• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ခ်င္းျပည္နယ္အတြင္းရွိ ၿမိဳ႕ဝင္/ၿမိဳ႕ထြက္ဂိတ္မ်ား ျပန္လည္စိစစ္မည္

ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ခ်င္းျပည္နယ္အတြင္းရွိ ၿမိဳ႕ဝင္/ၿမိဳ႕ထြက္ဂိတ္မ်ား ျပန္လည္စိစစ္မည္

0
By Editor on August 25, 2020 Headline

#Unicode

By Benezer – မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာသောကြောင့် ရောဂါကာကွယ်ထိန်းချူပ်နိုင်ရန်အတွက် ချင်းပြည်နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စနစ်တကျစစ်ဆေးမှု ပြန်လည်လုပ်ဆောင်သွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်-၁၉ လူနာထံမှတဆင့် ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားနေသောကြောင့် ကြိုတင်ကာကွယ်နိုင်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဉီးစိုးထက်မှ ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်က ဖြစ်တာနည်းလာတဲ့အခါကျတော့ လူတွေကပေါ့ဆလာတယ်၊ ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေမလုပ်တော့ဘူး၊ အခုကျတော့ ဒီရက်ပိုင်းမှာ ရခိုင်မှာလည်းဖြစ်တယ် အခြားနေရာတွေမှာလည်း ပိုးတွေ့ပြီးတော့ ရောဂါပိုပိုဖြစ်လာတဲ့အတွက်ကြောင့် ထိန်းချုပ်တာတွေ ပိုပြီးတော့ စနစ်ကျအောင်ပြန်လုပ်ဖို့ အဓိကဆွေးနွေးကြတာပါ၊” ဟု ဉီးစိုးထက် (စည်ပင်ဝန်ကြီး) စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။

ရောဂါထိန်းချုပ်ရေး ပြန်လည်လုပ်ဆောင်ရာတွင် မြို့ဝင်မြို့ထွက်များတွေ အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်များမေးမြန်းခြင်း၊ ကိုဗစ်-၁၉ ကူးစက်နေသည့်နေရာမှ လာရောက်သူဖြစ်ပါက Quarantine ဝင်ခိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် စားသောက်ဆိုင်နှင့် စျေးဆိုင်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ထားမှု ရှိ/မရှိ ပြန်လည်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ကိုဗစ်ရောဂါ ပြန်လည်ထိန်းချုပ်ရေးနှင့်ပတ်သတ်ပြီး Covid-19 Emergency Committee –Tedim CSO အဖွဲ့မှ ကိုမုန်နိုးက “ကျနော်တို့ကတော့ အရင်လိုမျိုး Volunteer တွေ အကုန်လုံးစုပြီးတော့ လုပ်ဖို့အစီအစဉ်တော့ မရှိတော့ဘူး၊ ဒါပေမယ့် အဖွဲ့အစည်းတွေကနေလှူတဲ့ Mask တွေကို ကျောင်းဖွင့်ပြီဆိုတော့ ကျောင်းသူ/ကျောင်းသားတွေအတွက် လှူမယ်၊ အခုဟာက ရခိုင်ကနေစလာပြီ၊ ကျောင်းကလည်းဖွင့်ပြီဆိုတော့ ကျောင်းကနေ စကူးခဲ့လို့ရှိရင် တော်တော်လေးခက်ခဲမှာဖြစ်တဲ့အတွက် ကျောင်းကိုဘဲ Mask တွေ Hand Gel တွေ အဓိကလှူသွားမယ်“ ဟုပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘဏ်ဝန်ထမ်းအမျိုးသမီးထံတွင် ကိုဗစ်ဗိုင်းရပ်စ်ပိုးကို ဩဂုတ်လ ၁၆ နေ့တွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယနေ့အချိန်ထိ ပြည်တွင်းကူးစက်မှုမှတစ်ဆင့် ကူးစက်ခံရသည့် ပိုးတွေ့လူနာစုစုပေါင်း ၈၁ ဦးရှိပြီဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးများလုပ်ဆောင်ရန် စစ်တွေမြို့ကိုလည်း Stay Home အဖြစ် နေထိုင်ရန် ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၇၄ ဉီးရှိပြီး၊ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၃၄၁ ဉီး သေဆံးလူနာ ၆ ဉီးအထိရှိပြီ ဖြစ်ကြောင်းသိရသည်။

#Zawgyi

By Benezer – ျမန္မာနိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္မႈ ယခုရက္ပိုင္းအတြင္း ျပန္လည္ျမင့္တက္လာေသာေၾကာင့္ ေရာဂါကာကြယ္ထိန္းခ်ဴပ္နိုင္ရန္အတြက္ ခ်င္းျပည္နယ္အတြင္းရွိ ၿမိဳ႕ဝင္/ၿမိဳ႕ထြက္ဂိတ္မ်ားတြင္ စနစ္တက်စစ္ေဆးမႈ ျပန္လည္လုပ္ေဆာင္သြားမည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကစ၍ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ ကိုဗစ္-၁၉ လူနာထံမွတဆင့္ ေရာဂါကူးစက္မႈ ျပန္လည္ျဖစ္ပြားေနေသာေၾကာင့္ ႀကိဳတင္ကာကြယ္နိုင္ရန္ လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း ခ်င္းျပည္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီးဉီးစိုးထက္မွ ေျပာသည္။

