• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-သိုင်းငင်-တီးတိန်ကားလမ်းကို စစ်ကောင်စီက အသုံးပြုခွင့်မပြု၊ ခရီးသွားပြည်သူများ အခက်ကြုံနေရ
ဓာတ်ပုံ - ယခင်ပုံဟောင်း

ကလေး-သိုင်းငင်-တီးတိန်ကားလမ်းကို စစ်ကောင်စီက အသုံးပြုခွင့်မပြု၊ ခရီးသွားပြည်သူများ အခက်ကြုံနေရ

0
By Editor on May 4, 2023 Khonumthung

(04SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် တီးတန်မြို့နဲ့ ရိခေါဒါရ်မြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေ စစ်ကောင်စီတပ်ဖွဲ့က ချင်း-စစ်ကိုင်းနယ်စပ် ကိုးမိုင်စစ်ဆေးဂိတ်ကို ဖြတ်သန်းခွင့်မပြုတာကြောင့် မော်တော်ယာဉ်လိုင်းနဲ့ ခရီးသည်တွေ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ တီးတိန်-ရိခေါ်ဒါရ်မြို့ကိုသွားမယ်ဆိုရင် အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-ခိုင်ကမ်း-သိုင်းငင်လမ်းကြောင်းအတိုင်းသွားလာရပြီး စစ်ကောင်စီတပ်ရဲ့ ချင်း-စစ်ကိုင်းနယ်စပ် ကိုးမိုင်စစ်ရေးဂိတ်မှာ ဖြတ်သန်းခွင့်မပြုတာကြောင့် တခြားလမ်းကြောင်းကနေ ရှောင်ကွင်းပြီး သွားလာနေရတယ်လို့ ကလေး-ရိလိုင်းပြေးဆွဲနေတဲ့ ဂိတ်မှူးတစ်ဦးက ပြောပါတယ်။

“စစ်သားတွေက ၉ မိုင်ဂိတ်ကို နေ့ခင်းဆို ပိတ်ထားတာပေါ့နော် ဒါပေမဲ့ ညနေပိုင်းဆို သူတို့ဖွင့်တဲ့အချိန်ရှိတယ်လေ။ ဒီနေ့ သွားလို့ရလားမေးပြီးတော့ သူတို့ဂိတ်ဖွင့်ရင် သွားလို့ရတယ် မဖွင့်ရင်တော့ တခြားလမ်းကနေ သွားရတာပေါ့”

ယခုကဲ့သို့ ကိုးမိုင်စစ်ဆေးရေးဂိတ် ဖြတ်သန်းခွင့်မပြုတာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေဟာ တခြားလမ်းကြောင်းကနေပတ်ပြီး သွားလာရတာကြောင် ကားခတွေလည်း ယခင်ကထက် ၂ ဆလောက်မြင့်တက်သွားတယ်လို့ သိရပါတယ်။

ယခင်က ကလေး-ရိခေါဒါရ်မြို့ကို လူတစ်ဦးမှာ ယာဉ်စီးခနှုန်း ကျပ် ၃ သောင်းဝန်းကျင်ရှိရာက ယခုအခါ ကျပ် ၈ သောင်းကနေ တစ်သိန်းအထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။

ကိုမိုင်စစ်ဆေးဂိတ်မှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လာဘ်ထိုးနိုင်ရင် ဖြတ်သန်းသွားလာခွင့်ပြုလေ့ရှိပြီး အဲဒီစစ်ဆေးရဂိတ်ဖြတ်ကို လူစီးကားတစ်ဦးမှာ ကျပ်တစ်သိန်းလောက် ပေးရတယ်လို့ သိရပါတယ်။

ယခုလို ယာဉ်စီးခတွေ အဆမတန် မြင့်တက်ရတာဟာ စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေးဂိတ်တွေက ငွေကြေးတောင်းခံမှုများတာကြောင့်လို့ ဆိုပါတယ်။

“ဘာကြောင့် ဈေးတက်တာလဲဆိုတော့ ၉ မိုင်ဂိတ်ကနေ စစ်သားတွေက ပိုက်ဆံတောင်းတယ်၊ ပြီးတော့ သိုင်းငင်ဂိတ်ကနေလဲ တောင်းတယ်လေ၊ ကားတစ်စီးကို တစ်သိန်းလောက်ထိ တောင်းတယ်”

အိန္ဒိ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေး-တီးတိန်-ရိခေါဒါရ်ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မကြာခဏဆိုသလို ကားလမ်းပိတ်ထားလေ့ရှိပြီး ဧပြီလ ၁၈ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တိုက်ပွဲကြောင့် ကားလမ်းပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဧပြီလ ၂၆ ရက်နေ့ကစလို့ ကလေး-တီးတိန်-ရိခေါဒါရ်လမ်းကြောင်းကို ပြန်လည်အသုံးပြုလို့ရပြီဆိုပြီး နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDM Siyin တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ကလေးမြို့အထွက် ကိုးမိုင် စစ်ဆေးရေးဂိတ်မှာ ကားတွေကို ဖြတ်သန်းသွားလာခွင့်မပြုသေးတာဖြစ်ပါတယ်။

ကလေးမြို့ကနေ တီးတိန်မြို့ကို ထွက်ခွါမယ့် မော်တော်ယာဉ်လိုင်းတွေကိုတော့ ညနေ ၄ နာရီနောက်ပိုင်းကျမှသာ ကိုးမိုင် စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာခွင့်ပြုတာကြောင့် ၃ နာရီခန့်သာသွားရသော တီးတိန်မြို့ကို တစ်ညအိမ်ပြီးသွားရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဘာကြောင့် အဲလိုလုပ်တာလဲဆိုတာတော့ မသိဘူးပေါ့နော်။ ကိုးမိုင်ဂိတ်က ညမှ ထွက်ခွင့်ပြုတာလို့ပြောတယ် ဒီကနေ ညနေမှ ထွက်ရတာဆိုတော့ ဆက်သွားရင် တီးတိန်ကို ညမှရောက်မှာလေ အဲ့တော် ဟိုဘက်ကလဲ ညမထွက်ရအမိန့်ရှိသေးတယ်ဆိုတော့ လမ်းတစ်ဝက်မှာ ညအိပ်ပြီး နောက်နေ့မနက်မှ ဆက်သွားရပါတယ်”

ယခုလက်ရှိ ကလေး-တီးတိန် ယာဉ်စီးခမှာလည်း တစ်ဦးမှာ ကျပ် ၂၅၀၀၀ အထိ မြင့်တင်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ – ယခင်ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.