ်ပြီးနေတယ်၊ တချို့သူတွေက အခုထက်ထိ မရကြသေးဘူး၊ အိမ်ငှါးဖို့နဲ့ စာသောက်ရေးပိုင်းမှာ အတော်လေးခက်ခဲကြတယ်” ဟု ကလေးမြို့ကို စစ်ဘေးရှောင်နေသူ ဖလမ်းမြို့ဒေသခံတဦးက ပြောသည်။

ဖလမ်းမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ချင်းညီနောင်တပ်ဖွဲ့များက မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်ကာ တိုက်ပွဲ များပြင်းထန်လာပြီးနောက် မြို့ခံအားလုံးသည် နီးစပ်ရာကျေးရွာ၊ ဟားခါးမြို့ နှင့် ကလေးမြို့ဘက်သို့ အများစု တိမ်းရှောင်ခဲ့ကြရသည်။

ကလေးမြို့တွင် စစ်ဘေးရှောင်ဦးရေ တနေ့ထက်တနေ့တိုးလာနေပြီး မြို့တွင်း နေအိမ်ငှါးရမ်းခသည်လည်း မြင့်တက်လာကာ ရိုးရိုးပျဉ်ထောင်အိမ်၊ အခန်းတွဲတခန်းတွင် တစ်လ ကျပ်(၁) သိန်းခန့် ဖြင့်ငှါးရမ်း နေထိုင်ကြရသည်ဟု သိရသည်။

ကလေးမြို့သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲကြောင့် နေအိမ် မီးရှို့ခံရသော ကျေးရွာများက စစ်ဘေးရှောင်ပြည်သူများနှင့် ချင်းပြည်မြောက်ပိုင်းဒေသ တီးတိန်၊ တွန်းဇံမြို့နယ်က စစ်ဘေးရှောင် ပြည်သူများအဓိကခိုလုံကြရသည့်ဒေသလည်းဖြစ်သည်။

ကလေးမြို့ခံတဦးက “ကျမတို့ ကလေးမြို့ခံအများစုက ရန်ကုန်၊ မန္တလေး၊ အိုင်ဇောလ်ကို သွားကြတယ်။ ဒေသခံတွေ ထက် စစ်ရှောင်တွေပိုများလာတယ် မြို့ပတ်ဝန်းကျင်ကရယ်၊ အခု ဖလမ်းဆိုရင် မြို့သိမ်း တိုက်ပွဲကြောင့် ကလေးမှာ လာရှောင်တာ ပိုများတယ်၊ စစ်ရှောင်တွေနဲ့ စည်တော့ ပိုစည်လာသလို အိမ်ငှါးဖို့ အလွတ်တောင် မရှိသလောက် ဖြစ်နေတာ“ ဟုပြောသည်။

လက်ရှိ ကလေးမြို့ပေါ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့်လည်း နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာနေပြီး စစ်ဘေးရှောင်များမှာလည်း အကူအညီများလိုအပ်နေကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.