• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»က်ပ္သန္း (၆၀) ေက်ာ္အကုန္က်ခံ၍ အျမင့္ေပ (၇၅) ရွိမည့္ လြတ္လပ္ေရးေက်ာက္တိုင္ ဟားခါးတြင္စိုက္ထူမည္

က်ပ္သန္း (၆၀) ေက်ာ္အကုန္က်ခံ၍ အျမင့္ေပ (၇၅) ရွိမည့္ လြတ္လပ္ေရးေက်ာက္တိုင္ ဟားခါးတြင္စိုက္ထူမည္

0
By Editor on July 2, 2020 Headline

#Zawgyi

By လားႏြန္  – ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ ခုစီလိုဘိုပန္းျခံတြင္ အျမင့္ေပ (၇၅) ရွိမည့္ လြတ္လပ္ေရးေက်ာက္တိုင္ကို က်ပ္ေငြသန္း (၆၀) ေက်ာ္ အကုန္အက်ခံၿပီး စိုက္ထူသြားမည္ဟု သိရသည္။ 

ခ်င္းျပည္နယ္ စည္ပင္သာယာေရးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေငြလံုးေငြရင္း (GRF) ခြင့္ျပဳရန္ပံုေငြက်ပ္သန္း (၅၀)၊ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေငြလံုးေငြရင္းခြင့္ျပဳရန္ပံုေငြ က်ပ္ ၁၁.၆ သန္း စုစုေပါင္းက်ပ္ ၆၁.၆ သန္းျဖင့္ အဆိုပါ လြတ္လပ္ေရးေက်ာက္တိုင္ကို အေကာင္ထည္ေဖာ္ေဆာင္ရြက္ၾကမည္ဟု ဟားခါးၿမိဳ႕ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံ ေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံ ပြင့္လင္းျမင္သာမႈႏွင့္ တာ၀န္ယူမႈ၊ တာ၀န္ခံမႈဆိုင္ရာ အရပ္ဘက္ မဟာမိတ္အဖြဲ႔ (Myanmar Alliance for Transparency and Accountability-MATA) ၏ ခ်င္းျပည္နယ္ တာ၀န္ခံ ကို Andrew Thatuang ကေတာ့ ခ်င္းျပည္နယ္တြင္ ယခုကဲ့သုိ႔ ေငြေၾကးအေျမာက္အမ်ားအကုန္က်ခံ၍ အထိမ္းအမွတ္ေက်ာက္တိုင္ မ်ား စိုက္ထူမည့္အစား ျပည္သူလူထုအတြက္ အမွန္တကယ္လုိအပ္ေနသည့္အရာမ်ားကိုသာ ျဖည့္ဆည္းေဆာင္ရြက္ ေပးသင့္ဟု ေ၀ဖန္ေထာက္ျပထားသည္။ 

“ခ်င္းျပည္နယ္ရဲ့အေျခအေနကိုၾကည့္မယ္ဆိုရင္ အဲဒီဟာက တကယ့္တကယ့္ ျပည္သူ႔လိုအပ္ခ်က္နဲ႔ တကယ္ေရာ ကိုက္ညီရဲ႕လား က်ေနာ္တို႔မွာ တစ္ခါခါက်ရင္ အဲဒီ Monument (အထိမ္းအမွတ္အေဆာက္အအံု၊ ေမာ္ကြန္းတိုင္၊ ရုပ္တု) ေတြကို အရမ္းဦးစားေပးၾကတယ္၊ အဲဒါေတြက တကယ္တမ္းလိုအပ္ေနတဲ့ ကိစၥဟုတ္လို႔လား၊ ခ်င္းျပည္နယ္က ဘတ္ဂ်က္ေတြပိုလွ်ံေနလို႔ လုပ္တယ္ဆိုရင္ေတာ့ ကိစၥမရွိဘူး၊ ဒါေပမယ့္ ျပည္ေထာင္စု ဘတ္ဂ်က္ကို မွီခိုေနရတာေၾကာင့္ ျပည္သူလူထုအတြက္ အမွန္တကယ္လိုအပ္ခ်က္ ကိုသာျဖည့္ဆည္းလုပ္ေဆာင္သင့္ပါတယ္’’ ဟု ကို Andrew ကေျပာသည္။ 

လြတ္လပ္ေရးေက်ာက္တိုင္အတြက္ ကုန္က်မည့္ က်ပ္သန္း (၆၀) ေက်ာ္သည္ ခ်င္းျပည္နယ္ႏွင့္ ျပည္သူမ်ားအတြက္ အက်ဴိးျဖစ္ေစမည့္ တံတား၊ စာသင္ေက်ာင္းႏွင့္ ေက်းလက္က်န္းမာေရး ဌာနအေဆာက္အဦးမ်ား ေကာင္းေကာင္းေဆာက္လုပ္ႏုိင္သည့္ ပမာဏရွိၿပီး အထိမ္းအမွတ္ေက်ာက္တိုင္မ်ားထက္ ျပည္သူမ်ား၏ အေျခခံလိုအပ္ခ်က္မ်ားတြင္ အသံုးျပဳသင့္သည္ဟု ၎ကဆက္ေျပာသည္။ 

