• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကေလးျမိဳ႕စက္မႈစြမ္းအင္ဌာန ေက်ာင္းသားေသဆံုးမႈသည္ ဆရာ၀န္မ်ားတာ၀န္မဲ့မႈေၾကာင့္ဟုုဆိုု

ကေလးျမိဳ႕စက္မႈစြမ္းအင္ဌာန ေက်ာင္းသားေသဆံုးမႈသည္ ဆရာ၀န္မ်ားတာ၀န္မဲ့မႈေၾကာင့္ဟုုဆိုု

0
By Editor on January 30, 2020 Headline

Zawgyi

By လားႏြန္ – ကေလးျမိဳ႕စက္မႈစြမ္းအင္ဌာန (Mechanical Power) ပဥၥမႏွစ္ေက်ာင္းသား တာန္ဒါလ္းမြန္းမာန္ (Tg Dal Mun Mang) ေသဆံုးျခင္းသည္ အေထြေထြျပည္သူ႔ေဆးရံုၾကီးရိွ ဆရာ၀န္ၾကီးမ်ား၏ တာ၀န္မဲ့ျခင္းေၾကာင့္ဟု ဇိုမီးေက်ာင္းသားမ်ားႏွင့္လူငယ္အဖြဲ႔ (ZSYO) မွ တာ၀န္ခံ ကိုု Kim Tuang  ကေျပာသည္။

ေသဆံုးသူ တာန္ဒါလ္းမြန္းမာန္ (Tg Dal Mun Mang) သည္ (၂၆) ရက္ေန႔ ညတြင္ ဆိုင္ကယ္အက္စီးဒင့္ျဖစ္ပြားခဲ့ျပီး ကေလးျမိဳ႕ရဲအရာရိွမ်ားမွ ည ၁၁ နာရီ ၃၀ မိနစ္တြင္ ကေလးခရိုင္အေထြေထြျပည္သူ႕ေဆးရံုၾကီးသို႔ ပို႔ေဆာင္ခဲ့သည္ဟုသိရသည္။

“တစ္ညလံုးေသြးထြက္ေနတာ ရာသီဥတုကလည္းခ်မ္းတယ္၊ တစ္ညလံုး တုန္ေနတာ ေသြးေတြကလည္း မနက္က်ေတာ့ ခန္းေနတယ္၊ အဲဒီဦးေႏွာက္ထဲေသြး၀င္ေနတယ္ဆိုတာ သူကြယ္လြန္သြားတဲ့အခါက်ေတာ့ ခြဲစိတ္ေတာ့ ဦးေႏွာက္ထဲေသြး၀င္တယ္ဆိုတဲ့ အခ်က္ေလးပဲ ေျပာသြားျပီး သူတို႔ရဲ႕ အားနည္းခ်က္ေတြ၊ တာ၀န္မဲ့မႈေတြကို ဖုံးကြယ္ဖို႔ၾကိဳးစားတာ ဆရာမေတြက အထက္ကဆရာ၀န္ၾကီးေတြ ညႊန္ၾကားခ်က္မရိွပဲနဲ႔ လူနာကို Treatment (ကုသမႈ၊ အျပဳအစု) လုပ္လို႔မရဘူး ဆရာ၀န္ေတြက်ျပန္ေတာ့လည္း လူနာရွင္ဆီကေန Complain (တိုင္ၾကား၊ ညည္းညဴ) မႈေတြ၊ သတင္းပို႔မႈမရွိရင္လည္း လွည့္မၾကည့္ၾကဘူး၊ အဲဒီၾကားထဲမွာ အသက္တစ္ေခ်ာင္း ဆံုးသြားတဲ့ပံုစံျဖစ္ေနတယ္၊ ဒါေၾကာင့္ လူနာေစာင့္ကမရိွဘူး အဲဒီအတြက္ Complain တက္မယ့့္သူလည္းမရိွဘူး ဒီတိုင္းပဲပစ္ထားတယ္” ဟု ကို Kim Tuang ကေျပာသည္။

