ကလေးမြို့ အ.ထ.က (၆) အနီး အသံဗုံးပေါက်ကွဲခဲ့ပြီး စကစ တပ်သားများမှ သေနတ်များပစ်ဖောက်

0
လားနွန် – ကလေးမြို့ အောင်ဇေယျရပ်ကွက် အ.ထ.က (၆) ကျောင်းနားတွင် ယနေ့မနက် ၉ နာရီ ၂၀ ဝန်းကျင်က အသံဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့များမှ ၎င်းဖြစ်ပွားမှုကြောင့် သေနတ်မိုးပေါ်ထောင်ပစ်ဖောက်ကြောင်း အနီးရှိလူတစ်ဦးထံမှ သိရသည်။
“အသံဗုံးပေါက်ကွဲမှု ဖြစ်တယ် စစ်သားတွေက မနေ့ကတည်းက အဲဒီမှာနေရာယူထားပြီးသား ဒီနေ့ကျောင်းစအပ်ရမယ့်နေ့ဆိုတော့ ပေါက်ကွဲမှုဖြစ်တော့ သူတို့စစ်သားတွေက သေနတ်ခြောက်ချက်လောက်ပစ်ဖောက်တယ် လူတွေကြောက်အောင်လို့နေမှာပေါ့ ပစ်ဖောက်တာကတော့ မိုးပေါ်ထောင်ပစ်ဆိုတော့” ဟု အနီးနားရှိလူကပြောသည်။
အာဏာသိမ်းစစ်ကောင်စီများမှ သေနတ်ပစ်ဖောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကာ မသင်္ကာမှုကြောင့် ဖမ်းဆီးမှုမှာလည်းမရှိကြောင်းသိရသည်။
အဆိုပါကျောင်းသည် ကလေးမြို့တွင် Non-CDM အများဆုံးကျောင်းဟုလူအများကသိကြပြီး Non-CDM အယောက်သုံးဆယ်နီးပါးရှိကြောင်းသိရသည်။
Share.

About Author

Leave A Reply