Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခမ္းပတ္ေညာင္ပင္ ေက်ာက္စာတုိင္ကို စစ္ကိုင္းတိုင္းအစိုးရျပန္ဖ်က္ခိုင္း

ခမ္းပတ္ေညာင္ပင္ ေက်ာက္စာတုိင္ကို စစ္ကိုင္းတိုင္းအစိုးရျပန္ဖ်က္ခိုင္း

0
By Editor on February 17, 2020 Headline

Zawgyi

စစ္ကို္င္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္၊ သမုိင္း၀င္ခမ္းပတ္ေညာင္ပင္ေအာက္တြင္ စိုက္ထူထားသည့္ ေက်ာက္စာတိုင္ကို စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ ဖ်က္သိမ္းခိုင္းသည့္အတြက္ ေဖေဖာ္၀ါရီလ (၁၃) ရက္ေန႔က ျပန္လည္ျဖိဳဖ်က္လိုက္ သည္ဟု သိရသည္။

ေက်ာက္စာတိုင္စိုက္ထူသည့္ကိစၥႏွင့္ပတ္သက္၍ ခမ္းပတ္ၿမိဳ႕ အမွတ္ (၅) ရပ္ကြက္တြင္ေနထိုင္ၾကေသာ ဗမာတိုင္းရင္းသားမ်ားက မေက်နပ္သျဖင့္ ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴးထံတိုင္ၾကားၿပီး ယင္းမွတဆင့္ တိုင္းအစိုးရအဖြဲ႔ထံ ေရာက္ရွိသြားၿပီးေနာက္ ဇန္န၀ါရီလ (၂၈) ရက္ေန႔က က်င္းပျပဳလုပ္ေသာ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႔အစည္းအေ၀း က ေက်ာက္စာတိုင္ကို ျပန္လည္ဖယ္ရွားရန္ ဆံုးျဖတ္ခဲ့ၾကသည္ဟု ခမ္းပါတ္ေညာင္ပင္ထိန္းသိမ္းေရးေကာ္ မတီထံမွသိရသည္။

ခမ္းပတ္ေညာင္ပင္ထိန္းသိမ္းေစာင့္ေရွာက္ေရးေကာ္မတီ ဥကၠဌ Pu B.H Khuma က “ခမ္းပါတ္ၿမိဳ႕ ေထြအုပ္ကေန ဒီလ (၁၁) ရက္ေန႔က က်ေနာတို႔ကိုေခၚပါတယ္၊ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႔ရဲ့ အစည္းအေ၀းဆံုးျဖတ္ခ်က္အရ ေက်ာက္စာတိုင္ကိုျပန္ဖ်က္ဖို႔ တမူးခရိုင္အုပ္ခ်ဴပ္ေရးမွဴးထံ အေၾကာင္းၾကားလာတယ္ဆိုၿပီး ေျပာပါတယ္ က်ေနာ္တို႔ေကာ္မတီအတြင္းမွာလည္း ျပန္လည္တိုင္ပင္ၾကၿပီးေတာ့ အျငင္းပြားမႈျပသာနာေတြျဖစ္လာမယ့္အစား အစိုးရရဲ့ အမိန္႔ကို နာခံၾကတာေကာင္းပါတယ္ဆိုၿပီး စည္ပင္ဦးစီးမွဴးကလည္း တျခားျပန္လုပ္လို႔ရပါတယ္ဆိုၿပီးေျပာတာေၾကာင့္ က်ေနာ္တို႔ကိုယ္တိုင္ သြားေရာက္ဖ်က္ၾကပါတယ္’’ ဟု ေျပာသည္။

