• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»“ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် CDF-Kanpetlet မှ စစ်ရေးဖော်ဆောင်၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

“ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် CDF-Kanpetlet မှ စစ်ရေးဖော်ဆောင်၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

0
By Editor on July 27, 2022 Headline

စစ်ကောင်စီက မတရားကွက်မျက်ခဲ့သည့် “ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် CDF-Kanpetlet တပ်ဖွဲ့က ကန်ပက်လက်မြို့တွင် ယနေ့ စစ်ရေးဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

CDF-Kanpetlet တပ်ဖွဲ့သည် စစ်ကြောင်း ၃ ခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပ ညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ ရဲ (၂) ဦး၊ စစ်သား (၂) ဦး၊ စုစုပေါင်း (၄) ဦးသေဆုံးကာ စစ်သား (၁) ဦး ဒဏ်ရာရရှိခဲ့ပြီသည်ဟု CDF-Kanpetlet တပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ မတရားကြိုးမိန့်ပေးခြင်းအပါအဝင်၊ စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေပါက CDF-Kanpetlet မှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ CJDC တို့၏ လမ်းညွှန်ချက်များကိုလိုက်နာ၍ မြို့တွင်းစစ်ဆင်ရေးများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟုလည်း CDF-Kanpetlet က သတိပေးထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲမှာ နေ့လည် ၁၂ နာရီ ၂၅ မိနစ်မှ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၂၀ ခန့်အထိ ကြာမြင့်ခဲ့ပြီး CDF-Kanpetlet တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.