ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၂ ဦးထပ်မံသေဆုံး

0

မာဂရက် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ဇွန်လ ၃ရက် ယနေ့နံနက် ၇ နာရီနှင့် ၉ နာရီကျော်ကျော်ခန့်က ကိုဗစ်-၁၉ ရောဂါဖြင့် အသက် ၅၂ အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ​ရှေ့ဆင့်နောက်ဆင့် ထပ်မံသေဆုံးသည်ဟု သိရသည်။

“မနက် ၇ နာရီမှာဆုံးတာ အမျိုးသား သိက္ခာတော်ရဆရာ အသက် ၅၂ နှစ်အရွယ်၊ ၉ နာရီကျော်ကျော်လောက်မှာ အမျိုးသမီးတစ်ယောက်ထပ်ဆုံးတယ်၊ ဆေးရုံတက်တဲ့ ထဲကပဲ၊ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တယ် ကျီးခါးကပဲ၊ အသုဘကဒီနေ့ပဲ သဂြိုလ်မဲ့နေရာ၊ အုတ်ဂူတွေပြီးလို့ရှိရင်တခါထဲမြုပ်မယ်၊ အိမ်မှာလည်း မပို့ခိုင်းဘူး ဆေးရုံရင်ခွဲရုံကနေပဲ မြုပ်မယ် ” ဟု ကျီခါးမြို့ခံတစ်ဦးကပြောသည်။

ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄ ဦးရှိသွားပြီဖြစ်သည်။

Share.

About Author

Leave A Reply