ခမ္းပတ္အမွတ္ (၅) ရပ္ကြက္တြင္ေနထိုင္ၾကသည့္ ဗမာတိုင္းရင္းသား ၁၂၈ ဦးက လက္မွတ္ေရးထိုး၍ ခ်င္း (လူရႈိင္း) နာမည္ျဖင့္ ေက်ာက္စာတိုင္စိုက္ထူမႈသည္ လူမ်ဴိးျခားအေနျဖင့္ ေက်နပ္မႈမရွိေၾကာင္း၊ ေက်ာက္စာတိုင္ကို စစ္ကိုင္းတိုင္းေဒသႀကီး ၀န္ႀကီးခ်ဴပ္မွဖြင့္လွစ္ေပးေၾကာင္း ေရးသားေျပာဆိုမႈမွာလည္း မွန္ကန္မႈမရွိေၾကာင္း ေက်ာက္တိုင္ဖြင့္လွစ္သည့္ေန႔တြင္လည္း ၀န္ႀကီးခ်ဴပ္တက္ေရာက္ျခင္းမရွိေၾကာင္းစသည္ျဖင့္ တိုင္ၾကားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါခမ္းပတ္ေညာင္ပင္ေက်ာက္စာတိုင္ကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ႏို၀င္ဘာလ (၂၂) ရက္ေန႔က က်င္းပျပဳလုပ္ေသာ ခမ္းပါတ္ေညာင္ပင္ပြဲေတာ္(Bungpui Kut) တြင္ စစ္ကိုင္းတိုင္းခ်င္းေရးရာ၀န္ႀကီး ဦးလာလ္ေထာင္းထန္ ႏွင့္ ကေလးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚရွားမီးတို႔က ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္သည္။

ယခုကဲ့သို႔ ေက်ာက္စာတိုင္ျပန္လည္ဖ်က္ခိုင္းသည့္ကိစၥႏွင့္သက္ၿပီး စစ္ကို္င္းတိုင္းခ်င္းေရးရာ၀န္ႀကီး ဦးလာလ္ေထာင္းထန္ က “ဗမာေတြက ကန္႔ကြက္ေတာ့ စာတင္တယ္ေလ ဒီလိုကန္႔ကြက္မႈေတြရွိေတာ့ ခရိုင္ကအဆင့္ဆင့္ စီစစ္တယ္ေလ၊ လူမ်ဴိးေရးနဲ႔ျဖစ္လာတဲ့အခါက်ေတာ့ ျပသနာျဖစ္မွာစိုးလို႔ ျပန္ဖ်က္တာေနမွာေပါ့သူတို႔လည္း’’ ဟု ေျပာသည္။

ယင္းေက်ာက္တုိင္တြင္ ခ်င္းလူမ်ိဳးမ်ားသည္ တိဘက္-ျမန္မာ အႏြယ္ဝင္ျဖစ္ၿပီး ေအဒီ (၈) ရာစုခန႔္က အျခား တိဘက္ -ျမန္မာ လူမ်ိဳးမ်ားႏွင့္အတူ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ႏွင့္ တိဘက္၏အေရွ႕ေျမာက္ေဒသရွိ ခ်င္လုံအရပ္မွ ျမန္မာႏိုင္ငံအတြင္း ေရၾကည္ရာျမက္ႏုရာရွာေဖြရင္း ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း စုန္ဆင္းကာျမစ္၏ အေနာက္ဖက္ေတာင္တန္းေဒသမ်ားတြင္ ျပန႔္ႏွံ႔ေနထိုင္ၾကပါသည္။ ခ်င္း (လူရႈိင္း) လူမ်ိဳးႏြယ္စုမ်ားသည္ အေနာက္ဖက္ေတာင္တန္းေဒသမ်ားသို႔ မထြက္ခြာမီ ေအဒီ (၁၂၀၀) ဝန္းက်င္တြင္ ဤအရပ္၌ ေညာင္ပင္စိုက္ပ်ိဳးခဲ့ေၾကာင္း သမိုင္းသုေတသီမ်ား၏ေဖာ္ထုတ္ခ်က္အရ သိရွိရပါသျဖင့္ ဤေက်ာက္စာတိုင္ကို မွတ္တမ္းတင္စိုက္ထူအပ္ပါသည္ဟု ခ်င္း (လူရိႈင္း)၊ အဂၤလိပ္၊ ျမန္မာလို သံုးဘာသာနဲ႔ေရးသားထားၾကသည္။

