• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကေလးၿမိဳ႕တြင္ ကုိဗစ္လူနာ (၉) ဦးထပ္မံေတြ႔ရွိ

ကေလးၿမိဳ႕တြင္ ကုိဗစ္လူနာ (၉) ဦးထပ္မံေတြ႔ရွိ

0
By Editor on October 2, 2020 Khonumthung

#Unicode

By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ယမန်နေ့ညက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည့် လူနာသစ်( ၉ ) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကလေးမြ်ို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကပြောသည်။

ကလေးမြို့တွင် ကွာရင်တင်းဝင်နေသည့် သံသယလူနာများထဲမှ စက်တင်ဘာလ ၂၉ ရက်နေ့က ၈၆ ဦး၊ စက်တင်ဘာလ ၃၀ ရက်နေ့က ၅၆ ဦး စုစုပေါင်း အယောက် ၁၀၀ ကျော်၏ SWAB နမူနာများအား စစ်ဆေးခဲ့ရာမှ ရောဂါကူးစက်ခံရသူ (၉) ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဒီတရုတ်ကနေပြန်လာတဲ့တဦးကနေကူးတာလား ၊ ကံကြီးရွာနှစ်ဦးကနေကူးတာလား ၊ ဒီစမ်းမြို့ ရပ်ကွက်က ၁ရနှစ်သမီးအရွယ်ကနေစကူးတာလားဆိုတာ ကျမတို့အတိအကျမပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကားအတူစီးလာတဲ့ အတွက် ၁ရနှစ်သမီးကနေပြီးတော့ ကားထဲကနေကူးလာ တာလားဆိုတာ ဆုံစမ်းနေတယ်။ ကျမတို့ကလည်းဒီပိုးကို မမြင်ရတဲ့ပိုးဆိုတော့လေ ။ ဒီစမ်းမြို့ရပ်ကွက်ကတော့ ၁ရနှစ်သမီးဆီကနေ ပြန့်သွားတဲ့သဘောရှိတယ်” ဟု ဒေါ်ရှားမီး ကပြောသည်။

အသစ် ထပ်မံတွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ လူနာ (၉) ဦးအနက် (၈) ဦးမှာ စမ်းမြို့ရပ်ကွက်ကဖြစ်ပြီး လက်ရှိအချိန်ထိ စမ်းမြို့ရပ်ကွက်တွင် တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀ ဦးထိရှိပြီဖြစ်ကာ လက်ပံချောင်းကျေးရွာမှ ၁ဦး နှင့် နတ်ချောင်းကျေးရွာမှ ၁ဦး ထည့်တွက်ပါက လက်ရှိတွင် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၂၂ ဦးရှိပြီဖြစ်သည်။

လက်ရှိတွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၂၂) ဦးထိရှိနေသည့် စမ်းမြို့ရပ်ကွက်ကို Stay at home ဒေသအဖြစ် သတ်မှတ် ထားပြီး ရပ်ကွက်နေပြည်သူများအနေဖြင့် အရေးကြီးမှသာ အိမ်ပြင်ထွက်ရန် ၊ Home Quarantine ဝင်နေသူများအနေဖြင့် လည်း မည်သူနှင့်မျှ ထိစပ် ဆက်ဆံတာမျိုးမပြုလုပ်ရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

ကလေးမြို့ရှိ ကလေးတက္ကသိုလ် CBFQ Centre တွင် နိုင်ငံခြားပြန်နှင့် ပြည်တွင်းပြန် ကွာရန်တင်းဝင်နေသူ (၂၀၀) ကျော်ရှိပြီး ကလေးမြို့ ကိုဗစ် (Second Wave) တွင် ပိုးတွေ့လူနာ (၂၅) ဦးထိရှိခဲဲ့ပြီး ( ၃ ) ဦးမှာ ဆေးရုံမှ ဆင်းခဲ့ပြီးဖြစ်သည်။

#Zawgyi

By ႏွင္းႏွင္း – စစ္ကုိင္းတုိင္းေဒသၾကီး ကေလးၿမိဳ႕တြင္ ယမန္ေန႔ညက ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံရသည့္ လူနာသစ္( ၉ ) ဦးထပ္မံေတြ႔ရွိခ့ဲေၾကာင္း ကေလးၿမ္ိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရွားမီးကေျပာသည္။

ကေလးၿမိဳ႕တြင္ ကြာရင္တင္း၀င္ေနသည့္ သံသယလူနာမ်ားထဲမွ စက္တင္ဘာလ ၂၉ ရက္ေန႔က ၈၆ ဦး၊ စက္တင္ဘာလ ၃၀ ရက္ေန႔က ၅၆ ဦး စုစုေပါင္း အေယာက္ ၁၀၀ ေက်ာ္၏ SWAB နမူနာမ်ားအား စစ္ေဆးခဲ့ရာမွ ေရာဂါကူးစက္ခံရသူ (၉) ဦး ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

“ဒီတရုတ္ကေနျပန္လာတဲ့တဦးကေနကူးတာလား ၊ ကံၾကီးရြာႏွစ္ဦးကေနကူးတာလား ၊ ဒီစမ္းျမဳိ႕ ရပ္ကြက္က ၁၇ႏွစ္သမီးအရြယ္ကေနစကူးတာလားဆုိတာ က်မတုိ႔အတိအက်မေျပာႏုိင္ဘူး။ ဘာလုိ႔လဲဆုိေတာ့ ကားအတူစီးလာတဲ့ အတြက္ ၁၇ႏွစ္သမီးကေနျပီးေတာ့ ကားထဲကေနကူးလာ တာလားဆုိတာ ဆံုစမ္းေနတယ္။ က်မတုိ႔ကလည္းဒီပုိးကုိ မျမင္ရတဲ့ပုိးဆုိေတာ့ေလ ။ ဒီစမ္းျမိဳ႕ရပ္ကြက္ကေတာ့ ၁၇ႏွစ္သမီးဆီကေန ျပန္႔သြားတဲ့သေဘာရွိတယ္။” ဟု ေဒၚရွားမီး ကေျပာသည္။

အသစ္ ထပ္မံေတြ႕ရွိခဲ့သည့္ ကိုဗစ္-၁၉ လူနာ (၉) ဦးအနက္ (၈) ဦးမွာ စမ္းၿမိဳ႕ရပ္ကြက္ကျဖစ္ၿပီး လက္ရွိအခ်ိန္ထိ စမ္းျမဳိ႕ရပ္ကြက္တြင္ ေတြ႕ရွိခဲ့သည့္ ကိုဗစ္-၁၉ ပိုးေတြ႔လူနာ ၂၀ ဦးထိရွိၿပီျဖစ္ကာ လက္ပံေခ်ာင္းေက်းရြာမွ ၁ဦး ႏွင့္ နတ္ေခ်ာင္းေက်းရြာမွ ၁ဦး ထည့္တြက္ပါက လက္ရွိတြင္ ကေလးျမဳိ႕နယ္အတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္ခံထားရသူ ၂၂ ဦးရွိၿပီျဖစ္သည္။

လက္ရွိတြင္ ကိုဗစ္-၁၉ပိုးေတြ႔လူနာ (၂၂) ဦးထိရွိေနသည့္ စမ္းျမဳိ႕ရပ္ကြက္ကုိ Stay at home ေဒသအျဖစ္ သတ္မွတ္ ထားၿပီး ရပ္ကြက္ေနျပည္သူမ်ားအေနျဖင့္ အေရးၾကီးမွသာ အိမ္ျပင္ထြက္ရန္ ၊ Home Quarantine ဝင္ေနသူမ်ားအေနျဖင့္ လည္း မည္သူနွင့္မ်ွ ထိစပ္ ဆက္ဆံတာမ်ဳိးမျပဳလုပ္ရန္ သတ္မွတ္ေပးထားေၾကာင္း သိရသည္။

ကေလးျမဳိ႕ရွိ ကေလးတကၠသုိလ္ CBFQ Centre တြင္ ႏုိင္ငံျခားျပန္ႏွင့္ ျပည္တြင္းျပန္ ကြာရန္တင္းဝင္ေနသူ (၂၀၀) ေက်ာ္ရွိျပီး ကေလးျမဳိ႕ ကုိဗစ္ (Second Wave) တြင္ ပုိးေတြ႔လူနာ (၂၅) ဦးထိရွိခဲ့ဲျပီး ( ၃ ) ဦးမွာ ေဆးရုံမွ ဆင္းခဲ့ျပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.