ေသဆံုးမႈမ်ားႏွင့္ပတ္သက္ျပီး (၂၆) ရက္ေန႔ည ေဆးရံုအတြင္း တာ၀န္က်ဆရာမ (၃) ဦးႏွင့္ ခြဲစိတ္ႏွင့္ တာ၀န္က်ဆရာ၀န္/ဆရာမ်ားကိုလည္း ကေလးျမိဳ႕ အေထြေထြျပည္သူ႔ေဆးရံုၾကီးမွ စံုစမ္းေနသလို ဇိုမီးေက်ာင္းသားလူငယ္မ်ားအဖြဲ႕မွလည္း စံုစမ္းသိရိွျပီး မွတ္တမ္းယူခဲ့ေၾကာင္းလည္း သူကဆက္ေျပာသည္။

စက္မႈစြမ္းအင္ဌာန (Mechanical Power) ပဥၥမႏွစ္ေက်ာင္းသား တာန္ဒါလ္းမြန္းမာန္ (Tg Dal Mun Mang) ေသဆံုးျခင္းႏွင့္ပတ္သက္ျပီး သူ၏ အဘေလး ဦးဟန္ခန္႔နန္က “ဘာသာေရးအေနနဲ႔ေတာ့ က်ေနာ္တို႔ဘုရားသခင္ရဲ႕ အလိုေတာ္အတိုင္းပဲျဖစ္မယ္လို႔ခံယူတယ္ ၀ိညာဥ္ေရးရာနဲ႔ပတ္သက္ျပီး၊ ျပီးေတာ့ကာယေရးရာနဲ႔ပတ္သက္ျပီး သူတို႔ ၁၁ နာရီခြဲေလာက္ေရာက္တဲ့အခ်ိိန္မွာ စကားေျပာႏိုင္ေသးတယ္၊ အဲဒါကို သူတို႔ဘာမွမလုပ္ေပးဘူး ပိုင္ရွင္မရိွဘူးဆိုတာနဲ႔ ဘာမွမလုပ္ေပးဘူး၊ တကယ္လို႔ အဲဒီလူနာကို အဲဒီခ်ိန္ကတည္းက ဒဏ္ရာျပင္းထန္ရင္ အထူးခန္းေတြမွာ၊ ICU တို႔မွာ ကုသမႈကိုခံယူႏုိင္လို႔ရိွရင္ေတာ့ တစ္မ်ိဳးျဖစ္မယ္လို႔ေတာ့ ခံယူတယ္” ဟု ေျပာသည္။

ေဆးဆရာ၀န္မ်ားမွ တာရ္ ဒါလ္းမြန္းမာန္သည္ အရက္မူးျပီး ဗမာစကားျဖင့္သာေျပာေနေၾကာင္း၊ မနက္ပိုုင္းမွသာမိဘနာမည္မ်ား စံုစမ္းအတည္ျပဳႏိုုုင္သည္ဟုုေျပာဆိုုျခင္းသည္ ဆရာ၀န္ေတြဘက္မွ မိမိတို႔၏အမွားမ်ားအား ျပန္လည္ဖံုးကြယ္ျခင္းျဖစ္သည္ဟု ဇိုမီးေက်ာင္းသားမ်ားအဖြဲ႔မွ တာ၀န္ခံ ကို Kim Tuang  ကဆက္ေျပာသည္။

ေသဆံုးသူ တာန္ဒါလ္းမြန္မာန္သည္ ေဆးရံုသို႔ေရာက္ရိွခ်ိန္တြင္ အေရးေပၚတာ၀န္က်ဆရာ၀န္မ်ား ေျပာၾကားခ်က္အရ ေသြးေပါင္ခ်ိန္မွာ ၁၂၀/၇၀ ပံုမွန္ရိွျပီး ေသြးသြင္းရန္လည္း မလိုအပ္ေသးေၾကာင္းႏွင့္ သတိရေသးေၾကာင္းေဆးရံုုအုုပ္ ေဒါက္တာေအာင္မ်ိဳး၀င္းက ေျပာၾကားသည္။

