• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ပိတ်ထားသည့်ကိစ္စ နှစ်နိုင်ငံသားများ ခိုက်ရန်ဖြစ်ပွား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ပိတ်ထားသည့်ကိစ္စ နှစ်နိုင်ငံသားများ ခိုက်ရန်ဖြစ်ပွား

0
By Editor on March 16, 2020 Headline

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြောင့် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်နယ်စပ် အ၀င်အထွက်များ ပိတ်ထားသည့်ကိစ္စ နှင့်ပတ်သက်၍ နယ်စပ်နေဒေသခံ လူငယ်များအကြား ခိုက်ရန်ဖြစ်ပွားမှု မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ ချင်းပြည်နယ် မတူပီမြို့နယ် လုံကျွဲသဲကျေးရွာသားတစ်ဦးသည် မတ်လ ၁၅ ရက်နေ့က တဖက် မီဇိုရမ်ပြည်နယ် ဆိုင်ဟား ခရိုင် Chakei ကျေးရွာတွင်နေထိုင်သော ညီမအားတွေ့ဆုံရန် နယ်စပ်ဖြတ်ကျော်သွားလာစဉ်တွင် Siasi (ဆိုင်ဟားခရိုင်ဘက်) ကျေးရွာအနီး ဘွေနူးမြစ်နဘေးတွင် လုံခြုံရေးတာဝန်ယူထားကြသည့် မရာလူငယ်အဖွဲ့ (Mara Thyutlia Py) မှ ဖြတ်သန်းသွားလာခွင့်မပြုရာ မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ 

ထိုကဲ့သို့ နယ်စပ်ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် လုံကျွဲသဲရွာသားသည် ကျေးရွာသို့ပြန်လှည့်ကာ လူငယ်များအား စုစည်း၍ မရာလူငယ်အဖွဲ့တို့လုံခြုံရေးတာဝန်ယူထားသည့်နေရာသို့ပြန်သွားပြီး အဖွဲ့လိုက်ဖြင့် ထိုးနှက်ခဲ့ကြခြင်းဖြစ်သည်ဟု Mizo Special Report တွင်ဖော်ပြသည်။ ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားကြသည် ရုပ်သံသည်လည်း မတ်လ ၁၅ နေ့က လူမှုကွန်ယက်စာမျက်နှာတွင်ပြန့်နှံ့လာခဲ့သည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံကျွဲသဲကျေးရွာမှ ရပ်မိရပ်ဖများက Siasi ကျေးရွာသို့သွားရောက်ြ ပီး ကျေအေးပေးကြရန် တောင်းဆိုလာသည့်အတွက် အပြန်အလှန်ဆွေးနွေးကြပြီးနောက် ပြန်လည်ကျေအေးကြသည်ဟု သိရသည်။ 

ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ ဆိုင်းဟားခရိုင်အတွင်း နယ်စပ်ကျေးရွာ (၁၀) ရွာ Lodaw, Chapi, Lopu, Khaikhy, Zyhno, Lomasu, Iana, Siasi, Laki နှင့် Khopa စသည့် ကျေးရွာတို့မှတဆင့် နှစ်နိုင်ငံသားများ ၀င်ထွက်သွားလာခွင့်ကို ဆိုင်းဟားခရိုင်တွဲဖက်အုပ်ချူပ်ရေးမှူးက မတ်လ (၇) ရက်နေ့ကပိတ်ပင်လိုက်ပြီးနောက် နယ်စပ် ကျေးရွာများတွင် လူငယ်အဖွဲ့များအား လုံခြုံရေးတာဝန်ယူစေခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.