• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါပိုး မ်ားမ်ားစစ္ေဆးႏုိင္မည့္ စက္ထားရွိနိုင္ရန္ က်န္းမာေရးဝန္ႀကီးဌာနထံ ေတာင္းဆိုထားဟုဆို

ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါပိုး မ်ားမ်ားစစ္ေဆးႏုိင္မည့္ စက္ထားရွိနိုင္ရန္ က်န္းမာေရးဝန္ႀကီးဌာနထံ ေတာင္းဆိုထားဟုဆို

0
By Editor on September 25, 2020 Khonumthung

#Unicode

By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး များများစစ်ဆေးနိုင်မည့် စက်ထားရှိနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနထံ တောင်းဆိုထားကြောင်း ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဒေါ်ရှားမီးကပြောသည်။

“စက်ကလေ တစ်ပတ်ကို ၁ဝ ယောက်လောက်ပဲစစ်နိုင်မယ့်စက်ဖြစ်နေသေးတယ် ၊ အဲ့ဒီအတွက်ပဲဆွေးနွေးတာပဲလေ များများစစ်နိုင်မယ့် စက် အိတ်ခ် မော်ကြိုးလို့ခေါ်တဲ့စက်အဲဒါလိုနေသေးတယ် များများစစ်နိုင်အောင်လို့ ဝန်ကြီးဌာနကို လည်း တင်ပြထားပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်ရှားမီးကပြောသည်။

ကလေးမြို့တွင် ကိုဗစ် – ၁၉ ရောဂါပိုးစစ်ဆေးသည့်စက်မှာ ယခင်က မရှိသဖြင့် သံသယရှိလူနာများအား စမ်းသပ်စစ်ဆေး လိုပါက Swab Test ယူပြီး ရန်ကုန်သို့ ပို့ဆောင်လေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတကျော့ပြန်မြင့်တက်လာသည့်ကိစ္စအပေါ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကလေးမြို့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နေ့မနက်ပိုင်း ကလေးခရိုင်ပြန်ဆက်ရုံးတွင် ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သတ်ပြီး ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြကြောင်း ဒေါ်ရှားမီး ထံမှ သိရသည်။

ကလေးမြို့ပြည်သူလွတ်တော်ကိုယ်စာလှယ် ဒေါ်ရှားမီး က “ COVID-19 ထိန်းချုပ်ရေးကော်မတီ တွေကတော့ ကလေးတ နယ်လုံးမှာရှိတဲ့ ကွာရန်တင်းထားတဲ့နေရာတွေမှာ ဘာတွေအခက်အခဲရှိလဲ ၊ ပြီးတော့ PPE ဝတ်စုံတွေဘယ်လောက်ထိရှိသေးလဲ၊ ဘာတွေနောက်ထပ်လိုအုံးမလဲ ၊ ဝန်ကြီးဌာ နကလဲ ဘာတွေပေါင်းစပ်ပြီးတော့ တင်ပြတောင်းဆိုမလဲ ၊ ဓာတ်ခွဲနမှုနာလည်း ဒီမှာ ဓာတ်ခွဲစမ်းသပ်လို့ ရအောင်လို့ ဝန်ကြီးဌာနကလည်းဘာတွေေ တာင်းဆိုရမလဲဆို တဲ့အပိုင်းလေးတွေ ဆွေးနွေးတာပါ။” ဟုပြောသည်။

ယခုလက်ရှိ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၃) ဦးရှိနေသော်လည်း ထိန်းချုပ်နိုင်သည့် အဆင့်ဖြစ်သဖြင့် ခရီသည် ယာဉ်လိုင်း ပြေးဆွဲမှုပိတ်ပင်ခြင်းမရှိသေးကြောင်း ဒေါ်ရှားမီးကပြောသည်။

ကလေးမြို့တွင် Community Based Facility Quarantine Center (၄၄) ခုဖွင့်ထားပြီး Quarantine စခန်းဝင်ရောက်သူ ပြည်ပမှပြန်လာသူ ကျား(၆၁) ဦး ၊ မ(၅၅) ဦးစုစုပေါင်း (၁၆၆) ဦးနှင့် ပြည်တွင်း Stay at Home ဒေသမှပြန်ဝင်လာသူ ကျား (၅၉) ဦး ၊ မ(၇၂) ၊ဦးစုစုပေါင်း (၁၃၁) ဦးဖြစ်ပြီး တိုင်းရင်းဆေးရုံတွင် ကိုဗစ်-၁၉ ပိုးတွေအတည်ပြုလူနာ(၃)ဦးဆေး ကုသမှုခံယူလျက်ရှိသည်။ (Photo- ကလေး ပြန်/ဆက်)

#Zawgyi

By ႏွင္းႏွင္း – စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါပိုး မ်ားမ်ားစစ္ေဆးႏိုင္မည့္ စက္ထားရွိနိုင္ရန္ က်န္းမာေရး ဝန္ႀကီးဌာနထံ ေတာင္းဆိုထားေၾကာင္း ကေလးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စာလွယ္ ေဒၚရွားမီးကေျပာသည္။ 