အဆိိုပါကိစၥမ်ားေၾကာင့္ ေသဆံုးသူ တာန္ဒါလ္းမြန္းမာန္သည္ ကေလးျမိဳ႕နယ္ ခရိုင္ျပည္သူ႔ေဆးရံုၾကီးမွ ခြဲစိတ္အထူးကုဆရာ၀န္ၾကီးက ခြဲစိတ္ရန္လိုအပ္သည့္ ေသြးစစ္ေဆးမႈမ်ားျပဳလုပ္ျပီး ေဆးကုသမႈမ်ားျပဳလုပ္ခ်ိန္ (၂၇) ရက္ေန႔ မြန္းလြဲပိုင္းတြင္ေသဆံုးသည္ဟု ေဆးရံုအုပ္ ေဒါက္တာေအာင္မ်ိဳး၀င္းကေျပာသည္။

“သက္ဆိုင္ရာခြဲစိတ္အထူးကုဆရာ၀န္ၾကီးကလည္း လူနာရဲ႕အတြင္းဒဏ္ရာဟာ ေတာ္ေတာ္ေလးကို ျပင္းထန္တဲ့အဆင့္သတ္မွတ္ရမယ္၊ ဦးေခါင္းထဲမွာ ေသြးယိုေနတယ္ internal bleeding လို႔ေခၚပါတယ္၊ စီတီဓာတ္မွန္ရိုက္ဖို႔ က်ေနာ္တို႔က စီစဥ္ထားပါတယ္၊ ေန႔ခင္း (၂) နာရီမွာ က်ေနာ္တုိ႔ ရိုက္ဖို႔အတြက္ အခ်ိန္ရရိွပါတယ္၊ ဒီရရိွထားတဲ့အတြင္းဒဏ္ရာေၾကာင့္ တျဖည္းျဖည္းဆိုးလာတယ္၊ အဲဒီေန႔မွာပဲ က်ေနာ္တို႔ လိုအပ္တဲ့ေဆး၀ါးမ်ားကို ကုသေပးရင္းနဲ႔ အဲဒီေန႔ မြန္းလြဲပိုင္း ၁ နာရီ ၅၅ မိနစ္မွာမွာပဲေသဆံုးခဲ့ပါတယ္၊ က်ေနာ္တို႔ ရင္ခြဲစစ္ေဆးမႈကို အဲဒီ (၂၇) ရက္ေန႔မွာပဲျပဳလုပ္ခဲ့ျပီးေတာ့ မႈခင္းဆရာ၀န္က ျပဳလုပ္ခဲ့ပါတယ္၊ ေသဆံုးရတဲ့အေၾကာင္းရင္းကေတာ့ ဦးေႏွာက္အတြင္းထဲမွာ ဒဏ္ရာေၾကမြေနတာေတြ႔ရတယ္။ ဦးေခါင္းအရိုးက်ိဳးေနတာကိုေတြ႔ရတယ္၊ ေသဆံုးတဲ့အေၾကာင္းရင္းကေတာ့ ဦးေခါင္းဒဏ္ရာျပင္းထန္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒဏ္ရာနဲ႔ပဲ ေသဆံုးသြားပါတယ္” ဟု ကေလးျမိဳ႕ေဆးရံုအုပ္ ေဒါက္တာေအာင္မ်ိဳး၀င္းကေျပာသည္။

ခ်င္းျပည္နယ္တီးတိန္ျမိဳနယ္ခံ တာန္ဒါလ္းမြန္းမာန္ (Tg Dal Mun Mang) သည္ ကေလးျမိဳ႕စက္မႈစြမ္းအင္ဌာန (Mechanical Power) တြင္ ပဥၥမႏွစ္ေက်ာင္းသားျဖစ္ျပီး ဇိုုမီးေက်ာင္းသားမ်ားအသင္း ဥကၠဌတာ၀န္ကိုုလည္း ၂၀၁၈-၂၀၁၉ ခုႏွစ္တြင္ ထမ္းေဆာင္ခဲ့သူျဖစ္သည္။

Unicode

By လားနွန် – ကလေးမြို့စက်မှုစွမ်းအင်ဌာန (Mechanical Power) ပဉ္စမနှစ်ကျောင်းသား တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သေဆုံးခြင်းသည် အထွေထွေပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၏ တာဝန်မဲ့ခြင်းကြောင့်ဟု ဇိုမီးကျောင်းသားများအဖွဲ့ (ZSYO) မှ တာဝန်ခံ ကို Kim Tuang  ကပြောသည်။

