• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် စည်းကမ်းမဲ့ယာဉ်များကို အဖွဲ့ (၁၂) ဖွဲ့ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်မည်

ကလေးမြို့တွင် စည်းကမ်းမဲ့ယာဉ်များကို အဖွဲ့ (၁၂) ဖွဲ့ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်မည်

0
By Editor on May 11, 2019 Khonumthung

By လားနွန် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး အဖွဲ့ (၁၂) ဖွဲ့ပူးပေါင်းပြီး ကြပ်မတ်စစ်ဆေးဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကလေးမြို့ယာဉ်ထိန်း ရဲအုပ်သန့်ဇင်ကပြောသည်။

“ကလေးမြို့ကတော့ စည်းကမ်းနည်းနည်းလေးကောင်းတယ် အကုန်အပြည့်စုံကောင်းတာတော့မဟုတ်ဘူး စည်းကမ်းလေးကောင်းတယ်ပေါ့နော် ဦးထုပ်လေးဆောင်းတာတွေ ဘက်မှန်တတ်တာတွေ နောက်ကြည့်မှန်တတ်တာတွေ စည်းကမ်းလေးကောင်းတယ် အဲဒီအစဉ်အလာလေးတွေမပျက်စေချင်ဘာဘူး ဆက်ပြီးတော့ပေါ့နော်အားလုံး စည်းကမ်းကောင်းလာစေချင်လို့ အဲဒီရည်ရွယ်ချက်တွေနဲ့ လူကြီးတွေက ခိုက်ရန်ကင်းအောင်စီစဉ်ပြီးတော့လုပ်တာပါ” ဟု ဦးသန့်ဇင်ကပြောသည်။

ယာဉ်တိုက်မှု့လျော့ချရေးအတွက် ကလေးမြို့နယ် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်ကာ ယာဉ်စည်းကမ်းလမ်းစည်ကမ်းနှင့်အညီဖြစ်စေရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးများပူးပေါင်းပြီး မေလ (၁၃) ရက်နေ့မှ စတင်၍ က​လေးမြို့​ပေါ်ရှိ အချက်​အချာကျ​သော ​နေရာများတွင်​ နေ့စဉ်ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသူများအား ယာဉ်ထိန်းများမှ ထိုက်သင့်သည့် အရေးယူရန်အတွက် ရဲစခန်းတွင်အမှုဖွင့်ကာ တရားရုံးမှ ဒဏ်ကြေးချမှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ယာဉ်ထိန်းရဲအုပ် သန့်ဇင် ကပြောသည်။

ကလေးမြို့နယ်အတွင်းရပ်ကွက်များရှိ အနောက်ရပ်ကွက် ချင်းတိုင်းရင်းသားများနေထိုင်သည့် ရပ်ကွက်များ၌ ယာဉ်မတော်တဆမှုအဖြစ်များပြီး ခရစ်ယာန်ဘုရားကျောင်းများတွင်လည်း လူငယ်တွေအားအသိပညာပေးမှုများ ပြုလုပ်ပေးစေချင်ကြောင်း ယာဉ်ထိန်းရဲအုပ်ကဆက်ပြောသည်။

“တာဟန်း၊ စမ်းမြို့၊ တောင်ဇလပ်၊ လှိုင်သာယာ၊ ခိုင်ကမ်းတို့မှာ ယာဉ်မတော်တဆမှု ခဏခဏဖြစ်တယ် အများသောအားဖြင့် ဒီဖက်ခြမ်းနဲ့စာရင် ကျွန်တော်တို့က အနောက်ဘက်မှာအနေများတာ ချင်းတိုင်းရင်းသားတွေအနေများတယ် ဖြစ်နိုင်ရင်ကျွန်တော်တို့က ဘုရားကျောင်းတွေမှာလေ လူငယ်တွေလူဆုံတဲ့အချိန် ပညာပေးလုပ်ငန်းလေးလုပ်ပေးစေချင်တယ် ဘုရားကျောင်းတွေကအချိန်လေးပေးနိုင်ရင် နာရီဝက်ဆိုရင် ကျွန်တော်တို့က လာခဲ့မယ် ၄၅ မိနစ်ဆိုရင် ကျွန်တော်တို့ရအောင်လာခဲ့မယ် ကျွန်တော်တို့ပိုပင်ပန်းသေးတယ် ဒါပေမဲ့ စေတနာနဲ့ပါ၊ ယာဉ်မတော်တဆမှုလျော့ချအောင် ယာဉ်ထိန်းများတပ်ဖွဲ့တော့ နှစ်နည်းပဲရှိတယ် ပညာပေးရေးနှင့် ဖမ်းဆီးအရေးယူနည်း အဲ့နှစ်နည်းပဲရှိတယ်” ဟု ယာဉ်ထိန်းရဲအုပ်ကပြောသည်။

ကလေးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စည်းကမ်းပျက်ယာဉ် စစ်ဆေးအရေးယူထားမှု ၂၀၁၉ ဇန်န၀ါရီလမှ ဧပြီလအထိ ၅၅၆ မှုရှိပြီး ယာဉ်တိုက်မှုသည် ဇန်န၀ါရီလမှ မတ်လအထိ ၃၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

ပြည်သူများအနေဖြင့် လမ်းမကြီးဘေးတွင်ပြုလုပ်သည့် သာရေးနာရေးများနှင့် အလှူမင်္ဂလာများကျင်းပရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များအား ယာဉ်လမ်းပိတ်ဆို့များနှင့် လမ်းရှင်းရေးများတွင် သွားရောက်အကူအညီတောင်းခံနိုင်ကြောင်းလည်း ရဲအုပ်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.