စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ အမှတ် (၂) အထက်တန်းကျောင်းဝန်းတွင် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘူးဟု သိရသည်။
“မနေ့ည ဗုံးပေါက်ကွဲမှုကြောင့် လူတေ ထိခိုက်တာမရှိဘူး၊ ကျောင်းဆောင်လဲ ပျက်ဆီးတာ မရှိဘူး၊ အဲကျောင်းကတော့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်က ကျောင်းတက်တဲ့သူရှိတယ်၊ အခုတော့ ကျောင်းမတက်ရဲကြတော့ဘူး။ ကျောင်းမဖွင့်ခင်တုန်းက ကျောင်းမတက်ဖို့ ဝေစာတေလဲ အဲကျောင်းမှာ ကပ်တာတွေရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ခမ်းပတ်မြို့ အမှတ်(၂) ခြေခံအထက်တန်းကျောင်းသည် ကျောင်းတက်နှုန်း ၁၀၀% မှာ ၃၀% အထိ ရှိခဲ့တယ်လို့ သိရသည်။
ဗုံးပါက်ကွဲမှုနှင့်ပတ်သက်ပြီး ဘယ်အဖွဲ့မှ လာရောက်ဖောက်ခွဲကြောင်း သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။