သေဆုံးသူ တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သည် (၂၆) ရက်နေ့ ညတွင် ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး ကလေးမြို့ရဲအရာရှိများမှ ည ၁၁ နာရီ ၃၀ မိနစ်တွင် ကလေးခရိုင်အထွေထွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟုသိရသည်။

“တစ်ညလုံးသွေးထွက်နေတာ ရာသီဥတုကလည်းချမ်းတယ်၊ တစ်ညလုံး တုန်နေတာ သွေးတွေကလည်း မနက်ကျတော့ ခန်းနေတယ်၊ အဲဒီဦးနှောက်ထဲသွေးဝင်နေတယ်ဆိုတာ သူကွယ်လွန်သွားတဲ့အခါကျတော့ ခွဲစိတ်တော့ ဦးနှောက်ထဲသွေးဝင်တယ်ဆိုတဲ့ အချက်လေးပဲ ပြောသွားပြီး သူတို့ရဲ့ အားနည်းချက်တွေ၊ တာဝန်မဲ့မှုတွေကို ဖုံးကွယ်ဖို့ကြိုးစားတာ ဆရာမတွေက အထက်ကဆရာဝန်ကြီးတွေ ညွှန်ကြားချက်မရှိပဲနဲ့ လူနာကို treatment (ကုသမှု၊ အပြုအစု) လုပ်လို့မရဘူး ဆရာဝန်တွေကျပြန်တော့လည်း လူနာရှင်ဆီကနေ complain (တိုင်ကြား၊ ညည်းညူ) မှုတွေ၊ သတင်းပို့မှုမရှိရင်လည်း လှည့်မကြည့်ကြဘူး၊ အဲဒီကြားထဲမှာ အသက်တစ်ချောင်း ဆုံးသွားတဲ့ပုံစံဖြစ်နေတယ်၊ ဒါကြောင့် လူနာစောင့်ကမရှိဘူး အဲဒီအတွက် complain တက်မယ့်သူလည်းမရှိဘူး ဒီတိုင်းပဲပစ်ထားတယ်” ဟု ကို Kim tuang ကပြောသည်။

သေဆုံးမှုများနှင့်ပတ်သက်ပြီး (၂၆) ရက်နေ့ည ဆေးရုံအတွင်း တာဝန်ကျဆရာမ (၃) ဦးနှင့် ခွဲစိတ်နှင့် တာဝန်ကျဆရာဝန်/ဆရာများကိုလည်း ကလေးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးမှ စုံစမ်းနေသလို ဇိုမီးကျောင်းသားလူငယ်များအဖွဲ့မှလည်း စုံစမ်းသိရှိပြီး မှတ်တမ်းယူခဲ့ကြောင်းလည်း သူကဆက်ပြောသည်။

စက်မှုစွမ်းအင်ဌာန (Mechanical Power) ပဉ္စမနှစ်ကျောင်းသား တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သေဆုံးခြင်းနှင့်ပတ်သက်ပြီး သူ၏ အဘလေး ဦးဟန်ခန့်နန်က “ဘာသာရေးအနေနဲ့တော့ ကျနော်တို့ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲဖြစ်မယ်လို့ခံယူတယ် ဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီး၊ ပြီးတော့ကာယရေးရာနဲ့ပတ်သက်ပြီး သူတို့ ၁၁ နာရီခွဲလောက်ရောက်တဲ့အချိန်မှာ စကားပြောနိုင်သေးတယ်၊ အဲဒါကို သူတို့ဘာမှမလုပ်ပေးဘူး ပိုင်ရှင်မရှိဘူးဆိုတာနဲ့ ဘာမှမလုပ်ပေးဘူး၊ တကယ်လို့ အဲဒီလူနာကို အဲဒီချိန်ကတည်းက ဒဏ်ရာပြင်းထန်ရင် အထူးခန်းတွေမှာ၊ ICU တို့မှာ ကုသမှုကိုခံယူနိုင်လို့ရှိရင်တော့ တစ်မျိုးဖြစ်မယ်လို့တော့ ခံယူတယ်” ဟု ပြောသည်။

