• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏုိ္င္ငံႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းတစ္ခ်ဴိ႕ မီဇိုရမ္အစိုးရ စတင္ပိတ္ပင္

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏုိ္င္ငံႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းတစ္ခ်ဴိ႕ မီဇိုရမ္အစိုးရ စတင္ပိတ္ပင္

0
By Editor on March 9, 2020 Khonumthung

Zawgyi

ကမၻာအႏွံ႔ကူးစက္ျပန္႔ပြားလ်က္ရွိသည့္ Covid-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္အစိုးရအဖြဲ႔က ျမန္မာႏုိင္ငံႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းတစ္ခ်ဴိ႕ကို မတ္လ (၇) ရက္ေန႔ကစ၍ ပိတ္ပင္လိုက္သည္။

ခ်င္းျပည္နယ္ႏွင့္ ထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္ေတာင္ပိုင္း၊ ဆိုင္းဟားခရိုင္အတြင္း နယ္စပ္ေက်းရြာ (၁၀) ရြာ Lodaw, Chapi, Lopu, Khaikhy, Zyhno, Lomasu, Iana, Siasi, Laki ႏွင့္ Khopa စသည့္ ေက်းရြာတို႔မွတဆင့္ ႏွစ္ႏုိင္ငံသားမ်ား ၀င္ထြက္သြားလာခြင့္ကို ပိတ္ပင္လိုက္ေၾကာင္း ဆိုင္းဟားခရိုင္တြဲဖက္အုပ္ခ်ဴပ္ေရးမွဴးက မတ္လ (၇) ရက္ေန႔က အမိန္႔ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္ဟု မီဇိုရမ္ေန႔စဥ္သတင္းစာ Vanglaini တြင္ေဖာ္ျပထားသည္။

ဆိုင္းဟားခရိုင္တြဲဖက္အုပ္ခ်ဴပ္ေရးမွဴး Malsawmtluanga က “ဘယ္သူမွ နယ္စပ္ျဖတ္ေက်ာ္ၿပီး ျဖတ္သန္းသြားလာခြင့္မျပဳေတာ့ဘူး၊ ဒီအမိန္႔ထုတ္ျပန္ခ်က္ကို မလိုက္နာတဲ့ မည္သူကိုမဆို တရားဥပေဒနဲ႔အညီ ထိထိေရာက္ေရာက္ အေရးယူသြားမယ္’’ ဟု ေျပာသည္။

ယခုအမိန္႔ထုတ္ျပန္ထားသည့္ ေက်းရြာမ်ားသည္ နယ္စပ္ျဖတ္ေက်ာ္၍ အျပန္အလွန္ ၀င္ထြက္သြားလာေနၾကသည့္ ေဒသျဖစ္ၿပီး အိႏိၵယ-ျမန္မာႏွစ္ႏုိင္ငံ ကုန္သြယ္ေရးစခန္းထားရွိရန္ လ်ာထားသည့္ေနရာမဟုတ္သည့္အတြက္ နယ္စပ္ေနျပည္သူမ်ား၏ အလုပ္အကိုင္ႏွင့္ စား၀တ္ေနေရးအား ထိခိုက္ႏို္င္ဖြယ္မရွိေၾကာင္း ၎ကဆက္ေျပာသည္။

အလားတူ မီဇိုရမ္ျပည္နယ္၊ က်န္ဖိုင္းခရိုင္အုပ္ခ်ဴပ္ေရးမွဴး Naveen SL ကလည္း ကုန္သည္မ်ားႏွင့္ ေဒသခံျပည္သူမ်ား ျမန္မာႏုိင္ငံဘက္သို႔ ခရီးသြားမလာမႈမျပဳလုပ္ၾကရန္ ထုတ္ျပန္ထားသည္ဟု သိရသည္။

ထို႔အျပင္ က်န္ဖိုင္းခရိုင္အတြင္း လုပ္ငန္းေၾကာင့္ျဖစ္ေစ၊ ခရီးသြားလာျခင္းေၾကာင့္ျဖစ္ေစ ေရာက္ရွိလာၾကသည့္ ႏုိင္ငံျခားသားမ်ားရွိ/မရွိ လိုက္လံစစ္ေဆးကာ ခရိုင္အုပ္ခ်ဴပ္ေရးမွဴးရံုးသို႔ မတ္လ (၂၀) ရက္ေန႔မတိုင္ခင္ စာရင္းေပးပို႔ၾကရန္ ေက်းရြာအသီးသီးရွိ အုပ္ခ်ဴပ္ေရးမွဴးမ်ားကို အေၾကာင္းၾကားထားသည္ဟု သိရသည္။