“စက္ကေလ တစ္ပတ္ကို ၁ဝ ေယာက္ေလာက္ပဲစစ္နိုင္မယ့္စက္ျဖစ္ေနေသးတယ္ ၊ အဲ့ဒီအတြက္ပဲေဆြးေႏြးတာပဲေလ မ်ားမ်ားစစ္နိုင္မယ့္ စက္ အိတ္ခ္ ေမာ္ႀကိဳးလို႔ေခၚတဲ့စက္အဲဒါလိုေနေသးတယ္ မ်ားမ်ားစစ္နိုင္ေအာင္လို႔ ဝန္ႀကီးဌာနကို လည္း တင္ျပထားပါတယ္”ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စာလွယ္ ေဒၚရွားမီးကေျပာသည္။ 

ကေလးၿမိဳ႕တြင္ ကိုဗစ္ – ၁၉ ေရာဂါပိုးစစ္ေဆးသည့္စက္မွာ ယခင္က မရွိသျဖင့္ သံသယရွိလူနာမ်ားအား စမ္းသပ္စစ္ေဆး လိုပါက Swab Test ယူၿပီး ရန္ကုန္သို႔ ပို႔ေဆာင္ေလ့ရွိေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မႈတေက်ာ့ျပန္ျမင့္တက္လာသည့္ကိစၥအေပၚ ႀကိဳတင္ကာကြယ္ႏုိင္ရန္အတြက္ ကေလးၿမိဳ႕ ကိုဗစ္-၁၉ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးညႇိႏွိုင္းအစည္းအေဝးကို စက္တင္ဘာ ၁၇ ရက္ေန႔မနက္ပိုင္း ကေလးခရိုင္ျပန္ဆက္႐ုံးတြင္ က်င္းပခဲ့ၿပီး အဆိုပါေဆြးေႏြးပြဲတြင္ ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ပတ္သတ္ၿပီး ေဆာင္ရြက္ထားရွိမႈမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း ေဒၚရွားမီး ထံမွ သိရသည္။ 

ကေလးၿမိဳ႕ျပည္သူလြတ္ေတာ္ကိုယ္စာလွယ္ ေဒၚရွားမီး က “ COVID-19 ထိန္းခ်ဳပ္ေရးေကာ္မတီ ေတြကေတာ့ ကေလးတ နယ္လုံးမွာရွိတဲ့ ကြာရန္တင္းထားတဲ့ေနရာေတြမွာ ဘာေတြအခက္အခဲရွိလဲ ၊ ၿပီးေတာ့ PPE ဝတ္စုံေတြဘယ္ေလာက္ထိရွိေသးလဲ၊ ဘာေတြေနာက္ထပ္လိုအုံးမလဲ ၊ ဝန္ႀကီးဌာ နကလဲ ဘာေတြေပါင္းစပ္ၿပီးေတာ့ တင္ျပေတာင္းဆိုမလဲ ၊ ဓာတ္ခြဲနမႈနာလည္း ဒီမွာ ဓာတ္ခြဲစမ္းသပ္လို႔ ရေအာင္လို႔ ဝန္ႀကီးဌာနကလည္းဘာေတြေ တာင္းဆိုရမလဲဆို တဲ့အပိုင္းေလးေတြ ေဆြးေႏြးတာပါ။” ဟုေျပာသည္။ 

ယခုလက္ရွိ ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳလူနာ (၃) ဦးရွိေနေသာ္လည္း ထိန္းခ်ဳပ္နိုင္သည့္ အဆင့္ျဖစ္သျဖင့္ ခရီသည္ ယာဥ္လိုင္း ေျပးဆြဲမႈပိတ္ပင္ျခင္းမရွိေသးေၾကာင္း ေဒၚရွားမီးကေျပာသည္။

ကေလးၿမိဳ႕တြင္ Community Based Facility Quarantine Center (၄၄) ခုဖြင့္ထားၿပီး Quarantine စခန္းဝင္ေရာက္သူ ျပည္ပမွျပန္လာသူ က်ား(၆၁) ဦး ၊ မ(၅၅) ဦးစုစုေပါင္း (၁၆၆) ဦးႏွင့္ ျပည္တြင္း Stay at Home ေဒသမွျပန္ဝင္လာသူ က်ား (၅၉) ဦး ၊ မ(၇၂) ၊ဦးစုစုေပါင္း (၁၃၁) ဦးျဖစ္ၿပီး တိုင္းရင္းေဆး႐ုံတြင္ ကိုဗစ္-၁၉ ပိုးေတြအတည္ျပဳလူနာ(၃)ဦးေဆး ကုသမႈခံယူလ်က္ရွိသည္။ (Photo- ကေလး ျပန္/ဆက္)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.