ဆေးဆရာဝန်များမှ တာရ် ဒါလ်းမွန်းမာန်သည် အရက်မူးပြီး ဗမာစကားဖြင့်သာပြောနေကြောင်း၊ မနက်ပိုင်းမှသာမိဘနာမည်များ စုံစမ်းအတည်ပြုနိုင်သည်ဟုပြောဆိုခြင်းသည် ဆရာဝန်တွေဘက်မှ မိမိတို့၏အမှားများအား ပြန်လည်ဖုံးကွယ်ခြင်းဖြစ်သည်ဟု ဇိုမီးကျောင်းသားများအဖွဲ့မှ တာဝန်ခံ ကို Kim Tuang  ကဆက်ပြောသည်။

သေဆုံးသူ တာန်ဒါလ်းမွန်မာန်သည် ဆေးရုံသို့ရောက်ရှိချိန်တွင် အရေးပေါ်တာဝန်ကျဆရာဝန်များ ပြောကြားချက်အရ သွေးပေါင်ချိန်မှာ ၁၂၀/၇၀ ပုံမှန်ရှိပြီး သွေးသွင်းရန်လည်း မလိုအပ်သေးကြောင်းနှင့် သတိရသေးကြောင်းဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းက ပြောကြားသည်။

အဆိုပါကိစ္စများကြောင့် သေဆုံးသူ တာန်ဒါလ်းမွန်းမာန်သည် ကလေးမြို့နယ် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးက ခွဲစိတ်ရန်လိုအပ်သည့် သွေးစစ်ဆေးမှုများပြုလုပ်ပြီး ဆေးကုသမှုများပြုလုပ်ချိန် (၂၇) ရက်နေ့ မွန်းလွဲပိုင်းတွင်သေဆုံးသည်ဟု ဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းကပြောသည်။

“သက်ဆိုင်ရာခွဲစိတ်အထူးကုဆရာဝန်ကြီးကလည်း လူနာရဲ့အတွင်းဒဏ်ရာဟာ တော်တော်လေးကို ပြင်းထန်တဲ့အဆင့်သတ်မှတ်ရမယ်၊ ဦးခေါင်းထဲမှာ သွေးယိုနေတယ် internal bleeding လို့ခေါ်ပါတယ်၊ စီတီဓာတ်မှန်ရိုက်ဖို့ ကျနော်တို့က စီစဉ်ထားပါတယ်၊ နေ့ခင်း (၂) နာရီမှာ ကျနော်တို့ ရိုက်ဖို့အတွက် အချိန်ရရှိပါတယ်၊ ဒီရရှိထားတဲ့အတွင်းဒဏ်ရာကြောင့် တဖြည်းဖြည်းဆိုးလာတယ်၊ အဲဒီနေ့မှာပဲ ကျနော်တို့ လိုအပ်တဲ့ဆေးဝါးများကို ကုသပေးရင်းနဲ့ အဲဒီနေ့ မွန်းလွဲပိုင်း ၁ နာရီ ၅၅ မိနစ်မှာမှာပဲသေဆုံးခဲ့ပါတယ်၊ ကျနော်တို့ ရင်ခွဲစစ်ဆေးမှုကို အဲဒီ (၂၇) ရက်နေ့မှာပဲပြုလုပ်ခဲ့ပြီးတော့ မှုခင်းဆရာဝန်က ပြုလုပ်ခဲ့ပါတယ်၊ သေဆုံးရတဲ့အကြောင်းရင်းကတော့ ဦးနှောက်အတွင်းထဲမှာ ဒဏ်ရာကြေမွနေတာတွေ့ရတယ်။ ဦးခေါင်းအရိုးကျိုးနေတာကိုတွေ့ရတယ်၊ သေဆုံးတဲ့အကြောင်းရင်းကတော့ ဦးခေါင်းဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့်မို့လို့ ဒဏ်ရာနဲ့ပဲ သေဆုံးသွားပါတယ်” ဟု ကလေးမြို့ဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းကပြောသည်။

ချင်းပြည်နယ်တီးတိန်မြိုနယ်ခံ တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သည် ကလေးမြို့စက်မှုစွမ်းအင်ဌာန (Mechanical Power) တွင် ပဉ္စမနှစ်ကျောင်းသားဖြစ်ပြီး ဇိုမီးကျောင်းသားများအသင်း ဥက္ကဌတာဝန်ကိုလည်း ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ထမ်းဆောင်ခဲ့သူဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.