သမိုင္းေၾကာင္းအရ ခ်င္း (လူရွိဳင္း) ဘိုးဘြားမ်ားသည္ လြန္ခဲ့ေသာ AD 1150 – 1200 ၀န္က်င္းခန္႔က ကေဘာ္ခ်ဴိင့္၀ွမ္း ေဒသတြင္ အေျခခ်ေနထိုင္ခဲ့ၾကၿပီး ခ်င္းေတာင္တန္းဘက္သို႔ ဆက္လက္မထြက္ခြါ ယခုခမ္းပါတ္ၿမိဳ႕၌ ေညာင္ပင္တစ္ပင္စိုက္ပ်ဴိးခဲ့ၾကၿပီး အကိုင္းအခက္မ်ားက ေျမႀကီးထိသည့္အခ်ိန္တြင္ ျပန္လည္စုစည္းၾကရန္ ရည္ရြယ္ခဲ့ၾကသည္ဟု သိရသည္။

Pu B.H Khuma က “က်ေနာ္တို႔ဘိုးဘြားေတြ စိုက္ထူခဲ့တဲ့ေညာင္ပင္ကို က်ေနာ္တို႔ ထိန္းသိမ္းျခင္းသာျဖစ္တယ္၊ ဘယ္တိုင္းရင္းသားလူမ်ဴိးမဆို မိမိတို႔ ဘိုးဘြားအေမြအႏွစ္ေတြ ထိန္းသိမ္းကာကြယ္ႏုိင္တယ္ဆိုၿပီး ဥပေဒမွာလည္းရွိပါတယ္၊ က်ေနာ္တို႔ရဲ့လုပ္ေဆာင္မႈမွာ အမွားမရွိလို႔ က်ေနာ္တို႔ယူဆတယ္၊ ဒီလို က်ေနာ္တို႔စိုက္ထူတဲ့ ေက်ာက္စာတိုင္ျပန္လည္ဖ်က္ဆီးခိုင္းတာဟာ လူမ်ဴိးတစ္မ်ဴိးအေပၚ မေလးစားတာ၊ အေလးမထားရာေရာက္တယ္လို႔ ယူဆတယ္၊ ဒါေၾကာင့္ အစားထိုးေက်ာက္တိုင္ျပန္မ စိုက္ေပးဘူးဆိုရင္ က်ေနာ္တို႔လည္း ေရွ႕ဆက္ၿပီးလုပ္သင့္တာလုပ္ေဆာင္သြားမယ္”ဟု ေျပာသည္။ အဆိုပါေညာင္ပင္ကို အိႏိၵယႏိုင္ငံအေရွ႕ေျမာက္ေဒသ မီဇိုရမ္ျပည္နယ္သူမ်ားလည္း မိမိတို႔ဘိုးဘြားမ်ား၏ သမိုင္းအေမြအႏွစ္တစ္ခုျဖစ္သည္ဟုဆိုကာ အလြန္တန္ဖိုးထားၾကၿပီး မီဇိုရမ္ျပည္နယ္ ၀န္ႀကီးခ်ဴပ္ကိုယ္တိုင္ကလည္း ယင္းေညာင္ပင္တည္တံ့ခိုင္ျမဲေရးအတြက္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ၾကရန္ ျမန္မာႏိုင္ငံအစိုးရကို အိႏိၵယအစိုးရမွ တဆင့္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ဘူးသည္။ မီဇိုရမ္အစိုးရအဖြဲ႔အႀကီးအကဲမ်ား၊ မီဇိုရမ္ျပည္သူမ်ား ျမန္မာႏုိင္ငံသို႔လာေရာက္သည့္အခါတိုင္းတြင္လည္း ခမ္းပါတ္ေညာင္ပင္ရွိရာသို႔ မျဖစ္မေန သြားေရာက္လည္ပတ္ေလ့ရွိၾကသည္။

Unicode

စစ်ကိ်ုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ သမိုင်းဝင်ခမ်းပတ်ညောင်ပင်အောက်တွင် စိုက်ထူထားသည့် ကျောက်စာတိုင်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖျက်သိမ်းခိုင်းသည့်အတွက် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က ပြန်လည်ဖြိုဖျက်လိုက် သည်ဟု သိရသည်။

