Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-တီးတိန်လမ်း ဟိန်ဇိန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် အမြောက်လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေ

ကလေး-တီးတိန်လမ်း ဟိန်ဇိန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် အမြောက်လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေ

0
By Editor on January 24, 2022 Khonumthung

ချင်းပြည်နယ် တီးတိန်မြ်ို့နယ် ကလေး-တီးတိန်ကားလမ်းမပေါ်က ဟိန်ဇိန် (Hriangzing) ကျေးရွာအနီးအဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် ဘီးတပ်အမြောက်လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ယနေ့မနက်ပိုင်း ၇ နာရီလောက်ကစပြီး ကလေးမြ်ို့တက္ကသိုလ်ကျောင်းဝင်းထဲကနေ ဘီးတပ်အမြောက်လက်နက်ကြီးတွေနဲ့ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အနည်းဆုံး အကြိမ် ၂၀ လောက် ပစ်ခတ်ခဲ့ပြီးနောက် ရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းကနေပါ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ PDF- Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဒီနေ့မနက် ၇ ခွဲလောက်ကနေ ကလေးမြိ့တက္ကသိုလ်ကျောင်းဝင်းထဲကနေ အမြောက် ၃ လက်နဲ့ တောက်လျှောက်ထုနေတယ် အကြိမ် ၂၀ လောက်တော့ထုမယ် ၈ နာရီခွဲလောက်ကျတော့ ဟတ်စကီး ၂ စီးနဲ့ ကျနော်တို့ ရှိတယ်လို့ ထင်တဲ့နေရာတွေကို သူတို့ပတ်ပြီးတော့ လှမ်းပစ်တာပေါ့”

အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟိန်ဇိန်ကျေးရွာအနီး သိုင်းငင်ကျေးရွာအောက်နားမှာ ရှေ့ဆက်မတိုးနိုင်ပဲသောင်တင်နေပြီး သိုင်းငင်ကျေးရွာဘက်ကို ရှေ့ဆက်တိုးနိုင်ဖို့အတွက် ယခုလိုလက်နက်ကြီးနဲ့ လေကြောင်းကနေပါ ပစ်ကူနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အမြောက်လက်နက်ကြီးနဲ့ လေကြောင်းကနေပါ ထိုးစစ်ဆင်ပစ်ကူခဲ့ပြီးနောက် ဟိန်ဇိန်ကျေးရွာအနီးမှာ သောင်တင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှေ့ဆက်တိုးလာနေပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။

“၈ နာရီကျော်ကျော်မှာလေယာဉ်နဲ့လာထုတယ် အဲဒါထုပြီးပြီးချင်း သူတို့ခြေလျင်နဲ့တက်လာတယ် အခုကတောက် လျှောက်ပစ်နေတုန်းပဲ”

တချိန်ထဲမှာပဲ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်သားတွေဟာ ဒီမနက်ပိုင်းမှာပဲ တီးတိန်မြို့ကနေ ကလေးမြို့ဘက်သို့ ဆင်းလာနေပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အရှေ့နဲ့အနောက်ကနေ ကြားညှပ်ဖိတိုက်လာနိုင်တယ်လို့ ယူဆရပါတယ်။

ဟိန်ဇိန်ကျေးရွာအနီးမှာ စခန်းချသောင်တင်နေတဲ့ စစ်ကောင်စတပ်စခန်းကို ယမန်နေ့ သန်းခေါင်းယံကျော်ကျော်လောက်က ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပါတယ်။

Photo Credit: DVB

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

October 28, 2026

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

October 27, 2026

ချင်းအမျိုးသမီးတစ်ဦးက စစ်ဗိုလ်ချုပ်များကို ဒိန်းမတ်နိုင်ငံမှာ စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှု စတင်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.