“ကိုရိုနာဗိုင္းရပ္စ္က ျဖစ္တာနည္းလာတဲ့အခါက်ေတာ့ လူေတြကေပါ့ဆလာတယ္၊ ဂိတ္ေတြမွာလည္း စစ္ေဆးမႈေတြမလုပ္ေတာ့ဘူး၊ အခုက်ေတာ့ ဒီရက္ပိုင္းမွာ ရခိုင္မွာလည္းျဖစ္တယ္ အျခားေနရာေတြမွာလည္း ပိုးေတြ႕ၿပီးေတာ့ ေရာဂါပိုပိုျဖစ္လာတဲ့အတြက္ေၾကာင့္ ထိန္းခ်ဳပ္တာေတြ ပိုၿပီးေတာ့ စနစ္က်ေအာင္ျပန္လုပ္ဖို႔ အဓိကေဆြးေႏြးၾကတာပါ၊” ဟု ဉီးစိုးထက္ (စည္ပင္ဝန္ႀကီး) စည္ပင္ဝန္ႀကီးဉီးစိုးထက္မွေျပာသည္။

ေရာဂါထိန္းခ်ဳပ္ေရး ျပန္လည္လုပ္ေဆာင္ရာတြင္ ၿမိဳ႕ဝင္ၿမိဳ႕ထြက္မ်ားေတြ အပူခ်ိန္တိုင္းျခင္း၊ ခရီးသြားရာဇဝင္မ်ားေမးျမန္းျခင္း၊ ကိုဗစ္-၁၉ ကူးစက္ေနသည့္ေနရာမွ လာေရာက္သူျဖစ္ပါက Quarantine ဝင္ခိုင္ျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ထို႔အျပင္ စားေသာက္ဆိုင္ႏွင့္ ေစ်းဆိုင္းမ်ားကိုလည္း က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ လမ္းညႊန္ခ်က္မ်ားအတိုင္း လုပ္ေဆာင္ထားမႈ ရွိ/မရွိ ျပန္လည္စစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္ဟု ဝန္ႀကီးဦးစိုးထက္ကေျပာသည္။

ကိုဗစ္ေရာဂါ ျပန္လည္ထိန္းခ်ဳပ္ေရးႏွင့္ပတ္သတ္ၿပီး Covid-19 Emergency Committee –Tedim CSO အဖြဲ႕မွ ကိုမုန္နိုးက “က်ေနာ္တို႔ကေတာ့ အရင္လိုမ်ိဳး Volunteer ေတြ အကုန္လုံးစုၿပီးေတာ့ လုပ္ဖို႔အစီအစဥ္ေတာ့ မရွိေတာ့ဘူး၊ ဒါေပမယ့္ အဖြဲ႕အစည္းေတြကေနလႉတဲ့ Mask ေတြကို ေက်ာင္းဖြင့္ၿပီဆိုေတာ့ ေက်ာင္းသူ/ေက်ာင္းသားေတြအတြက္ လႉမယ္၊ အခုဟာက ရခိုင္ကေနစလာၿပီ၊ ေက်ာင္းကလည္းဖြင့္ၿပီဆိုေတာ့ ေက်ာင္းကေန စကူးခဲ့လို႔ရွိရင္ ေတာ္ေတာ္ေလးခက္ခဲမွာျဖစ္တဲ့အတြက္ ေက်ာင္းကိုဘဲ Mask ေတြ Hand Gel ေတြ အဓိကလႉသြားမယ္“ ဟုေျပာသည္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးထံတြင္ ကိုဗစ္ဗိုင္းရပ္စ္ပိုးကို ဩဂုတ္လ ၁၆ ေန႔တြင္ စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ ယေန႔အခ်ိန္ထိ ျပည္တြင္းကူးစက္မႈမွတစ္ဆင့္ ကူးစက္ခံရသည့္ ပိုးေတြ႕လူနာစုစုေပါင္း ၈၁ ဦးရွိၿပီျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာနမွလည္း ကိုဗစ္-၁၉ ေရာဂါ ႀကိဳတင္ကာကြယ္ေရးမ်ားလုပ္ေဆာင္ရန္ စစ္ေတြၿမိဳ႕ကိုလည္း Stay Home အျဖစ္ ေနထိုင္ရန္ ထုတ္ျပန္ေၾကညာထားသည္။

ျမန္မာနိုင္ငံတြင္ လက္ရွိအခ်ိန္ထိ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူေပါင္း ၄၇၄ ဉီးရွိၿပီး၊ ကုသမႈခံယူၿပီး ေရာဂါပိုးကင္းစင္လာသူ ၃၄၁ ဉီး ေသဆံးလူနာ ၆ ဉီးအထိရွိၿပီ ျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.