ကျောက်စာတိုင်စိုက်ထူသည့်ကိစ္စနှင့်ပတ်သက်၍ ခမ်းပတ်မြို့ အမှတ် (၅) ရပ်ကွက်တွင်နေထိုင်ကြသော ဗမာတိုင်းရင်းသားများက မကျေနပ်သဖြင့် မြို့နယ်အုပ်ချူပ်ရေးမှူးထံတိုင်ကြားပြီး ယင်းမှတဆင့် တိုင်းအစိုးရအဖွဲ့ထံ ရောက်ရှိသွားပြီးနောက် ဇန်နဝါရီလ (၂၈) ရက်နေ့က ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး က ကျောက်စာတိုင်ကို ပြန်လည်ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ခမ်းပါတ်ညောင်ပင်ထိန်းသိမ်းရေးကော် မတီထံမှသိရသည်။

ခမ်းပတ်ညောင်ပင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ Pu B.H Khuma က “ခမ်းပါတ်မြို့ ထွေအုပ်ကနေ ဒီလ (၁၁) ရက်နေ့က ကျနောတို့ကိုခေါ်ပါတယ်၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကျောက်စာတိုင်ကိုပြန်ဖျက်ဖို့ တမူးခရိုင်အုပ်ချူပ်ရေးမှူးထံ အကြောင်းကြားလာတယ်ဆိုပြီး ပြောပါတယ် ကျနော်တို့ကော်မတီအတွင်းမှာလည်း ပြန်လည်တိုင်ပင်ကြပြီးတော့ အငြင်းပွားမှုပြသာနာတွေဖြစ်လာမယ့်အစား အစိုးရရဲ့ အမိန့်ကို နာခံကြတာကောင်းပါတယ်ဆိုပြီး စည်ပင်ဦးစီးမှူးကလည်း တခြားပြန်လုပ်လို့ရပါတယ်ဆိုပြီးပြောတာကြောင့် ကျနော်တို့ကိုယ်တိုင် သွားရောက်ဖျက်ကြပါတယ်’’ ဟု ပြောသည်။

ခမ်းပတ်အမှတ် (၅) ရပ်ကွက်တွင်နေထိုင်ကြသည့် ဗမာတိုင်းရင်းသား ၁၂၈ ဦးက လက်မှတ်ရေးထိုး၍ ချင်း (လူရှိုင်း) နာမည်ဖြင့် ကျောက်စာတိုင်စိုက်ထူမှုသည် လူမျိူးခြားအနေဖြင့် ကျေနပ်မှုမရှိကြောင်း၊ ကျောက်စာတိုင်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချူပ်မှဖွင့်လှစ်ပေးကြောင်း ရေးသားပြောဆိုမှုမှာလည်း မှန်ကန်မှုမရှိကြောင်း ကျောက်တိုင်ဖွင့်လှစ်သည့်နေ့တွင်လည်း ဝန်ကြီးချူပ်တက်ရောက်ခြင်းမရှိကြောင်းစသည်ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါခမ်းပတ်ညောင်ပင်ကျောက်စာတိုင်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က ကျင်းပပြုလုပ်သော ခမ်းပါတ်ညောင်ပင်ပွဲတော်(Bungpui Kut) တွင် စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန် နှင့် ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီးတို့က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကျောက်စာတိုင်ပြန်လည်ဖျက်ခိုင်းသည့်ကိစ္စနှင့်သက်ပြီး စစ်ကိ်ုင်းတိုင်းချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန် က “ဗမာတွေက ကန့်ကွက်တော့ စာတင်တယ်လေ ဒီလိုကန့်ကွက်မှုတွေရှိတော့ ခရိုင်ကအဆင့်ဆင့် စီစစ်တယ်လေ၊ လူမျိူးရေးနဲ့ဖြစ်လာတဲ့အခါကျတော့ ပြသနာဖြစ်မှာစိုးလို့ ပြန်ဖျက်တာနေမှာပေါ့သူတို့လည်း’’ ဟု ပြောသည်။