အတည္မျပဳႏုိင္ေသးသည့္သတင္းအရ အိႏိၵယ-ျမန္မာအမွတ္ (၂) နယ္စပ္ကုန္သြယ္ေရးစခန္းတစ္ခုျဖစ္သည့္ ခ်င္းျပည္နယ္၊ ရိေခၚဒါရ္- ဇိုေခါထား ကုန္သြားေရးဂိတ္မွတဆင့္ ႏွစ္ႏုိင္ငံ၀င္ထြက္သြားလာခြင့္မ်ားကိုလည္း မၾကာခင္ ပိတ္ပင္ေတာ့မည္ဟုသိရသည္။

တရုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕မွ စတင္ျပန္႔ပြားလာသည့္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူ တစ္ကမၻာလံုးတြင္ လူေပါင္း တစ္သိန္းေက်ာ္ၿပီဟုသိရၿပီး ေသဆုံးသူ ၃,၅၀၀ ေက်ာ္ၿပီဟု ကမၻာ့က်န္းမာေရအဖြဲ႔ခ်ဴပ္ (WHO) က ထုတ္ျပန္ထားသည္။

Unicode

ကမ္ဘာအနှံ့ကူးစက်ပြန့်ပွားလျက်ရှိသည့် Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့က မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ချိူ့ကို မတ်လ (၇) ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည်။

ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ ဆိုင်းဟားခရိုင်အတွင်း နယ်စပ်ကျေးရွာ (၁၀) ရွာ Lodaw, Chapi, Lopu, Khaikhy, Zyhno, Lomasu, Iana, Siasi, Laki နှင့် Khopa စသည့် ကျေးရွာတို့မှတဆင့် နှစ်နိုင်ငံသားများ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း ဆိုင်းဟားခရိုင်တွဲဖက်အုပ်ချူပ်ရေးမှူးက မတ်လ (၇) ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်သတင်းစာ Vanglaini တွင်ဖော်ပြထားသည်။

ဆိုင်းဟားခရိုင်တွဲဖက်အုပ်ချူပ်ရေးမှူး Malsawmtluanga က “ဘယ်သူမှ နယ်စပ်ဖြတ်ကျော်ပြီး ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူး၊ ဒီအမိန့်ထုတ်ပြန်ချက်ကို မလိုက်နာတဲ့ မည်သူကိုမဆို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်’’ ဟု ပြောသည်။

ယခုအမိန့်ထုတ်ပြန်ထားသည့် ကျေးရွာများသည် နယ်စပ်ဖြတ်ကျော်၍ အပြန်အလှန် ဝင်ထွက်သွားလာနေကြသည့် ဒေသဖြစ်ပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးစခန်းထားရှိရန် လျာထားသည့်နေရာမဟုတ်သည့်အတွက် နယ်စပ်နေပြည်သူများ၏ အလုပ်အကိုင်နှင့် စားဝတ်နေရေးအား ထိခိုက်နိ်ုင်ဖွယ်မရှိကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်အုပ်ချူပ်ရေးမှူး Naveen SL ကလည်း ကုန်သည်များနှင့် ဒေသခံပြည်သူများ မြန်မာနိုင်ငံဘက်သို့ ခရီးသွားမလာမှုမပြုလုပ်ကြရန် ထုတ်ပြန်ထားသည်ဟု သိရသည်။

ထို့အပြင် ကျန်ဖိုင်းခရိုင်အတွင်း လုပ်ငန်းကြောင့်ဖြစ်စေ၊ ခရီးသွားလာခြင်းကြောင့်ဖြစ်စေ ရောက်ရှိလာကြသည့် နိုင်ငံခြားသားများရှိ/မရှိ လိုက်လံစစ်ဆေးကာ ခရိုင်အုပ်ချူပ်ရေးမှူးရုံးသို့ မတ်လ (၂၀) ရက်နေ့မတိုင်ခင် စာရင်းပေးပို့ကြရန် ကျေးရွာအသီးသီးရှိ အုပ်ချူပ်ရေးမှူးများကို အကြောင်းကြားထားသည်ဟု သိရသည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်- ဇိုခေါထား ကုန်သွားရေးဂိတ်မှတဆင့် နှစ်နိုင်ငံဝင်ထွက်သွားလာခွင့်များကိုလည်း မကြာခင် ပိတ်ပင်တော့မည်ဟုသိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ပြန့်ပွားလာသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ တစ်ကမ္ဘာလုံးတွင် လူပေါင်း တစ်သိန်းကျော်ပြီဟုသိရပြီး သေဆုံးသူ ၃,၅၀ဝ ကျော်ပြီဟု ကမ္ဘာ့ကျန်းမာရေအဖွဲ့ချူပ် (WHO) က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.