အျမင့္ (၇၅) ေပ၊ အခ်င္း (၁၄) ေပရွိမည့္ ယင္းလြတ္လပ္ေရးေက်ာက္တိုင္စီမံကိန္းကို ခ်င္းကာလီလီကုမၸဏီမွ တာ၀န္ယူ တည္ေဆာက္သြားမည္ျဖစ္ၿပီး ဇူလိုင္လမွ စက္တင္ဘာလအထိ ၃ လအတြင္းအၿပီးတည္ေဆာက္မည္ဟု သိရသည္။ 

လြတ္လပ္ေရးေက်ာက္တုိင္ တည္ေဆာက္ေရးလုပ္ငန္းစတင္ႏုိင္ရန္အတြက္ ယေန႔နံနက္ပုိင္းက ခ်င္းျပည္နယ္ ၀န္ႀကီးခ်ဴပ္ ၏ ဦးေဆာင္မႈျဖင့္ အုတ္ျမစ္ခ်မဂၤလာအခမ္းအနားျပဳလုပ္ခဲ့ၾကသည္။

#Unicode

By လားနွန်  – ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် အမြင့်ပေ (၇၅) ရှိမည့် လွတ်လပ်ရေးကျောက်တိုင်ကို ကျပ်ငွေသန်း (၆၀) ကျော် အကုန်အကျခံပြီး စိုက်ထူသွားမည်ဟု သိရသည်။ 

ချင်းပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (GRF) ခွင့်ပြုရန်ပုံငွေကျပ်သန်း (၅၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆ သန်း စုစုပေါင်းကျပ် ၆၁.၆ သန်းဖြင့် အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို အကောင်ထည်ဖော်ဆောင်ရွက်ကြမည်ဟု ဟားခါးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability-MATA) ၏ ချင်းပြည်နယ် တာဝန်ခံ ကို Andrew Thatuang ကတော့ ချင်းပြည်နယ်တွင် ယခုကဲ့သို့ ငွေကြေးအမြောက်အများအကုန်ကျခံ၍ အထိမ်းအမှတ်ကျောက်တိုင် များ စိုက်ထူမည့်အစား ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်နေသည့်အရာများကိုသာ ဖြည့်ဆည်းဆောင်ရွက် ပေးသင့်ဟု ဝေဖန်ထောက်ပြထားသည်။ 

“ချင်းပြည်နယ်ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် အဲဒီဟာက တကယ့်တကယ့် ပြည်သူ့လိုအပ်ချက်နဲ့ တကယ်ရော ကိုက်ညီရဲ့လား ကျနော်တို့မှာ တစ်ခါခါကျရင် အဲဒီ Monument (အထိမ်းအမှတ်အဆောက်အအုံ၊ မော်ကွန်းတိုင်၊ ရုပ်တု) တွေကို အရမ်းဦးစားပေးကြတယ်၊ အဲဒါတွေက တကယ်တမ်းလိုအပ်နေတဲ့ ကိစ္စဟုတ်လို့လား၊ ချင်းပြည်နယ်က ဘတ်ဂျက်တွေပိုလျှံနေလို့ လုပ်တယ်ဆိုရင်တော့ ကိစ္စမရှိဘူး၊ ဒါပေမယ့် ပြည်ထောင်စု ဘတ်ဂျက်ကို မှီခိုနေရတာကြောင့် ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်ချက် ကိုသာဖြည့်ဆည်းလုပ်ဆောင်သင့်ပါတယ်’’ ဟု ကို Andrew ကပြောသည်။ 

လွတ်လပ်ရေးကျောက်တိုင်အတွက် ကုန်ကျမည့် ကျပ်သန်း (၆၀) ကျော်သည် ချင်းပြည်နယ်နှင့် ပြည်သူများအတွက် အကျိူးဖြစ်စေမည့် တံတား၊ စာသင်ကျောင်းနှင့် ကျေးလက်ကျန်းမာရေး ဌာနအဆောက်အဦးများ ကောင်းကောင်းဆောက်လုပ်နိုင်သည့် ပမာဏရှိပြီး အထိမ်းအမှတ်ကျောက်တိုင်များထက် ပြည်သူများ၏ အခြေခံလိုအပ်ချက်များတွင် အသုံးပြုသင့်သည်ဟု ၎င်းကဆက်ပြောသည်။ 

အမြင့် (၇၅) ပေ၊ အချင်း (၁၄) ပေရှိမည့် ယင်းလွတ်လပ်ရေးကျောက်တိုင်စီမံကိန်းကို ချင်းကာလီလီကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်းအပြီးတည်ဆောက်မည်ဟု သိရသည်။ 

လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ရေးလုပ်ငန်းစတင်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ချင်းပြည်နယ် ဝန်ကြီးချူပ် ၏ ဦးဆောင်မှုဖြင့် အုတ်မြစ်ချမင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.