ယင်းကျောက်တိုင်တွင် ချင်းလူမျိုးများသည် တိဘက်-မြန်မာ အနွယ်ဝင်ဖြစ်ပြီး အေဒီ (၈) ရာစုခန့်က အခြား တိဘက် -မြန်မာ လူမျိုးများနှင့်အတူ တရုတ်နိုင်ငံ အနောက်မြောက်နှင့် တိဘက်၏အရှေ့မြောက်ဒေသရှိ ချင်လုံအရပ်မှ မြန်မာနိုင်ငံအတွင်း ရေကြည်ရာမြက်နုရာရှာဖွေရင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းကာမြစ်၏ အနောက်ဖက်တောင်တန်းဒေသများတွင် ပြန့်နှံ့နေထိုင်ကြပါသည်။ ချင်း (လူရှိုင်း) လူမျိုးနွယ်စုများသည် အနောက်ဖက်တောင်တန်းဒေသများသို့ မထွက်ခွာမီ အေဒီ (၁၂၀ဝ) ဝန်းကျင်တွင် ဤအရပ်၌ ညောင်ပင်စိုက်ပျိုးခဲ့ကြောင်း သမိုင်းသုတေသီများ၏ဖော်ထုတ်ချက်အရ သိရှိရပါသဖြင့် ဤကျောက်စာတိုင်ကို မှတ်တမ်းတင်စိုက်ထူအပ်ပါသည်ဟု ချင်း (လူရှိုင်း)၊ အင်္ဂလိပ်၊ မြန်မာလို သုံးဘာသာနဲ့ရေးသားထားကြသည်။

သမိုင်းကြောင်းအရ ချင်း (လူရှိုင်း) ဘိုးဘွားများသည် လွန်ခဲ့သော AD 1150 – 1200 ဝန်ကျင်းခန့်က ကဘော်ချိူင့်ဝှမ်း ဒေသတွင် အခြေချနေထိုင်ခဲ့ကြပြီး ချင်းတောင်တန်းဘက်သို့ ဆက်လက်မထွက်ခွါ ယခုခမ်းပါတ်မြို့၌ ညောင်ပင်တစ်ပင်စိုက်ပျိူးခဲ့ကြပြီး အကိုင်းအခက်များက မြေကြီးထိသည့်အချိန်တွင် ပြန်လည်စုစည်းကြရန် ရည်ရွယ်ခဲ့ကြသည်ဟု သိရသည်။

Pu B.H Khuma က “ကျနော်တို့ဘိုးဘွားတွေ စိုက်ထူခဲ့တဲ့ညောင်ပင်ကို ကျနော်တို့ ထိန်းသိမ်းခြင်းသာဖြစ်တယ်၊ ဘယ်တိုင်းရင်းသားလူမျိူးမဆို မိမိတို့ ဘိုးဘွားအမွေအနှစ်တွေ ထိန်းသိမ်းကာကွယ်နိုင်တယ်ဆိုပြီး ဥပဒေမှာလည်းရှိပါတယ်၊ ကျနော်တို့ရဲ့လုပ်ဆောင်မှုမှာ အမှားမရှိလို့ ကျနော်တို့ယူဆတယ်၊ ဒီလို ကျနော်တို့စိုက်ထူတဲ့ ကျောက်စာတိုင်ပြန်လည်ဖျက်ဆီးခိုင်းတာဟာ လူမျိူးတစ်မျိူးအပေါ် မလေးစားတာ၊ အလေးမထားရာရောက်တယ်လို့ ယူဆတယ်၊ ဒါကြောင့် အစားထိုးကျောက်တိုင်ပြန်မ စိုက်ပေးဘူးဆိုရင် ကျနော်တို့လည်း ရှေ့ဆက်ပြီးလုပ်သင့်တာလုပ်ဆောင်သွားမယ်”ဟု ပြောသည်။ အဆိုပါညောင်ပင်ကို အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သူများလည်း မိမိတို့ဘိုးဘွားများ၏ သမိုင်းအမွေအနှစ်တစ်ခုဖြစ်သည်ဟုဆိုကာ အလွန်တန်ဖိုးထားကြပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချူပ်ကိုယ်တိုင်ကလည်း ယင်းညောင်ပင်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် မြန်မာနိုင်ငံအစိုးရကို အိန္ဒိယအစိုးရမှ တဆင့် အကြိမ်ကြိမ်တောင်းဆိုခဲ့ဘူးသည်။ မီဇိုရမ်အစိုးရအဖွဲ့အကြီးအကဲများ၊ မီဇိုရမ်ပြည်သူများ မြန်မာနိုင်ငံသို့လာရောက်သည့်အခါတိုင်းတွင်လည်း ခမ်းပါတ်ညောင်ပင်ရှိရာသို့ မဖြစ်မနေ သွားရောက်လည်ပတ်လေ့ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.